Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မန္တလေးပဋိပက္ခဖြစ်ပွားခဲ့သည့်ကိစ္စနောက်ကွယ်မှ အမှုဖွင့် လီဆယ်တိုင်ကြားသူ ငါးဦးအား နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိပါးနှောင့်ယှက်ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်ခြင်း ဥပဒေပုဒ်မဖြင့် အမှုဖွင့်တရားစွဲဆိုသွားရန် စီစဉ်ဆောင်ရွက်နေဟုဆို

$
0
0
မန္တလေး ပဋိပက္ခဖြစ်ပွားခဲ့သည့်ကိစ္စ နောက်ကွယ် မှ အမှုဖွင့်လီဆယ်တိုင်ကြားသူ ငါး ဦးအား နိုင်ငံတော်ငြိမ်ဝပ်ပိပြား ရေးကို ထိပါးနှောင့်ယှက်ဖျက်ဆီး သူများ၏ ဘေးအန္တရာယ်မှ ကာကွယ် ခြင်းဥပဒေပုဒ်မဖြင့် အမှုဖွင့်ကာ တရားစွဲဆိုသွားရန် စီစဉ်ဆောင် ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦး က ဒီမိုကရေစီတူဒေးသို့ အတည်ပြု ပြောကြားသည်။

ယခုအခါ အဆိုပါအမှုကို မြန်မာနိုင်ငံမှုခင်းရဲတပ်ဖွဲ့သည် စစ်ဆေး ပေါ်ပေါက်ချက်များနှင့်အညီ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြု ချက်များဖြင့် ပျဉ်းမနားရဲစခန်း တွင် လီဆယ်တိုင်ကြားခဲ့သည့် မဖြူဖြူမင်း(ခ)ကတုံးမ၏ ပုဒ်မ ၃၇၆ အမှုအား ဇူလိုင် ၁၇ရက်တွင် အမှု ပိတ်သိမ်းပြီး လီဆယ်တိုင်တန်းသူ မဖြူဖြူမင်း(ခ)ကတုံးမနှင့် ညွှန်ကြား စီစဉ်သူ မနုနုမြတ်နှင့် ရဲထွဋ် အပါအ ဝင် ယင်းအမှုနှင့်ဆက်စပ်ပြီး ဒေါ်ဟေ မာကျော်နှင့် ဒေါ်မာလာတို့က ပြင်ဦး လွင်တွင် လီဆယ်တိုင်တန်းခဲ့သည့် ပုဒ်မ၃၇၆ အမှုကိုလည်း ပိတ်သိမ်း ကာလီဆယ်တိုင်တန်းသူ နှစ်ဦးစုစု ပေါင်း ငါးဦးကို ဥပဒေအရအမှုဖွင့် အရေးယူရန် စီစဉ်ဆောင်ရွက်နေ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်များအရသိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိက ''ပြည်ထောင် စုရှေ့နေချုပ်ရုံးရဲ့ အကြံပြုချက်နဲ့ အညီ ဒီအမှုကို ဆက်လက်စစ်ဆေး မှာပါ။ ဒီလီဆယ်မှုက နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိပါးစေတဲ့အ တွက် အဲဒီပုဒ်မအပါအဝင် အခြား ပုဒ်မတွေနဲ့ပါ တရားစွဲဆိုမှာပါ။ စီစဉ်ဆောင်ရွက်နေဆဲပါ။ လီဆယ် တိုင်ကြားတဲ့အထဲက ပျဉ်းမနားမှာ လီဆယ်တိုင်ကြားတဲ့ အမျိုးသမီး နှစ်ယောက်ကိုတော့ ဖမ်းဆီးရမိထားပြီ။ အမျိုးသားတစ်ယောက်နဲ့ အမျိုး သမီးနှစ်ယောက်ကတော့ ထွက်ပြေး တိမ်းရှောင်နေတယ်။ အမြန်ဆုံးဖမ်း ဆီးရမိရေးအတွက်ဆောင်ရွက်နေ ပါတယ်။ သက်ဆိုင်ရာမြို့နယ်၊ တိုင်း၊ ရဲတပ်ဖွဲ့တွေရဲ့အင်အားနဲ့ရှာဖွေနေ ပါတယ်''ဟုပြောသည်။

ယင်းကဲ့သို့ ပုဒ်မ၃၇၆ဖြင့် လီ ဆယ်အမှုဖွင့်သူများသည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိပါးနှောင့် ယှက်သည်သာမကဘဲ လက်ရှိဒီမို ကရေစီစနစ်ဖြင့် နိုင်ငံတော်ကြီး တည်ဆောက်နေသည်ကိုလည်း စနစ်တကျဖျက်ဆီးပစ်ရာရောက် သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင်က ''ဒီလီဆယ်တိုင် တန်းမှုက မန္တလေးအပါအဝင် တစ် ပြည်လုံးကို တုန်လှုပ်ချောက်ချား စေတယ်။ လူတွေသေတယ်။ ဒဏ်ရာ တွေရကြတယ်။ တစ်ဘက်နဲ့တစ်ဘက် အငြိုးထား သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ်။ ဒါ့ကြောင့်အပြစ်ကြီး တယ်။ ဒါ့ကြောင့် သာမန်လီဆယ် မှုနဲ့ အရေးယူဖို့ထက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို အနှောင့်အ ယှက်ဖြစ်တဲ့ဥပဒေအပါအဝင် အခြား ပုဒ်မကြီးတွေနဲ့ပါ ထိထိရောက် ရောက်အရေးယူဖို့လိုအပ်ပါတယ်'' ဟုပြောသည်။

