Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရန်ကုန်အနောက်ခရိုင် ၄၃၆ ပြင်ဖို့ လူထုအင်အားပြမယ်

$
0
0


ရန်ကုန် ခရိုင်လေးခုထဲက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုထောက်ခံပွဲလုပ်ဖို့ ကျန်ရှိနေသေးတဲ့ အနောက်ပိုင်းနဲ့ မြောက်ပိုင်းခရိုင်ထဲက အနောက်ပိုင်းခရိုင် လူထုထောက်ခံပွဲကို ဇူလိုင် ၂၇မှာ ကျင်းပတော့မယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။

စမ်းချောင်း မြေနီကုန်းပန်းခြံမှာ စုဝေးပြီး ရွှေဂုံတိုင်လမ်းမကြီး အတိုင်း ဗိုလ်စိန်မှန်ကွင်းကို ချီတက်မှာဖြစ်ပြီး ချီတက်သူတွေ အားလုံးဆုံတဲ့အခါမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး စတင်မယ်လို့ ဒီမိုကရက်တစ်ကွန်ရက်က ကိုမြတ်ကျော်က ဆိုပါတယ်။

၂ဝဝ၈ အခြေခံဥပဒေကို ပြည်သူတွေက မူလကတည်းက လက်မခံခဲ့တာဖြစ်ပြီး ပြည်သူက ပြင်ချင်တယ်ဆိုတာ အာဏာပိုင်နဲ့လွှတ်တော်က သိစေဖို့ ပြည်သူ့အသံများများထွက်အောင် လုပ်ရမယ်လို့ ဇူလိုင် ၂၂ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုပါတယ်။

အရပ်ဖက် အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၃ဝနဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများကွန်ရက်နဲ့ မြို့နယ်အသီးသီးက တက်ကြွလှုပ်ရှားသူတွေပေါင်းပြီး အရှေ့ပိုင်းနဲ့ တောင်ပိုင်းခရိုင်တွေမှာ ၄၃၆ ပြင်ဆင်ရေး လူထုထောက်ခံပွဲတွေ ကျင်းပခဲ့ပြီးပါပြီ။

အခြေခံဥပဒေ ပြင်ဆင်ရေး ဘယ်လောက်အရေးကြီးလဲဆိုတာ ပြည်သူတွေ နားလည်သဘောပေါက်လာပြီး ပူးပေါင်းပါဝင်လာဖို့ အစိုးရနဲ့ စစ်တပ်က ဘယ်လိုပဲ တားဆီးပိတ်ဆို့နေပါစေ အောင်မြင်မှာပါလို့ ကိုသူရိန်က ဆိုပါတယ်။

Kamayut media

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>