အယ်ဘိုလာ ဗိုင်းရပ်စ်စတင်ကူးစက်ခံစားရရင်စတင်ဖြစ်ပေါ်ခံစားရပြီးနောက်ဆုံးသေဆုံးတော့မဲ့ videoသရုပ်ပြ(ရုပ်.သံ)
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက အနောက် အာဖရိကတွင် အယ်ဘိုလာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၇၂၉) ဦးရှိနေပြီ ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် သတင်းပတ် ကြာသပတေးနေ့မှ စနေနေ့ အတွင်းတွင် ဂီနီယာ၊ နိုင်ဂျီးရီးယား၊ လိုင်ဘေးရီးယား နှင့် ဆီယာရာလီယွန်တို့ တွင် အယ်ဘိုလာ ဗိုင်းရပ်စ် ကြောင့် သေဆုံးသူ (၅၇) ဦးရှိခဲ့ကြောင်း ကဗ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက သတင်း ထုတ်ပြန်ထားသည်။ ထို့ပြင် အထက်ပါ (၄) ရက် အတွင်းတွင် ရောဂါထပ်မံ ဖြစ်ပွားမှုပေါင်း (၁၂၂) ခု ဖြစ်ပွားခဲ့ပြီး၊ ရောဂါ ကူးစက်ခံရသူ (၁၃၂၃) ဦးအထိ ရောက်ရှိ စေခဲ့သည်။
အယ်ဘိုလာ ဖြစ်ပွားခဲ့သည့် နိုင်ငံများ အနက် ဂီနီယာ နိုင်ငံသည် ရောဂါဖြစ်ပွားမှု အဆိုးရွားဆုံး နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့် သတင်းပတ် နောက်ဆုံး (၄) ရက် အတွင်းတွင် ဂီနီယာ နိုင်ငံတွင် အယ်ဘိုလာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀ဦးကျော် ရှိခဲ့ရာ ယင်းကြောင့် ဂီနီယာနိုင်ငံတွင် အယ်ဘိုလာ ဗိုင်းရပ်ကြောင့် သေဆုံးသူ (၃၃၉) ဦး အထိ ရှိသွားခဲ့ပြီ ဖြစ်သည်။
အာဖရိကတိုက်၏ လူဦးရေ အထူထပ်ဆုံးဖြစ်သည့် နိုင်ဂျီးရီးယား နိုင်ငံတွင်လည်း အယ်ဘိုလာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှု ပြီးခဲ့သည့် သတင်းပတ်တွင် ပထမဆုံး အကြိမ်စတင် ဖြစ်ပွားခဲ့သည်။
Messenger journal