မန္တလေး ချမ်းအေးသာစံမြို့ နယ်နေသူ ကိုရဲကျော်ဌေးက ''ဒီလို အမှုလိမ်တိုင်တဲ့ အကျိုးဆက်ကြောင့် ကျွန်တော်တို့ မန္တလေးမှာဆိုရင် အခုလုပ်စားကိုင်စားရတာခက်ခဲမှုတွေ ရှိတယ်။ နေရတာ လုံခြုံမှုမရှိဘူး။ လူတွေသေတယ်။ ဒဏ်ရာရကြတယ်။ နစ်နာမှုတွေအများကြီးပဲ''ဟု သုံး သပ်ပြောကြားသည်။

ဆရာတော်ဦးဝီရသူက ''ဒီကိစ္စ က အဆုံးစွန်ထိပြောလို့မရသေး ပေမယ့် သူတို့ဘာသာဝင်အချင်းချင်း လုပ်ကြံမှုဆိုတာတော့ သေချာတယ်။ အစိုးရအနေနဲ့ကတော့ ဒါနဲ့ပတ်သက် ပြီးစနစ်တစ်ခုကိုပြင်ရမယ်။ မုဒိမ်းမှု ဆိုတိုင်း ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဖမ်းတော့တာပဲ။ တိုင်သူလာရင် မစစ် ဘဲဖမ်းတော့ မကျူးလွန်တဲ့သူတွေ မှာ နစ်နာပြီး အပြစ်ဖြစ်ရတယ်။အခုက လူတစ်ယောက်ကို မကျေ နပ်ရင် မုဒိမ်းမှုနဲ့သာလုပ်လိုက်သလိုဖြစ်နေတယ်။ ဒါတွေကိုပြင်ရမယ်။ အရင်စစ်ဆေးပြီးမှသာ အရေးယူမှုမျိုး လုပ်သင့်တယ်။ မန္တလေးကိစ္စဟာလူမျိုး ရေးဘာသာရေး အဓိကရုဏ်းမဟုတ်ဘူး။ အကွက်ချပြီး လုပ်ဆောင်မှု တစ်ခုပဲ''ဟု မိန့်ကြားသည်။

ရွှေညဝါဆရာတော် အရှင် ပညာသီဟက ''ဒီအမျိုးသမီး ဒီလိုလုပ်ခြင်းဟာ တကယ်ဖြစ်တဲ့ အမျိုး သမီးတွေကိုနစ်နာဆုံးရှုံးစေတယ်။ သူ့လုပ်ရပ်ကြောင့် တကယ့်အမှုတွေ ကို ပေါ့သွားစေတယ်။ မန္တလေးကိစ္စကို နမူနာယူပြီး ရဟန်းရှင်လူပြည်သူ တွေအနေနဲ့ ဥာဏ်ရည်မနည်းဖို့မှာ ချင်တယ်။ မြန်မာ့အနာဂတ်အရေး ဟာ အရေးကြီးဖြတ်သန်းရမယ့် အချိန်ကျရင် နည်းလမ်းကောင်း တွေရွေးချယ်ပြီး ဆုံးဖြတ်စေချင် တယ်''ဟု မိန့်ကြားသည်။

အဆိုပါမှုခင်းဖြစ်ရပ်မှာ ဇွန် ၂၈ရက်တွင် မန္တလေးမြို့ ၂၈လမ်း နှင့် ၈၂လမ်းထောင့်ရှိ ဆန်းကဖီး လက်ဖက်ရည်ဆိုင်တွင် ဆိုင်ဝန်ထမ်း မစိုးစိုး(ခ)မဖြူဖြူမင်းကို ဆိုင်ပိတ် သိမ်းစဉ် ဆိုင်ရှင်ဆန်းမောင်ဆိုသူ သည် ၄င်း၏အစ်ကို နေဝင်းနှင့်အတူ ယာဉ်အမှတ် မမှတ်မိသည့်အဖြူရောင် ယာဉ်နှင့် နေပြည်တော်တွင် လက်ဖက်ရည်ဆိုင်သစ်ဖွင့်မည်ဖြစ်ကြောင်း၊ အလုပ်လုပ်ရမည်ဟု ပြောဆိုခေါ် ဆောင်သွားပြီး ဇွန်၂၉ရက် ပျဉ်း မနား တောင်ညိုကားလမ်း တော်ဝင် နန်းစားသောက်ဆိုင်အနီး ကားလမ်းဘေးတွင် သားမယားအဖြစ်ပြုကျင့် ကာ ထွက်ပြေးတိမ်းရှောင်သွား ကြောင်း ပျဉ်းမနားမြို့နယ် ရဲစခန်း တွင် လီဆယ်တိုင်ကြားခဲ့သည့်အမှု ဖြစ်ပြီး၊ ယင်းအမှုနှင့်ဆက်စပ်၍ အလားတူ ရဲထွဋ်နှင့် ဒေါ်မာလာ တို့က မန္တလေးခရိုင် တရားရုံးစာရေး ဦးတင်မောင်ဝင်းက မဟေမာကျော်အား သားမယားအဖြစ် ပြုကျင့်ခဲ့ သည်ဟုဆိုကာ မဟေမာကျော်က တရားလိုပြုလုပ်ပြီး ပြင်ဦးလွင်ရဲစခန်း တွင် ပုဒ်မ၃၇၆ ဖြင့် လီဆယ်ကာ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ အရသိရသည်။

KMZ,SYMZ
Yangon media group

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>