ကျော်စိုးဦး ၊ Flower News Journal အတွဲ(၁၀) အမှတ်(၂၉)
Photo..mizzima
ရန်ကုန်၊ ဇူလိုင် ၂၅- သာသနာရေးဝန်ကြီး ဟောင်းဦးဆန်းဆင့်၏ လေးကြိမ်မြောက် ရုံးထုတ်စစ်ဆေးမှုကို ဇူလိုင် ၂၂ ရက် တွင် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် စစ်ဆေးမှုပြုလုပ်ရာတွင် မီဒီယာသမားများ ကို ဝင်ရောက်သတင်းယူခွင့် ကန့်သတ်ခြင်း ခံရသည်ဟု တရားရုံးသို့ သွားရောက်သတင်း ယူသည့် မီဒီယာသမားများက ပြောသည်။
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ယခင်စွဲဆိုတားသော ပုဒ်မ ၄ဝ၉ နှင့် ပူးတွဲစွဲဆိုတားသော ပုဒ်မ ၁ဝ၉ ကို တရားရုံးမှ ဖျက်သိမ်းပေးလိုက်ပြီး ထပ် မံပြီး ပုဒ်မ ၁၂၄(က)နိုင်ငံတော် အကြည်ညို ပျက်စေရန် လှုံ့ဆော်မှုဖြင့် အဆိုပါနေ့တွင် ထပ်မံစွဲဆိုခဲ့သည်။
သတင်းယူခွင့် ကန့်သတ်မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်ဦးကျော်က ''အစိုးရ ရဲ့ တရားစီရင်ရေးစနစ်က အရင်စစ်အစိုး ရလက်ထက်စနစ်လို ဘာမှ မပြောင်းဘူး။တရားစီရင်ရေးကလဲ မပြောင်းဘူး။ တရား ရေးပေါ်မှာ ပွင့်လင်းမှုရှိတယ်ဆိုရင် မီဒီ ယာတွေကို သတင်းယူခွင့် လွတ်လပ်စွာပေး သင့်တယ်။ အရင်လို အမှုကို သူတို့ပဲဆင် သူတို့ပဲ အမိန့်ချဆိုရင် တရားစီရင်ရေးစနစ် က စိုးရိမ်စရာပါ''ဟု ပြောသည်၊၊
အစိုးရဌာနများတွင် မီဒီယာသ မားများ သတင်းယူခွင့်ကန့်သတ်မှုကို မြန် မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ ကန့် ကွက်မှုများကို နိုင်ငံတော်အစိုးရထံ တင်ပြ ထားကြောင်း သိရသည်။
ယင်းအဖွဲ့မှ ဦးဇော်သက်ထွေး က ''အစိုးရအဖွဲ့တွေနဲ့ ဆိုင်တဲ့ရုံးတွေမှာ မီဒီယာသမားတွေကို လွတ်လပ်စွာသတင်း ယူခွင့်ရဖို့ အစိုးရထံ တင်ပြထားတယ်။ ဘာ မှ အကြောင်းမပြန်ဘူး။ အစိုးရက ဒီမိုက ရေစီအစိုးရသာ ပြောတယ်။ လုပ်ပုံတွေက ဘာမှ မပြောင်းဘူး''ဟု ပြောသည်၊၊
ဦးဆန်းဆင့်သည် ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ကွင်းသာရွာ ဇာတိဖြစ်ပြီး တက္ကသိုလ်စာမေးပွဲကို ရေကြည်မြို့တွင် အောင်မြင်ခဲ့ကာ ရန်ကုန်တက္ကသိုလ်တွင် ခြောက်လခန့် တက်ရောက်ခဲ့ပြီး စစ်တက္က သိုလ်အပတ်စဉ် (၁၅)ကျောင်းဆင်းဖြစ်ကာ ဗိုလ်အဆင့်မှ ဒုတိယဗိုလ်ချုပ်ကြီးတာဝန် ဖြင့် တပ်မတော်တွင် နှစ်ပေါင်း ၄ဝ ကျော် တာဝန်ထမ်းဆောင်ခဲ့သည်၊၊