အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) တိုပူ့းပေါင်း၍ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်ပုဒ်မ ၄၃၆ ပြင်ဆင်ပေးရန်တောင်းဆိုသည့်အနေဖြင့် ပြည်သူလူထုက လက်မှတ်ရေးထိုးပေးနိုင်ရန်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်အသီးသီးတို့သည် အခက်အခဲ၊ အနှောင့်အယှက်အများအပြားအကြား တရားစွဲဆိုခံရသည်အထိ (ကိုနေမျိုးကျော်ပုဒ်မ ၂၇၊ ပုဒ်မ-၁၈၊ ပုဒ်မ ၄၄၇-အပါအ၀င် အဖွဲ့ ချုပ်မှခြောက်ဦး နှင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း)မှ ငါးဦး ၊ ကျန်ပြည်နယ်နှင့်တိုင်းအသီးသီးမှ အဖွဲ့ ဝင်များ) ၀ိုင်းဝန်း ကူညီဆောင်ရွက်ခဲ့ကြပြီးဖြစ်ပါသည်။
ယနေ့သည် လက်မှတ်ရေးထိုးဆန္ဒပြုသည့် နောက်ဆုံးနေ့ဖြစ်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (ဗဟို) က မြို့ နယ်အလုပ်မှုဆောင်များ၊ ရပ်ကျေးအလုပ်အမှုဆောင်များအား မိမိတို့ ကောက်ယူထားသော လက်မှတ်များ ပါရှိသည့် စာအုပ်များကို ပြန်လည်ပေးပို့ ရန် ညွှန်ကြားလိုက်ပြီဖြစ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် အဆိုပါ ပြည်သူလူထုဧ။် ဆန္ဒသဘောထားများကို ထင်ဟပ်စေသည့် လက်မှတ်များကို ရရှိအပြီးတွင်၊ ရှေ့ လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Nld Central