TV ဖန်သားပြင်ပေါ်က အတွေးကို ၂၀၁၅ ရွေးကောက်ပွဲ ဆီရွှေ့ပြီး တွေးမိတယ်။ အခု လွှတ်တော်ကြီးထဲက အသင်းကတော့ အားလုံးသိကြတဲ့အတိုင်း ၂၀၁၅ ဖလားကို အရယူဖို့နည်းမျိုးစုံသုံး အကြံတွေထုတ်နေတယ်။ ပြိုင်ပွဲစည်းကမ်းကိုပြောင်းဖို့  PR ဆိုတာကြီးနဲ့သွေးတိုးစမ်းနေတယ်။
တစ်ကြိမ်ချန်ပီယံဖြစ်ဖူးလို့ နောက်တစ်ကြိမ်ထပ်ဖြစ်ရမယ်လို့ ထင်ထားရင်တော့ စပိန် အသင်းကိုသာကြည့်။
အိမ်ကွင်းမှာကစားတိုင်း ပရိသတ်ထဲက လက်ခုပ်သံကို အပိုင်တွက်လို့ဘယ်ရမလဲ။ ပြိုင် ပွဲရဲ့သဘာဝကိုက အရှုံးအနိုင်ရှိ ပြီးသား။ ဝင်ပြိုင်ကတည်းက နိုင်ချင်စိတ်ကြောင့် ပြိုင် တာမှန်ပေ မယ့် အရှုံးအတွက်လည်း အသင့် ပြင်ထားရမယ်။ အခုဟာက ရှုံးမှာ ကြောက်လို့ကာရင်းနဲ့ အမှား ပေါင်းစုံကျူးလွန်နေတာ အားလုံး အမြင်ပဲ။
တကယ်ဆိုရင် အမြဲနိုင် ချင်စိတ်ကိုခဏထားပြီး အသင်း ကို အကောင်းဆုံးပြင်ဆင် ရမှာ။ လုပ်ပုံလုပ်နည်းအဟောင်းတွေ ကိုပြင်။ အသင်းသားတွေရဲ့ စိတ်ဓာတ်တွေ ကိုပြင်။ ဥပမာ မန္တလေး ပဋိပက္ခမှာ လှုံ့ဆော်သူလူအုပ် ကြီးကိုမရှာဘဲ မန္တလေးလူထု ကို ခြိမ်းခြောက်ပြီး နေ့ခင်းကြောင် တောင် မြို့လယ်ကောင်စစ်ယာဉ် တန်းတွေ ဟန်ရေးပြတဲ့အလုပ် မျိုးဟာ ၂၀၁၅ မှာအုပ်စုကနေ လှည့်ပြန်ရလိမ့်မယ်။
ဂျေလှသင်
http://www.7daydaily.com/
ကမ္ဘာပေါ်မှာရှိရှိသမျှ အား ကစားပြိုင်ပွဲတွေမှာ ဘောလုံးပွဲဟာ ပွဲကြည့်ပရိသတ်အများဆုံးနဲ့ ပွဲအဆူဆုံးပြိုင်ပွဲပါ။ မာရသွန်ပြိုင်ပွဲ၊ ဘတ်စကက်ဘောပြိုင်ပွဲတွေမှာ ပရိသတ်တွေ ဆူကြပူကြ၊ ရန်ဖြစ်ကြ။ ပျော်ကြ၊ ရွှင်ကြ၊ ငိုကြတာမတွေ့ရသလောက် နည်းခဲ့ပေမယ့် ဘောလုံးပွဲတွေကတော့ အားပေးသူပရိသတ်ကို အငြိမ်မနေနိုင်အောင်ကို စိတ်လှုပ်ရှားစေတတ်ပါတယ်။
