Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

၄၃၆ လက်မှတ်ထိုးလှုပ်ရှားမှု မဲဆွယ်စည်းရုံးနေခြင်းဟု ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌဆို

$
0
0
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) က ဦးဆောင်လှုပ်ရှားနေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူလူထု ဆန္ဒပြုလက်မှတ်ရေးထိုးရေး လှုပ်ရှားမှုသည် ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးမှုတစ်ရပ်သာ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ဝေဖန်ပြောကြားသည်။

ဇူလိုင်လ ၁၆ ရက်နေ့က နေပြည်တော် ကောင်စီနယ်မြေ Sky Star ဟိုတယ်တွင် ပြုလုပ်သော ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် မဲပေးရေး အစီအစဉ်များတွင် မသန်စွမ်းသူများ ပိုမိုပါဝင်ခွင့်ရရှိလာရေး ဆွေးနွေးပွဲတွင် ယင်းသို့ဝေဖန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“၄၃၆ ကို မပြင်ရင် မဲမထည့်ပါနဲ့လို့ ပြောတာတွေရှိတယ်။ အဲဒါဆိုရင် ၄၃၆ ပြင်ပေးတဲ့လူကို မဲထည့်ပါ လို့ပြော တာနဲ့ အတူတူပဲပေါ့” ဟု ၎င်းကဆိုသည်။ အဆိုပါ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုများသည် ပါတီ တစ်ခု ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဟုတ်ဘဲ တိုင်းပြည်နှင့် လူမျိုးကောင်းမွန်ရေးအတွက် ခံယူချက် ထားကာ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း NLD ပါတီအတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြား သည်။

“ကျွန်တော်တို့က မဲဆွယ်စည်းရေး ရုံးရေးလုပ်နေတာ မဟုတ်ဘူး။ ဒါကို လူထုကလည်း နားလည်ပါတယ်” ဟု ၎င်းကဆိုသည်။ ယင်းသို့ပင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ပထမပတ်အတွင်း ပြုလုပ်သော NLD ပါတီပထမအကြိမ် ဗဟိုကော်မတီ တတိယ အကြိမ်အစည်းအဝေးတွင် NLD ပါတီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လုပ်ဆောင်ခြင်းသည် ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပြည်သူလူထုကို လှည့်ဖြားခြင်းနေခြင်း မဟုတ်ကြောင်း ပြောကြားထားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး အခန်း ၁၂ ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မေလ ၂၇ ရက်မှ ဇူလိုင်လ ၁၉ ရက်နေ့အထိ တစ်နိုင်ငံလုံးရှိ ပြည်သူလူထု ဆန္ဒပြုလက်မှတ်များ NLD ပါတီမှ ကောက်ယူနေပြီး ဆန္ဒပြု လက်မှတ်သုံးသန်းကျော် ရရှိနေပြီ ဖြစ်ကြောင်း ဇွန်လနောက်ဆုံးပတ်အတွင်း NLD ပါတီက ထုတ်ပြန် ထားသည်။

The Voice Weekly

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>