Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဦးဝင်းတင်သာရှိရင် သတင်းသမားတွေကို ထောင်ချတဲ့ကိစ္စ ရှေ့ဆုံးကနေ ရှုတ်ချမှာပဲ

$
0
0

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်သာ သက်ရှိထင်ရှား ရှိနေမယ်ဆိုရင် Unity ဂျာနယ် သတင်းထောက် ၅ယောက်ကို အလုပ်ကြမ်းနဲ့ထောင် ၁ဝနှစ်ချမှတ်တဲ့ကိစ္စ ထိပ်ဆုံးကနေ ပြင်းပြင်းထန်ထန် ရှုတ်ချမယ်လို့ ရှေ့နေ ဦးကိုနီက ပြောလိုက်ပါတယ်။ မြန်မာအစိုးရရဲ့ မီဒီယာအပေါ် အပြင်းထန်ဆုံး ဖိနှိပ်မှုတွေ ဘာကြောင့် မြင့်တက်လာတာလဲ။

ပေါက်မြို့နယ်မှာရှိတဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်စက်ရုံအကြောင်း Unity ဂျာနယ်က ဓာတုလက်နက်စက်ရုံ မျက်နှာဖုံးဆောင်းပါး ဖော်ပြခဲ့လို့ ဂျာနယ်တိုက်ပိုင်ရှင်နဲ့ သတင်းသမား စုစုပေါင်း ၅ယောက်ကို ထောင် ၁ဝနှစ်နဲ့ အလုပ်ကြမ်း ချမှတ်လိုက်ဟာ ပြင်းထန်လွန်းပြီး အခုလို မီဒီယာကို ပိတ်ပင်ခြိမ်းခြောက်တာဟာ ဒီမိုကရေစီရေးအတွက် အဟန့်အတားဖြစ်မယ်လို့ ရှေ့နေဦးကိုနီက ဆိုပါတယ်။

တော်ဝင်နှင်းဆီမှာကျင်းပတဲ့ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း ၁၅ကြိမ်မြောက် ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင် ၁၂ရက်နေ့က ကျင်းပခဲ့ပြီး လူ ၂၆ယောက်နဲ့ အဖွဲ့အစည်းတစ်ခုကို ကျပ် ၇၆သိန်း ထောက်ပံ့ခဲ့ပါတယ်။ ဦးဝင်းတင် ဖောင်ဒေးရှင်းထူထောင်တဲ့ ၂ဝ၁၂ မတ်လကနေ အခုထိ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ သတင်းမီဒီယာသမား စုစုပေါင်း ၄ဝဝကျော်ကို ကျပ်သိန်း ၁၂ဝဝကျော် ပေးအပ်ခဲ့ပါတယ်။

ဆရာကြီးဦးဝင်းတင် ကွယ်လွန်ခဲ့ပေမယ့် ဖောင်ဒေးရှင်းကိစ္စ အဆင်ပြေပါ့မလား စိုးရိမ်ခဲ့ပေမယ့် ဦးဝင်းတင်ရဲ့ အရှိန်အဝါ သိပ်ကြီးမားတာကြောင့် အခုထိ ရှင်သန်ဆဲဖြစ်ပြီး ဖောင်ဒေးရှင်း ရေရှည်တည်တံ့ရေး လုပ်ဆောင်မယ်လို့ ဦးကိုနီက ပြောပါတယ်။

ဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ အကူအညီဟာ သောင်းနဲ့ချီနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှမ်းခြုံဖို့ ခက်ခဲပေမယ့် အတိုင်းအတာတစ်ခုအထိ အထောက်အပံ့ဖြစ်တယ်ဆိုတာ ယုံကြည်တယ်လို့ ကိုထွန်းကြည်က ပြောပါတယ်။ ဖိလစ်ပိုင်နဲ့ ချက်သမ္မတနိုင်ငံတွေက နမူနာယူပြီး နိုင်ကျဉ်းတွေ ပြန်လည်ထူထောင်ရေး အစိုးရက တာဝန်ယူဖို့ ဥပဒေတစ်ရပ်ပြဌာန်းပေးဖို့ သူက တောင်းဆိုခဲ့ပါတယ်။
Kamayut media

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>