Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်လာနိုင်မလား – ထက်မြက်

$
0
0
၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ပေးနိုင်၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ဘာသာရေးအဓိကရုဏ်းများဖန်တီး၊ မျိုးစောင့် ဥပဒေ ဖြင့် အာရုံလွှဲ၊ PR စနစ်ဖြင့် ရွေးကောက်ပွဲကို နှောင့်ယှက်၊ စာနယ်ဇင်းလောကကို ခြိမ်းခြောက်နှင့် တရားမျှ တပြီး လွတ်လပ်သော ရွေးကောက်ပွဲဖြစ်နိုင်ပါသည်ဟု မည်သူက အာမခံချက်ပေးနိုင်ပါမည်နည်း . . .
လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဆိုသည်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများ တွင်ရှိနိုင်မည မဟုတ်ပေ။ ယေဘု ယျ သဘောဖြင့်သာ လွတ်လပ်ပြီးတရားမျှ တသော ရွေး ကောက်ပွဲဟုဆိုနိုင်သော်လည်းလုံးဝဥဿုံ မဖြစ်နိုင်ပေ။ တတိယကမ္ဘာတွင် ကိုလိုနီ ထမ်းပိုးအောက်မှ လွတ်မြောက်လာပြီး လစ်ဘရယ်ဒီမိုကရေစီစနစ်မှာ ထိုအခြေ အနေအမျိုးမျိုး အောက်တွင် ရှင်သန်လာခဲ့သည်။ အာရှ၊ အာဖရိက၊ လက်တင်အမေရိကတို့တွင် ထိုစနစ်ကျင့် သုံးခဲ့သည်မှာ ရာစုနှစ်တစ်နှစ် ပင်မပြည့်သေးပေ။ ဒုတိယ ကမ္ဘာစစ်ကြီးအပြီး ကမ္ဘာပေါ်ရှိ ကိုလိုနီနိုင်ငံများမှာ နယ်ချဲ့စနစ်အောက်မှ ရုန်းထွက်နိုင်ခဲ့သည်။ အရှေ့ဥရောပနိုင်ငံများမှာ ဆိုဗီယက်ယူနီယံ လက်အောက် ကျရောက်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဒီမိုကရေစီစနစ် ရှင်သန်လာသော ခေတ်ဟုဆိုရပေလိမ့် မည်။ ထိုအချိန် က လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲကောင်း အတော်များများမှာလည်း တိုက်ပွဲအတွင်း ကျဆုံးသွားကြ၏။ အထူး သဖြင့်အာရှတိုက် တွင် ခေါင်းဆောင်ကောင်း များ ကြွေလွင့်ခဲ့ရသည့်အတွက် ထိုနိုင်ငံများ ၏ဖွံ့ဖြိုးတိုးတက်မှုမှာ နောက်ပြန်ဆုတ်သွားခြင်း သို့မဟုတ် ရှေ့သို့မတက်နိုင်ဘဲ အာဏာရှင်များ လက်အောက်ကျရောက် သွားရလေ သည်။ ထိုနိုင်ငံများသည် ကမ္ဘာတွင် ဓားမနောက်ပိတ် ခွေးများအဖြစ် ကျန်ရစ်ခဲ့ရလေသည်။…

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီး နောက် ပါတီစုံရွေးကောက်ပွဲများကို ၄နှစ် တစ်ကြိမ်ကျင်းပခဲ့ပါသည်။ ထိုစဉ် က နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက် ရေးအတွက် ကြိုးပမ်းခဲ့သောဖဆပလအဖွဲ့ ကြီးက အနိုင်ရ ရှိပြီး အတိုက် အခံများဖြစ် သော ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီ ကွန် မြူနစ် ပါတီ၊ ပြည်သူ့ရဲဘော်စသည် တို့မှာ လက်နက်စွဲကိုင် တော်လှန်နေကြ သဖြင့် ရွေးကောက်ပွဲများနှင့် ဝေးကွာနေရာ ဖဆပလမှာ သူတစ်ဦး တည်းသာ အင် အားကောင်းပြီး အနိုင်ရရှိခဲ့သည်။ မြေပေါ်ပါတီငယ်များ ၀င်ရောက် ယှဉ်ပြိုင်သော်လည်း ဖဆပလကို အနိုင်ရခြင်းမရှိခဲ့ပေ။ သို့သော် အတိုက်အခံများ၏ အင်အားကား တိုးသထက်တိုးလာ၏။ အတိုက် အခံဖြစ်သော ပမညတအဖွဲ့က ဖဆပလကို ယှဉ်ပြိုင်ရင်း တောင့်တင်းသောအဖွဲ့ ဖြစ်လာ သည်။ ထိုသို့ ယှဉ်ပြိုင်ရာတွင် လွတ်လပ်မှု နည်းသော၊ တရားမျှတမှုလည်း မရှိသော ရွေးကောက်ပွဲ လုပ်ရပ်များကြောင့် ဖြစ် သည်။အတိုက်အခံများကို ဖဆပလလူမိုက် များက လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ ထိုသည် ကိုယနေ့လို အနောက် နိုင်ငံများက တားမြစ်ခြင်းမရှိပေ။ အဘယ်ကြောင့်ဆို သော် အတိုက်အခံများမှာ လက်ဝဲသမား များ ဖြစ်ပြီး စစ်အေးတိုက်ပွဲကာလဖြစ်သောကြောင့် ကွန်မြူနစ်များကို တိုက်ခိုက်နေ သည့် ဖဆပလအစိုးရကို အမေရိကန်နှင့် အနောက်နိုင်ငံများက အကူအညီများပင် ပေးခဲ့လေသည်။ ရွေးကောက်ပွဲများ၌ မဲလိမ်၊ မဲခိုးခြင်း များမှာလည်း အဆန်းမဟုတ်တော့ သလိုဖြစ်နေခဲ့ပါသည်။ ထိုအချိန်က ရွေးကောက်ပွဲ လူသတ်ပွဲများသည် ယခုထိ မြန်မာနိုင်ငံ၏ရွေးကောက်ပွဲများတွင် ပြောစမှတ်ပြုလောက်သော သမိုင်းဖြစ်ရပ်များ ဖြစ်ပါသည်။ လယ်ဝေး သခင်ကြည်ရှိန်၊ ငါန်းဇွန်ဗိုလ်မှူး တက်မြင့်၊ မိတီ်္ထလာဆရာထီ၊ အောင်ပင်လယ်သိန်းဝေ၊ ပျဉ်းမနား ဗိုလ်တောက်ထိန်တို့မှာ ထိုအချိန်က ဖဆပလ အဖွဲ့ကြီး၏ နယ်ခံဗိုလ်ကျသူ များအဖြစ် ရွေးကောက်ပွဲများတွင် မဲလိမ်မဲခိုး၊ အဓမ္မခြိမ်းခြောက်သူများအဖြစ် ထင်ရှားခဲ့ပါသည်။ သာယာဝတီမင်းလှမှ မင်းလှတာဆုံ နေ့ခင်း ကြောင်တောင် လူသတ်ပွဲဆိုလျှင် အလွန်ရင်နာစရာ ကောင်း၏။ ပမညတမှ ရွေးကောက်ပွဲ မဲဆွယ်သူများကို ဖဆပလ ပြည်သူ့စစ်များကတိုက်ခိုက်သဖြင့် လူ၎ဦး ပွဲချင်းပြီးသေသွားလေသည်။ မင်းလှတာဆုံ ၄လောင်းပြိုင် လူသတ်ပွဲဆိုလျှင် မင်းလှမှ လူများကောင်းကောင်းသိ၏။ ငါန်းဇွန် ၆ လောင်းပြိုင်လူသတ်မှု ဆိုလျှင်လည်းအလွန် ရုပ်ဆိုးလှသော ရွေးကောက်ပွဲ လူသတ်မှု အဖြစ်သိကြလေသည်။ အတိုက်အခံ ပမည တများ၊ ဖဆပလ အစိုးရ ၏ ပြိုင်ဘက်များ အပေါ် ရက်ရက်စက်စက် သတ်ဖြတ်မှုတွင် မြိတ်မှ ဆီတောင်နိုင် လူသတ်မှုမှာလည်း အလွန် အရုပ် ဆိုးလှလေသည်။ လူ၂၀ကျော် လောက်ကို သေနတ်ဖြင့် ပစ်သတ်ပြီးသည့် နောက်ဘက် လှေဝမ်း ဗိုက်ထဲ ထည့်၊ မသေမရှင် ဖြစ်နေသူများက စက်လှေကုန်းပတ် ပေါ်တက်လာသောအခါ ရဲတင်းများဖြင့် လက်များ၊ ခေါင်းများကိုခုတ်ကာ စက်လှေ ကို ရေလယ်မောင်းသွားပြီး မီးရှို့ဖောက်ခွဲ ပစ်ခဲ့သည့်အမှုကိုလည်း တရားခံ မရှာဖွေ နိုင်ခဲ့ပေ။ ဖဆပလအစိုးရလက်ထက်တွင် လွတ်လပ်ပြီးတရားမျှတသောရွေးကောက် ပွဲများမဖြစ်ခဲ့သလို သန့်ရှင်းမှုလည်း မရှိခဲ့ ပေ။ ထိုသို့ ရွေးကောက်ပွဲ လူသတ်မှုများနှင့် တရားမမျှတသော ရွေးကောက်ပွဲများမှာ ဖိလစ်ပိုင်နိုင်ငံတွင်လည်း ရှိခဲ့ပါသည်။ မားကို့စ်လက်ထက်တွင်လည်း ရှိခဲ့သလို ယခင်ဖိလစ်ပိုင်သမ္မတ လက် ထက်က ရွေးကောက်ပွဲမဲဆွယ်သော ကိုယ်စားလှယ် လောင်းများနှင့်သတင်းစာဆရာများ၊ မဲဆွယ် စည်းရုံး ရေး ဖွဲ့များကို အာဏာရပါတီက လမ်းတွင် လုပ်ကြံသတ်ဖြတ်ခဲ့သဖြင့် လူပေါင်း ၂၀ကျော် သေဆုံး ခဲ့သည်မှာ လည်း တရား မျှတမှုမရှိကြောင်း ပေါ်လွင်နေပါသည်။

ထို့ကြောင့်လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများကို မည်သို့ကျင်းပကြမည်လဲဟု အဖြေကိုရှာရန်မှာ ကုလသမဂ္ဂအဖွဲ့ကြီးကိုပင် မဏ္ဍိုင်ပြု၍ အဖြေ ထုတ်ရမလိုဖြစ်နေပါသည်။ တချို့နိုင်ငံများ၌မူ ထိုကဲ့သို့ အငြင်း ပွားမှုလာလျှင် ကုလသမဂ္ဂကို တိုင်တန်းခြင်းများ ရှိလာလျှင်နိုင်ငံတကာ၏ ထိန်းသိမ်းကွပ်ကဲမှု အောက်တွင် ရွေးကောက်ပွဲများ ကျင်းပကြသည်။ ယခု လောလောဆယ် အင်ဒိုနီးရှားနိုင်ငံ၌ပင် သမ္မတရွေးကောက်ပွဲများ ကျင်းပပြီးသော် လည်း နှစ်ဖက်စလုံးကသူနိုင်သည်၊ ငါနိုင် သည်ကြေညာနေကြ၏။ နောက်တစ်ကြိမ် ရွေး ကောက်ပွဲ ကျင်းပလျှင်လည်း အကုန် အကျများသောကြောင့် မဲများကို ပြန်လည် စိစစ်ရပေတော့မည်။ လက်ရှိ သမ္မတ ယူဒို ယိုနိုကမဲရေတွက်ပြီးသည့်အထိ သည်းခံကြရန် ပြောကြားခဲ့သည်။ ထို့အတူပင် အာဖဂန်နစ္စတန် နိုင်ငံ၌လည်း ထိုသို့ပြဿနာ ပေါ်နေလေသည်။

လာမည့်နှစ် ၂၀၁၅တွင် မြန်မာနိုင်ငံ ၌ဒုတိယအကြိမ် အထွေထွေရွေးကောက် ပွဲကြီးကျင်းပပေတော့မည်။ နှစ် ပေါင်း ၅၀ ကျော်ကြာ စစ်အာဏာရှင်စနစ်နှင့် တစ် ပါတီအာဏာရှင်စနစ်အောက် ပြားပြားဝပ် ခဲ့ရသော ပြည်သူ များအဖို့ ယခုအချိန်တွင် အတိုက်အခံများပိုမိုယှဉ်ပြိုင်လာမည့် ရွေး ကောက်ပွဲကြီးကျင်းပပေတော့မည်။ ၂၀၁၀ ရွေးကောက်ပွဲကိုမူတရားမျှတပြီးလွတ်လပ် သည့် သန့်ရှင်းသော ရွေးကောက်ပွဲဟု ပြည်သူများက အသိအမှတ် မပြုခဲ့ပေ။ စစ်အစိုးရ၏ အခင်းအကျင်း၊ အစီအမံအောက် တွင်၂၀၁၀ရွေးကောက်ပွဲကျင်းပကာ ပြည် ခိုင်ဖြိုးပါတီ သည် ပြိုင်ဘက်မရှိ အနိုင်ရရှိသွားခဲ့သည်။ ထိုရွေးကောက်ပွဲကို လွတ် လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ အဖြစ် မသတ်မှတ်ကြပေ။ အဘယ်ကြောင့် ဆိုသော် ကြိုတင်မဲပြဿနာမှာ ကမ္ဘာက လက်ညှိုးထိုးစွပ်စွဲနေသော တရားမမျှတ သည့်လုပ်ရပ်ဖြစ်နေသောကြောင့် အယုံအ ကြည်ကင်းမဲ့ကြရပါသည်။ ထို့ပြင် တခြား ပါတီငယ် များမှာလည်း လွတ်လွတ်လပ် လပ်ယှဉ်ပြိုင်ရသည်။ မဲဆွယ်ရသည် မရှိ ၍လွတ်လပ်သောရွေးကောက်ပွဲဟု မပြောနိုင်ပေ။ သို့သော်စစ်အစိုးရသည် ထိုအခြေ အနေကိုလမ်းပြမြေပုံ ၇ချက်ဖြင့် ဖန်တီးပြီး ရှုံးလည်းနိုင်၊ နိုင် လည်း နိုင်အောင် ပြုလုပ်ခဲ့သဖြင့် ၂၀၁၀ရွေးကောက်ပွဲကို လွတ်လပ် ပြီး တရားမျှတသည့် ရွေးကောက်ပွဲဟု ကမ္ဘာကရော၊ ကုလသမဂ္ဂကပါ မသတ်မှတ်ခဲ့ပေ။ သို့သော် ပါတီစုံ ရွေးကောက်ပွဲဟု တက်လာသော ပြည်ခိုင်ဖြိုး အစိုးရက ကြေညာခဲ့ပါသည်။


ရွေးကောက်ပွဲပြီး၍ အစိုးရဖွဲ့၊ လွှတ် တော် ၂ခုထားရှိကာ လစ်ဘရယ်ပါလီမန် လမ်းကြောင်းအတိုင်း သွားခဲ့ သည့် အချိန်တွင် သမ္မတက ရွေးကောက်ပွဲ ကော်မရှင်သစ် ကို ဖွဲ့စည်းလိုက်၏။ ထိုရွေးကောက် ပွဲကော်မရှင်မှာ သမာသမတ်ကျပြီး အစွဲကင်းသော ကော်မရှင် မဟုတ်ပေ။ ကော်မရှင်ဥက္ကဋ္ဌမှာ ယခင် စစ်အစိုးရခေတ်က ထိပ် ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည်။ ထိုကော်မရှင်သည် ၂၀၁၀ ရွေးကောက်ပွဲကို တာဝန်မယူခဲ့သော်လည်း ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲကိုကားကြီးမှူး ကျင်းပပေးခဲ့ သည်။ ကမ္ဘာကလည်း၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲကို အလေးထားခဲ့သဖြင့် လုံးဝ လွတ်လပ်ပြီး တရားမျှတမှုရှိသည်ဟု မဆို နိုင်သော်လည်း ယေဘုယျ အားဖြင့် လွတ်လပ်ပြီး တရားမျှတမှုရှိသော ရွေးကောက် ပွဲဖြစ်ခဲ့သည်။ သို့သော် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အသစ်ကမူ လွတ်လပ်လွန်း သည်ဟု ထိုရွေးကောက်ပွဲကို ကောက်ချက် ချခဲ့သည်။ တချို့မဲဆွယ်မှုများ မှာ အလွန် အကျွံဖြစ်ပြီးပြည်သူကို အနှောင့်အယှက် ပေးသည်အထိ ဖြစ်ခဲ့သည်။ ကန့်ကွက် သူမရှိ၍သာ ကြည့် နေရသည်။ ကန့်ကွက် သူရှိပါက အရေးယူပစ်မည်ဟု မကျေမချမ်း နှင့်ပြောကြားခဲ့ပါသည်။ ယခု ၂၀၁၄ကြား ဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ ဥပဒေများကို ကော်မရှင်က ထုတ်ပြန်ခဲ့ ပ သည်။မဲဆွယ်စည်းရုံးခြင်းကို ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းက မိမိနယ်မြေ တွင်သာ ပြောခွင့်ရှိသည်။ မဲဆွယ်စည်းရုံး ချိန်ကိုလည်း ၁လသာပေးမည်။ စသည် စသည်ဖြင့် ဥပဒေစည်းကမ်းများ ကိုပြည်ခိုင်ဖြိုးနှင့် တစညပါတီမှ လွဲ၍ အားလုံးကကန့် ကွက်ကြလေသည်။ ထိုကော်မရှင်၏ စည်းကမ်းအသစ် များမှာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကို တားဆီးထား သည်ဟုပင်ပြောဆိုကြလေသည်။ 

