Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဦးဆန်းဆင့်ကျန်းမာရေးအာမခံရရန် လျှောက်လဲမှုပယ်ချခံ

$
0
0

http://www.7daydaily.com/.                                              တရားစွဲဆိုခြင်း ခံထားရသော သာသနာရေးဝန် ကြီးဟောင်းဦးဆန်းဆင့်သည် ကျန်းမာရေးချို့ယွင်းလာသော ကြောင့် ကျန်းမာရေးအာမခံရရှိ ရန်   (အချုပ်လွတ်ထုချေခွင့်) လျှောက်ထားခြင်းကို တရားရုံးက ပယ်ချလိုက်ကြောင်းသတင်းရရှိ သည်။

‘‘နှစ်မှုစလုံးစစ်ပြီး ဒီအခြေ အနေမှာ အချုပ်လွတ်ထုချေခွင့် လျှောက်ပါတယ်။ ကျန်းမာရေး ကြောင့်ပါ။ ဆေးစာကတော့ မြန် မာ့စွယ်စုံကျမ်းစာအုပ်တစ်အုပ် လောက်တင်လိုက်ပါတယ်။ တင် လိုက်တော့ တရားရုံးကပလပ် လိုက်ပါတယ်’’ဟု ဦးဆန်းဆင့် အမှုအားလိုက်ပါဆောင်ရွက်ပေး သူ ရှေ့နေဦးတင်ထွန်းကပြော သည်။ ယနေ့အမှုစစ်ဆေးရာတွင် ပုဒ်မ ၄၀၉ အလွဲသုံးစားမှုနှင့် ဥပဒေပုဒ်မ ၁၂၄(က) နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ကို စစ်ဆေးခဲ့ကြောင်းသတင်းရရှိ သည်။ ဇူလိုင် ၃၀ ရက်တွင် နေပြည်တော် ဒက္ခိဏခရိုင်တရား ရုံး၌   ငါးကြိမ်မြောက်ရုံးထုတ် စစ်ဆေးမှုတွင် ပထမဆုံးအကြိမ် တရားခွင်စစ်ဆေးမှုများပြုလုပ်ခဲ့ ပြီး အချိန်ငါးနာရီကျော် ကြာမြင့် ခဲ့ကြောင်းသတင်းရရှိသည်။

ထိုကဲ့သို့ အမှုစစ်ဆေးရာ တွင် လာရောက်သတင်းယူသော သတင်းထောက်များကို တရားရုံး ခြံအတွင်းသို့ ဝင်ရောက်သတင်း ယူခွင့်ပေးသော်လည်း တရားခွင် အတွင်းသို့မူ နေရာအခက်အခဲနှင့် တရားစီရင်ရေးအခက်အခဲဖြစ် သည်ဆိုသောအကြောင်းပြချက် ဖြင့် ဝင်ခွင့်မပြုခဲ့ပေ။

ဦးဆန်းဆင့်တရားရုံးထဲမှ ပြန်လည်ထွက်ရှိလာစဉ်   ၎င်းမိ သားစုဝင်များအား ကျန်းမာရေး ဂရုစိုက်ရန်မှာကြားခဲ့ပြီး ‘‘အဘ တော့ ကျန်းမာရေးမကောင်းဘူး’’ ဟုနွမ်းလျစွာပြောကြားသည်။

‘‘အဘက   နှလုံးမကောင်း ဘူး။ အရင်ကတည်းက ဆေးရုံပြ နေရတာ။ အခုက ကျီးပေါင်းနဲ့ မျက်စိပါရောဂါဖြစ်နေတယ်။ ဒီနေ့တော့အာမခံမရဘူး။ နောက် ရုံးချိန်းကျရင်တော့ မျှော်လင့်ရ တာပေါ့’’ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ အမှု ထပ်မံစစ်ဆေး ရန်အတွက် သြဂုတ် ၆ ရက်တွင် ထပ်မံချိန်းဆိုလိုက်ကြောင်း သိရ သည်။b


Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>