အထူးသဖြင့် နိုင်ငံကိုကိုယ် စားပြုယှဉ်ပြိုင်ရတဲ့ ကမ္ဘာ့ဖလား ပွဲကို ကလပ်အသင်းပြိုင်ပွဲတွေ ထက် လူစိတ်ဝင်စားမှုပိုပါတယ်။ ပါဝင်ယှဉ်ပြိုင်ကြတဲ့အသင်းတွေ ဟာလည်းပဲ အနိုင်ယူနိုင်တဲ့ဂုဏ် ထက် ကိုယ့်နိုင်ငံအတွက် အနိုင် ယူပေးနိုင်တဲ့ ကိုယ်စားပြုမှုကို ပိုပြီးတန်ဖိုးထားကြပါတယ်။ ကလပ်မှာကစားစဉ် အတူတွဲဖော် ကစားဖော် တစ်သင်းတည်း သူငယ်ချင်းဟာ ကမ္ဘာ့ဖလားမှာတော့ အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ပြိုင်ဘက်လည်းဖြစ်တတ်ပါတယ်။
လေးနှစ်မှာတစ်ကြိမ်ကျင်းပ တဲ့ ကမ္ဘာ့ဖလားဘောလုံးချန်ပီယံ ပွဲဟာ ကမ္ဘာပေါ်က ဘောလုံးဝါ သနာရှင်တွေ ရင်ခုန်ရတဲ့ပြိုင်ပွဲ ပါ။ ကမ္ဘာအရှေ့ခြမ်းနဲ့အနောက် ခြမ်း နေ့နဲ့ညမတူလို့ ညအချိန် မတော်ကြီး TV ကနေတိုက်ရိုက် လွှင့်လည်းထကြည့်ကြတာပဲ။
ကိုယ်အားပေးတဲ့အသင်း ပင်နယ်တီ အပေးခံရတာမျိုး။ ကိုယ့်အသင်းရဲ့တိုက်စစ်မှူး အနီ ကတ်ပြအထုတ်ခံရတာမျိုး။ အနိုင်အရှုံးအဆုံးအဖြတ် ပင်နယ်တီကန်ချက်လွဲတာမျိုး အဲဒီလို ထင်မထားတာတွေတွေ့တဲ့အခါ နှလုံးရောဂါအခံရှိတဲ့ပရိသတ်တွေ ကြည့်နေရင်း အသက်ပါထွက်သွားတတ်တာလည်း အဲဒီ ကမ္ဘာ့ဖလားပါပဲ။
ကျွန်မ ကမ္ဘာ့ဖလားကိုစောင့် ကြည့်ရတာ သိပ်ကြိုက်ပါတယ်။ မိန်းမတန်မယ့်ဘောလုံးပွဲကို စွဲခဲ့တာလည်း အာဂျင်တီးနားရဲ့ ဘောလုံးသူရဲကောင်း မာရာဒိုနာ ကြောင့်ပါပဲ။ ၁၉၈၆ ကမ္ဘာ့ဖလား မှာ မိခင်နိုင်ငံအတွက် ချန်ပီယံ ဖလားကြီးကို ဆောင်ကြဉ်းပေးနိုင် စွမ်းတဲ့ အာဂျင်တီးနားအသင်း ခေါင်းဆောင်မာရာဒိုနာ။ ဂင်တို တို ခန္ဓာကိုယ်အချိုးအစား။ သူ့ ခြေထောက်ထဲ ဘောလုံးရောက် သွားရင် ဘယ်လိုတွန်းတိုက်ပြီးမှ လုလို့မရအောင် တောင့်တင်း ကျစ်လျစ်စွာ အလိမ်အခေါက် အပြေး သူမတူအောင်တော်တဲ့ တိုက်စစ်မှူး။ အဲဒီခေတ်ဘောလုံးပွဲသတင်းတွေမှာ သူ့ကို ‘ခြေထောက်နဲ့ဘောလုံးကို ကော်နဲ့ ကပ်ထားသလို’လို့တင်စားခဲ့ကြတယ်။
နောက်တော့ အီတလီ အသင်းရဲ့တိုက်စစ်မှူးအသင်းခေါင်းဆောင်ရောဘတ်တိုဘက်ဂီယို။ မင်းသားလိုစတိုင်ကျတဲ့ အင်္ဂလန်တိုက်စစ်စတားဒေးဗစ်ဘက် ခမ်း။ ဘရာဇီးအသင်းတောင့်တင်း စဉ်အခါက အတွဲညီညီနဲ့ပြိုင်ဘက် အသင်းတွေ ထိတ်လန့်ခဲ့ရတဲ့ အသင်းခေါင်းဆောင်ကာဖူး။ တိုက်စစ်မှူးရော်နယ်ဒို။ ရွှေဂိုးဖန်တီးရှင် ရော်နယ်ဒင်ဟို။ အဲဒီလို တစ်ယောက်တစ်မျိုးအစွမ်းအစတွေပိုင်ဆိုင်ထားတဲ့ ကမ္ဘာကျော် ဘောလုံးသမားတွေကို ကမ္ဘာ့ဖလားမှာတစုတဝေးတည်းမြင်ရ၊ ကြည့်ခွင့်ရတာကြောင့်လည်း အိပ်ရေးပျက်ပေမယ့် ကြည့်ရကျိုးနပ်ပါတယ်။ တစ်ဦးတစ်ယောက်ရဲ့ အစွမ်းကိုမှီခိုတဲ့အသင်းရှိသလို တစ်သင်းလုံးကောင်းတဲ့အသင်းမျိုးတွေလည်း ပါတတ်ပါတယ်။
ဒီနှစ် ၂၀၁၄ ကမ္ဘာ့ဖလားကို ဘရာဇီးနိုင်ငံမှာကျင်းပနေတာ ပြီးခါနီးပါပြီ။ ဘရာဇီးဟာ အိမ် ရှင်ဖြစ်ခွင့်ရတယ်ဆိုကတည်းက ကမ္ဘာ့ဖလားမှာ သမိုင်းကြောင်း ကောင်းထားတဲ့အသင်းတစ်သင်း ပါ။ ကမ္ဘာ့ဖလားကို ငါးကြိမ်တိုင် တိုင်အရယူနိုင်ခဲ့ပြီး ဒုတိယဆု တစ်ဆုလည်းရဖူးပါတယ်။ ဂန္ထ ဝင်ကစားသမားကြီးပီလီကိုမွေး ထုတ်ပေးခဲ့တဲ့ ဘရာဇီး။ ကမ္ဘာ့ ဖလားပြိုင်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံးစံချိန်ရှင် ရော်နယ်ဒိုရဲ့ မိခင်နိုင်ငံ။
အခုလည်း အသင်းခေါင်း ဆောင်သီယာဂိုဆေးဗားရဲ့ မောင်း နှင်မှုနဲ့ တိုက်စစ်မှူးနေမာ။ အော် စကာရူစတာဗို စတဲ့နောက်တန်း၊ အလယ်လူ၊ တိုက်စစ်တွေနဲ့ပြိုင် ဘက်အသင်းကို လှန့်နိုင်နေဆဲပါ ပဲ။ ဘယ်လိုပဲအိမ်ရှင်အသင်းမို့ အုပ်စုချောင်တယ်ပြောပြော အိမ် ကွင်းမှာ ဘရာဇီးအသင်းအနိုင်ရ ခဲ့တာ နှစ်ပေါင်းငါးဆယ်ကျော်ခဲ့ ပြီ။ ခြေမမီတဲ့အသင်းဆိုရင် ရှုံးထွက်ပွဲတော်မှာကတည်းက အရည်အချင်းတွေပေါ်ခဲ့ပြီပေါ့။ အခုအရေးကြီးတဲ့ပွဲတွေစမှ ဘရာဇီးရဲ့ကံကြမ္မာကတစ်မျိုးပြောင်းသွားခဲ့ရတယ်။ ကံဆိုးခဲ့ရတယ်။
အဓိကအသင်းခေါင်းဆောင်ပွဲပယ်ခံလိုက်ရတယ်။ အသင်းရဲ့ အားအထားရဆုံး တိုက်စစ်မှူး နေမာဒဏ်ရာရသွားတယ်။ လက် ကျန်ကမ္ဘာ့ဖလားပွဲတွေ ဆက် မကစားနိုင်တော့။ အကောင်းဆုံး လူတွေထုတ်။ အထိရောက်ဆုံး Line Up ဆွဲ။ အကျိုးရှိဆုံးနည်း ပရိယာယ်တွေနဲ့ ရေကုန်ရေခန်း ကစားရမယ့် ဆီမီးဖိုင်နယ်ပွဲကျမှ အားထားရတဲ့ကစားသမားတွေ မပါတော့တဲ့အတွက် ကျန်တဲ့ အသင်းသားတွေမှာ စိတ်ဓာတ်ရေးရာအရ စိုးရိမ်စိတ်များသွားခဲ့ တယ်။ အဲဒီကိုယ့်ကိုယ်ကိုယ် ယုံ ကြည်မှုနည်းခြင်းက ဘရာဇီး အသင်းကို ကောင်းကောင်းဒုက္ခ ပေးသွားတာ။ ကောင်းတဲ့အသင်းကြီးတွေနဲ့တွေ့တွေ့၊ အသင်း ခပ်ညံ့ညံ့လေးတွေနဲ့တွေ့တွေ့ တိုက် စစ်အားကို ဘယ်တော့မှချမပစ်တဲ့ ဂျာမနီနဲ့သွားတွေ့တဲ့အခါ တစ်ဂိုးဝင်ပြီးကတည်းက အမှားတွေဆက်တိုက်လုပ်မိတော့တယ်။ ဘရာဇီးနောက်တန်းရဲ့ပေါ့ဆမှု တွေနဲ့ ၁၀ မိနစ်အတွင်း လေးဂိုး အသွင်းခံလိုက်ရပြီးတဲ့အခါမှာတော့ တစ်သင်းလုံး စိတ်ဓာတ်တွေ ဆောက်တည်ရာမရဖြစ်ကုန် တယ်။ဘရာဇီးအသင်းရဲ့သမိုင်း တစ်လျှောက် အညံ့ဖျင်းဆုံး၊ အဆိုးရွားဆုံးကစားကွက်တွေပါပဲ။
ဘရာဇီးသတင်းစာတွေထဲ မှာ တညီတညွတ်တည်းရေးခဲ့ကြ တယ်။ ‘စိတ်အပျက်ရဆုံးပွဲ’‘သမိုင်း တွင် ရှက်စရာအကောင်းဆုံးပွဲ’ ဟုတ်တာပေါ့။ နှစ်တစ်ရာနီးပါး က ၁၉၂၀ ကမ္ဘာ့ဖလားမှာ ဥရုဂွေး ကိုရှုံးခဲ့တာတောင် (၆-၀)အခု ဂျာမနီကိုရှုံးရတာ (၇-၁)။ ကမ္ဘာ ကျော်အသင်းကြီးဘရာဇီးက တစ်ပွဲတည်းမှာပေးဂိုး (၇)ဂိုးနဲ့ မရှုမလှရှုံးခဲ့ရတယ်လေ။ ဇူလိုင် ၉ ရက် နံနက် ၂ နာရီမှာ ဘရာဇီး အသင်းကိုကြည့်ပြီး သင်ခန်းစာတွေတသီကြီးရလိုက်တယ်။
နောက်ဆုံးဂိုး အသွင်းခံ လိုက်ရလို့ ဂိုးသမားဆီဆာမြေ ကြီးပေါ် ဒူးထောက်ကျသွားတဲ့ အထိ ဘရာဇီးပရိသတ်ကြီးက နိုင်ငံတော်သီချင်းဆိုကြတုန်း။ ကျွန်မအတွေးထဲကို မြန်မာပြည် ဆီးဂိမ်းမြင်ကွင်းတွေ ပြန်ရောက်လာခဲ့တယ်။ အဲဒီလိုရင်ကွဲပုံမျိုး ကျွန်မတို့ခံစားခဲ့ဖူးတာ ဘာကြာသေးလို့လဲ။ နှစ်တောင်မကူးသေးဘူး။ ကွင်းထဲကပရိသတ်ကိုကျော်ပြီးဘရာဇီးပြည်သူတွေရဲ့ရင်ထဲကို လှမ်းကြည့်မိတယ်။ ကိုယ် မမှားဘဲနဲ့ အရှုံးတွေရလိုက်တဲ့ပွဲ။ ကိုယ့်ပယောဂမပါဘဲ ဝမ်းနည်း ကြေကွဲရတဲ့ပွဲ။