သို့သော် ကော်မရှင်ကမူ သူ၏စည်းကမ်းများကို မပြင်နိုင်ဟု ကြေညာထားလေသည်။ ထိုသည်မှာ နောင်နှစ် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် လွတ်လပ်မှုနှင့် တရားမျှတမှုကိုဟန့်တားသည့် ဥပဒေစည်း ကမ်းများဖြစ်နေပါတော့သည်။ ထို့ကြောင့် ၂၀၁၅ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်နိုင်ပါ့ မလားဟုသံသယ၀င်လာကြပါသည်။ 
သမ္မတကရော၊ ရွေး ကောက်ပွဲကော်မရှင်ကပါ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက် ပွဲဖြစ်စေရပါမည်ဟု ကတိပေးထားသည်။ အမှန် တကယ် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေမည်ဆိုလျှင် ကုလသမဂ္ဂနှင့် ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့ အစည်းများ၊ အာဆီယံလိုနိုင်ငံများ၊ ပြည် တွင်းမှ နိုင်ငံရေးပါတီများအပြင် တခြား လူမှုအဖွဲ့ အစည်းပေါင်းစုံ ပါဝင်သော အစိုးရကလည်း အသိအမှတ်ပြုသလို အဖွဲ့ အစည်းအားလုံးကလည်း အသိအမှတ်ပြု သော ရွေး ကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရမည်။ (မိမိဘာသာဖွဲ့ စည်းသော ရွေးကောက်ပွဲ စောင့်ကြည့် ရေးအဖွဲ့ မဖြစ်စေရ။ လူ ၅ယောက်ရှိလျှင် အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး နာမည်ပေးကာ လူထုစည်းရုံးမှုလည်း မရှိသော အမည်ခံ အဖွဲ့မျိုးဖြင့် အရေးကြီး သောရွေးကောက်ပွဲကြီးများကို တာဝန်မယူ စေရ။) ထိုကဲ့သို့စနစ်ကျပြီး အမှန်တကယ် လည်းနိုင်သူ အာဏာရစေရမည်ဆိုပြီး စိတ်သဘောထား ဖြူစင်စွာ၊ တော်တည့်ဖြောင့်မတ်စွာ ကျင်းပပေးလျှင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်နိုင်ပါ သည်။ သို့သော် ယနေ့အခြေအနေမှာမူ လွတ်လပ်ပြီး တရားမျှ တသော ရွေးကောက်ပွဲဟု ပြောဖို့ စောနေပါသေးသည်။ ၂၀၀၈ ဖွဲ့စည်းပုံကိုမပြင်ပေးနိုင်၊ ပုဒ်မ ၄၃၆ ပြင် ဆင်ရေးကို ဘာသာရေး အဓိကရုဏ်းများ ဖန်တီး၊ မျိုးစောင့်ဥပဒေဖြင့်အာရုံလွှဲ၊ PR စနစ်ဖြင့် ရွေးကောက်ပွဲ ကို နှောင့်ယှက်၊ စာနယ်ဇင်းလောကကို ခြိမ်းခြောက်နှင့် တရားမျှတပြီးလွတ်လပ်သောရွေးကောက် ပွဲဖြစ်နိုင်ပါ သည်ဟု မည်သူက အာမခံချက် ပေးနိုင်ပါမည်နည်း။
မြန်မာသံတော်ဆင့်သတင်းဌာန

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>