Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သမ္မတရုံးတာဝန်ရှိသူအချို့ပင် Hate Speech များ ဝေမျှခဲ့ခြင်းရှိဟု ဘလော့ဂါတစ်ဦးထောက်ပြ

$
0
0
တာဝန်ယူမှုရှိသော လူမှုကွန်ရက်မီဒီယာအမည်ဖြင့် ဆွေးနွေးပွဲစကားဝိုင်းကိုကျင်းပနေစဉ်(ဓာတ်ပုံ − ကျော်ဇင်သန်း)
 http://www.7daydaily.com
လူမှုကွန်ရက်စာမျက်နှာ များတွင်အမုန်းစကား (Hate Speech) များနှင့် ပတ်သက်၍ ဝေမျှခြင်းများကို သမ္မတရုံးမှတာ ၀န်ရှိသူအချို့ကိုယ် တိုင်ပင်ပြော ခဲ့ဖူးသည်ကို တွေ့ခဲ့ရကြောင်း ‘‘တာဝန်ယူရဲသော၊ တာဝန်ခံမှုရှိ သော လူမှုကွန်ရက်မီဒီယာ’’ လူထုဆွေးနွေးပွဲစကားဝိုင်းတွင် ဘလော့ဂါ ကိုညီလင်းဆက်က ပြော သည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် စပ်လျဉ်း ၍ ဖြစ်စဉ်အား သေချာစွာ မသိရ သေးသည့်အချိန်တွင် သမ္မတရုံး မှတာဝန်ရှိသူအချို့သည် အမုန်း စကားအဖြစ် သက်ရောက်စေ သည့်စကားမျိုး ပြောကြားခဲ့သည် ကို လူမှုကွန်ရက်စာမျက်နှာတွင် တွေ့ခဲ့ရကြောင်း ကိုညီလင်းဆက် ကဆိုသည်။

‘‘အမုန်းစကားတွေနဲ့ ပတ် သက်ရင် သမ္မတရုံးကို၌ပင် တ ကယ့် Hate Speech ကိုပြောခဲ့ တာမျိုးတွေရှိတယ်။ သုံးရက် လောက်ကြာလို့ ကြည့်လိုက်တော့မရှိတော့ဘူး။ အကုန် Clean လုပ် လိုက်တယ်’’ဟု ကိုညီလင်းဆက် ကဆိုသည်။

လက်ရှိ လူမှုကွန်ရက်စာ မျက်နှာများတွင်  ပဋိပက္ခဖြစ်စေ သော စာသားများ၊ အမုန်းစကား များဖြင့် လှုံ့ဆော်ခြင်းနှင့်ပတ် သက်ပြီး စနစ်တကျစိစစ်လုပ် ဆောင်သွားရန် သမ္မတရုံးဝန်ကြီးဌာနမှ အဆိုပါဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင် ရွက်ရန် တရားဝင်ကမ်းလှမ်းမှု များပြုလုပ် ရန် လိုအပ်နေကြောင်း ကိုညီလင်းဆက်ကပြောသည်။

တာဝန်ခံမှုရှိသော လူမှုကွန် ရက်မီဒီယာတစ်ခုဖြစ်စေရန်အ တွက် အရပ်ဘက်အဖွဲ့အစည်း များအား အသိပညာပေးနေရုံဖြင့် မလုံလောက်ဘဲ အစိုးရဘက်ပိုင်း တွင်လည်း Awarness များစွာ ရှိရန်လိုအပ်နေပြီး အရေးပေါ်ကိစ္စ တစ်ခုခုကြုံလာပါ ဌာနဆိုင်ရာမှ မသိရှိလိုက်သည့် အခြေအနေများ အများကြီးရှိခဲ့ဖူးကြောင်း မြန်မာ အိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ (Admin & LogisticsManager) မရတနာထွန်းက ပြောသည်။

‘‘အရက်ဘက်အဖွဲ့အစည်း တွေကိုပဲ ပညာပေးမယ်ပြောနေ တယ်။ တကယ်တမ်းကျ အစိုးရ ကိုလည်း အရည်အချင်းပြည့်မီ လာဖို့အတွက် အသိပညာပေး တာတွေလုပ်ရဦးမယ်’’ဟု MIDO ၏ စီမံခန့်ခွဲရေးဒါရိုက်တာ ကိုနေ ဘုန်းလတ်ကပြောသည်။
လူမှုကွန်ရက်မီဒီယာများ သည် ပြည်တွင်း၌ရေးသားထုတ် ဝေနေသော သတင်းစာ၊ ဂျာနယ်များဖြစ်သည့် ပုံနှိပ်မီဒီယာများကဲ့သို့ တာဝန်ယူမည့်သူမရှိဘဲ ရေးသူကိုလည်း မသိရှိနိုင်သည့်အတွက် အဆိုပါရေးသားမှုများအား   ဖတ်မည်ဆိုပါက ကိုယ်တိုင်စိစစ်ဆုံး ဖြတ်၍ ဖတ်ရန်လိုအပ်ကြောင်း ကိုနေဘုန်းလတ်ကဆိုသည်။

အွန်လိုင်းပေါ်တွင် အမုန်း စကားများ ပြောကြားခြင်းနှင့် ပတ်သက်ပြီး လက်ရှိအချိန်အထိ အရေးယူခြင်းမျိုး မရှိသေးဘဲ လွတ်လပ်စွာ ပြောဆိုခွင့်အပေါ် ဆင်ဆာဖြတ်ခြင်း၊ အရေးယူခြင်းမျိုးထက် စနစ်တကျဖြင့်  မည်ကဲ့သို့ ကာကွယ်မည်ဆိုသည်ကို ပူးပေါင်းဆောင်ရွက်ပြီး အကောင် အထည်ဖော်သွားရန် စီစဉ်ထား ကြောင်း ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။

ဆွေးနွေးပွဲတွင် နိုင်ငံတကာ ထိပ်တန်းနည်းပညာကုမ္ပဏီများ ဖြစ်သည့် ဖေ့စ်ဘွတ်ခ်နှင့် ဂူးဂဲလ်တို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပြည် တွင်းမှ ပညာရှင်များ၊ အခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ ဆွေးနွေးခဲ့ကြ သည်။

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>