ဘရာဇီးနိုင်ငံဟာလည်း ကျွန်မတို့လိုစီးပွားကျနေတဲ့တိုင်းပြည်။ ပြည်သူ့ဘဏ္ဍာငွေတွေ ဒေါ်လာ (၁၃)ဘီလီယံနီးပါးသုံးပြီးကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲကြီးကိုဘရာဇီးပြည်သူတွေ သဘောမတူ လို့ထောင်နဲ့ချီပြီး ဆန္ဒပြခဲ့ကြသေး တယ်။ ပွဲကျင်းပနေစဉ်ကာလမှာ တောင် တံတားပြိုကျ၊ ရေတွေ ကြီးနဲ့ ဒုက္ခတွေရောက်နေကြသေးတယ်။ ကိုယ့်အသင်းက နောက်ဆုံးဗိုလ်လုပွဲလောက် ရောက်ခဲ့ရင်တော့ ကြုံခဲ့သမျှ ဒုက္ခတွေအပျော်နဲ့ဆေးကြောနိုင်တာပေါ့။ အခုတော့ ရလဒ်က ဒေါသ အဖြစ်ပြောင်းသွားတယ်။
ဆီးဂိမ်းမှာ ကျွန်မတို့ပေါက် ကွဲသလိုမျိုး ဘရာဇီးပြည်သူတွေ ရဲ့ဒေါသက လမ်းပေါ်ကဘတ် စကားတွေနဲ့ စတိုးဆိုင်တွေပေါ် ရောက်သွားတယ်။ ‘ကော်ဝါကာ ဘာနာ’ကမ်းခြေတစ်လျှောက် ဒေါသထွက်နေတဲ့လူအုပ်စုကြီး ဟာ ပုရွက်ဆိတ်အုံတုတ်နဲ့ထိုး လိုက်သလိုပဲ။ အဲဒီသောကရဲ့ ကူးစက်မှုဘယ်လောက်မြန်သလဲ ဆို ဘရာဇီးရဲစံချိန်တင်အရှုံး အကြောင်းပြောတာ အကြိမ် အရေအတွက် ၃၅ ဒသမ ၆ သန်း နဲ့ Twitter မှာ စံချိန်ချိုးသွားတယ်။
အရှုံးသမားဘရာဇီးက သင် ခန်းစာတွေပေးသွားတာ မနည်း မနောပါလား။ ခေါင်းဆောင် အပေါ် အားကိုးလွန်းတဲ့အသင်း။ တစ်ဦးချင်းစီရဲ့အရည်အချင်းကို တောင် တောက်ပြောင်အောင် လုပ်မထားတဲ့အသင်း။ တိုက်စစ်မှူးတစ်ဦးတည်းကို အားထားတဲ့အသင်း။ ဦးဆောင်သူလဲသွား တာနဲ့ ကမောက်ကမတွေဖြစ်။ တိုက်စစ်မှူးပြောင်းသွားတာနဲ့ ဂိုးသွင်းနိုင်သူမရှိ။ ဂိုးသွင်းဖို့၊ အနိုင်ရဖို့ သူများဂိုးပေါက်ကိုပဲ အာရုံစိုက်လွန်းတဲ့အခါ ကိုယ့်ဂိုးပေါက်ကြီးက ဟောင်း လောင်း။ အဲဒီလိုဟာကွက်တွေများလာခဲ့ရင် ခွက်ခွက်လန်ရှုံးရပါလိမ့်မယ် ဆိုတဲ့သင်ခန်းစာပါ။ ဘောလုံး အသင်းတစ်သင်းစွမ်းရည်ထက်မြက်သူတွေနဲ့ စုစည်းပါမှ ဖလား ရမယ်ဆိုတာပါပဲ။
TV ဖန်သားပြင်ပေါ်က အတွေးကို ၂၀၁၅ ရွေးကောက်ပွဲ ဆီရွှေ့ပြီး တွေးမိတယ်။ အခု လွှတ်တော်ကြီးထဲကအသင်းကတော့ အားလုံးသိကြတဲ့အတိုင်း ၂၀၁၅ ဖလားကိုအရယူဖို့နည်းမျိုးစုံသုံး အကြံတွေထုတ်နေတယ်။ ပြိုင်ပွဲစည်းကမ်းကိုပြောင်းဖို့ PR ဆိုတာကြီးနဲ့သွေးတိုးစမ်းနေတယ်။ တစ်ကြိမ်ချန်ပီယံဖြစ်ဖူးလို့ နောက်တစ်ကြိမ်ထပ်ဖြစ်ရမယ်လို့ထင်ထားရင်တော့ စပိန် အသင်းကိုသာကြည့်။
