Quantcast
Viewing all articles
Browse latest Browse all 32865

ပျောက်ဆုံးနေသော Air Algerie လေယာဉ်အမှတ် AH5017 ပျက်ကြသွားကြောင်း တာဝန်ရှိသူများ အတည်ပြု

ဘာကီနာဖာဆိုမှ အယ်လ်ဂျီးရီးယားသို့ ဦးတည်ပျံသန်းသော Air Algerie #AH5017 သည် ထွက်ခွာပြီး ၁ နာရီအတွင် ရေဒါမှ ပျောက်ဆုံးပြီး အဆက်အသွယ် ပြတ်တောက်ခဲ့သည်။

လေကြောင်းလိုင်းသတင်းရင်းမြစ်မှ သိရသည်မှာ အဆက်အသွယ် ပြတ်သွားချိန်၌ လေယာဉ်သည် မာလီနိုင်ငံ လေပိုင်နက်အတွင်းတွင်ပင်ရှိနေသေးပြီး အယ်လ်ဂျီးရီးယားနိုင်ငံသို့ ချဉ်းကပ်လာနေကြောင်း၊ လေယာဉ်ဝန်ထမ်း ၆ ဦးနှင့် ခရီးသယ် ၁၁၀ လိုက်ပါစီးနင်းလာသည်ဟု သိရပြီး မုန်တိုင်းကြောင့် ပုံမှန်လမ်းကြောင်းမှ ပြောင်းလဲပျံသန်းရန် ဘာကီနာဖာဆိုနိုင်ငံ ပို့ဆောင်ရေ၀န်ကြီး Jean Bertin Ouedrago က ညွှန်ကြားခဲ့ကြောင်း သိရသည်။

“လေယာဉ်ပျက်ကြသွားပြီဆိုတာ ကျနော်အတည်ပြုပါတယ်” ဟု အယ်လ်ဂျီးရီးယားအရာရှိတဦးက Reuters သတင်းဌာနကို ပြောသည်။ သို့သော် အခြားအသေးစိတ်အချက်အလက်များကိုမှု ပြေဆိုရန် ငြင်းပယ်ခဲ့သည်။

လွန်ခဲ့သော ၄ လက ပျံသန်းနေစဉ်အတွင်း မြေပြင်ထိန်းချုပ်ရေးစခန်းနှင့် အဆက်အသွယ်ပြတ်တောက်သွားသော မလေးရှားလေကြောင်းလိုင်း လေယာဉ် #MH370 ကဲ့သို့ပင် အကြောင်းရင်း သေချာမသိရသော လေယာဉ်ပျေက်ဆုံးမှုနောက်တခု ဖြစ်ပေါ်ပြန်ပြီလောဟု သို့လော သို့လောများ၊ ခရီးသယ်များ ဘေးအန္တရာယ်ကင်းစင်ရေး ဆုတောင်းမှုများ လူမှုကွန်ယက်ဆိုဒ်များပေါ်တွင် ရှိခဲ့သည်။

 ခရီးသည် ၁၁၀ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၆ ယောက် လိုက်ပါသွားခဲ့တယ်လို့ အယ်လ်ဂျီးရီးယား လေကြောင်းလိုင်းက ကြေညာချက် ထုတ်ထားပါတယ်။ ခရီးသည်တွေထဲမှာ ပြင်သစ် နိုင်ငံသား ၅၀၊ Burkina Faso နိုင်ငံသား ၂၄ ယောက်၊ လက်ဘနွန်နိုင်ငံသား ၈ ယောက်၊ စပိန်နိုင်ငံသား ၆ ယောက်၊ အယ်လ်ဂျီးရီးယား ၆ ယောက်နဲ့ တခြား နိုင်ငံတွေက လူတချို့ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

(စောင့်ကြည့်သတင်းဂျာနယ်)

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>