အိမ်ကွင်းမှာကစားတိုင်း ပရိသတ်ထဲက လက်ခုပ်သံကို အပိုင်တွက်လို့ဘယ်ရမလဲ။ ပြိုင် ပွဲရဲ့သဘာဝကိုက အရှုံးအနိုင်ရှိ ပြီးသား။ ဝင်ပြိုင်ကတည်းက နိုင် ချင်စိတ်ကြောင့်ပြိုင်တာမှန်ပေ မယ့် အရှုံးအတွက်လည်း အသင့် ပြင်ထားရမယ်။ အခုဟာက ရှုံးမှာ ကြောက်လို့ကာရင်းနဲ့ အမှား ပေါင်းစုံကျူးလွန်နေတာ အားလုံး အမြင်ပဲ။ တကယ်ဆိုရင် အမြဲနိုင် ချင်စိတ်ကိုခဏထားပြီး အသင်း ကိုအကောင်းဆုံးပြင်ဆင်ရမှာ။ လုပ်ပုံလုပ်နည်းအဟောင်းတွေ ကိုပြင်။ အသင်းသားတွေရဲ့စိတ် ဓာတ်တွေကိုပြင်။ ဥပမာ မန္တလေး ပဋိပက္ခမှာ လှုံ့ဆော်သူလူအုပ် ကြီးကိုမရှာဘဲ မန္တလေးလူထုကို ခြိမ်းခြောက်ပြီး နေ့ခင်းကြောင် တောင် မြို့လယ်ကောင်စစ်ယာဉ် တန်းတွေ ဟန်ရေးပြတဲ့အလုပ် မျိုးဟာ ၂၀၁၅ မှာအုပ်စုကနေ လှည့်ပြန်ရလိမ့်မယ်။
နောက်တစ်သင်းကလည်း ဘရာဇီးလိုပဲခေါင်းဆောင်ကို မှီခို လွန်းတယ်။ ခေါင်းဆောင်ပြစ် ဒဏ်နဲ့ ပွဲပယ်ခံရတဲ့ကာလတွေမှာ အစားထိုးခေါင်းဆောင်မရှိခဲ့လို့ တစ်သင်းလုံးလျော့ရိလျော့ရဲနဲ့ တိုက်စစ်အားတွေပြန့်ကျဲကုန် တယ်။ တကယ်ဆို အခုကတည်း က လက်ရွေးစင်တိုက်စစ်မှူးတွေ ကိုလေ့ကျင့်သင့်ပြီ။ ဖြစ်နိုင်ရင် တစ်ဗိုလ်ဆင်း တစ်ဗိုလ်တက်လုပ် နိုင်အောင် တစ်သင်းလုံးတိုက်စစ် မှူးတွေရဲ့အရည်အချင်းတွေနဲ့ ပြည့်စုံနေရင် ပိုကောင်းတယ်။ ဘာလို့လဲဆိုတော့ တစ်ဖက် အသင်းက အိမ်ကွင်းကိုအပိုင်စီး ထားပြီး စိတ်ကြိုက်ဒိုင်လူကြီးတွေ ကိုရွေးထားတာ။
ကျွန်မတို့ပြည်သူတွေက တော့ ဘရာဇီးပရိသတ်လိုပဲ ဒီမိုကရေစီဖလားကြီးမရမချင်း ‘ကမ္ဘာမကျေ’သီချင်းကို နှုတ်က မချသီဆိုနေမှာစိတ်ချပါ။ ဒါပေမဲ့ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည် သူလိုချင်နေတာဘာဆိုတာကို တော့ PLAYER တွေသိအောင် လုပ်ကြပါ။ ၂၀၁၅ မှာ မြန်မာပြည် သူတွေအလိုချင်အတောင့်တဆုံး ဆုဖလားကြီးနဲ့တော့ မလွဲပါရစေ နဲ့။ ဘရာဇီးပြည်သူတွေလို ချုံးပွဲ ချမငိုပါရစေနဲ့။ မြန်မာပြည်သူ တွေမှာ ငိုစရာမျက်ရည်မကျန် တော့လို့ပါ။