Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

၄၃၆ ပြင်ဆင်ရန် ကြိုးစားနေချိန်၌ PR ပီအာရ်စနစ်ဖြင့် နိုင်ငံရေး မကစားစေလိုကြောင်း ဦးကိုကိုကြီးပြော

$
0
0
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဓိကပုဒ်မတစ်ခုဖြစ်သော ပုဒ်မ ၄၃၆ အား ပြင်ဆင်ရန်ကြိုးစားနေ ချိန်တွင် ရွေးကောက်ပွဲ စနစ်တစ်ခုဖြစ်သော အချိုးကျ ကိုယ်စားပြုစနစ် ပီအာရ်အား ဖော်ဆောင်ရန် ကြိုးပမ်း ကာ နိုင်ငံရေး မကစားစေလိုကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက သြဂုတ် ၆ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၌ ပြုလုပ်သော ပုဒ်မ ၄၃၆ နှင့်ပတ်သက် သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ရွေးကောက်ပွဲစနစ်သည် ရေရှည်ဆွေး နွေးညှိနှိုင်းရမည့်ကိစ္စတစ်ခုဖြစ်ပြီး ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်မည့် ကိစ္စသည် ၂၀၁၅ မတိုင်ခင် ပြုလုပ်ရမည် ကိစ္စတစ်ခု ဖြစ်သောကြောင့် ယခုကဲ့သို့ တိုက်တွန်းရ ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

““ကျွန်တော်တို့ နိုင်ငံရေးနယ်ပယ်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ဖို့ပဲ လိုလားပါ တယ်။ တစ်ယောက်နဲ့တစ်ယောက် အား စမ်းတဲ့ တစ်ယောက်ဒါလုပ်ရင် တစ်ယောက် ဒါလုပ်လိုက် မယ်ဆိုတဲ့ပုံစံမျိုးနဲ့ နိုင်ငံရေးကစားတာတွေ၊ လက်နက်တစ်ခု အဖြစ်နဲ့သုံးတာတွေ မလုပ်ကြဖို့တော့ အနူး အညွတ် မေတ္တာရပ်ခံချင်ပါတယ်။ လက်ရှိ လွှတ်တော်ဟာ နိုင်ငံရေးအရ ပြည့်ပြည့်၀၀ ကိုယ်စားပြုထားတဲ့ လွှတ်တော် မဟုတ်ဘူး။ တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ ရွေးကောက်ပွဲစနစ် လိုဟာမျိုးကို ဖုတ်ပူ မီးတိုက် ဆုံးဖြတ်မယ်ဆိုရင် ပိုပြီးရှုပ်ထွေး သွားစေနိုင်တယ်””ဟု ၈၈ မျိုးဆက် ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောသည်။…

အချိုးကျကိုယ်စားပြုစနစ်ပီအာရ်အား ဇူလိုင် ၂၄ရက်တွင်ပြုလုပ်သော ပြည်သူ့လွှတ် တော်အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ပုဇွန်တောင် မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က အဆိုတင်သွင်းခဲ့ပြီး ဇူလိုင် ၂၉ရက်တွင် လွှတ်တော်အတွင်း ဆုံးဖြတ်မှုခံယူပြီးနောက် သင့်တော်သည့် ရွေးကောက်ပွဲစနစ်ကို ဆွေးနွေးမည့်ကော်မရှင် ဖွဲ့စည်းမည်ဟု လွှတ်တော်က ဆုံးဖြတ် ချက်ချခဲ့သည်။

PR စနစ် တင်သွင်းမှုနှင့် ပတ်သက်၍ တိုင်းရင်းသားကိုယ်စားလှယ်အချို့က လွှတ် တော်မတက်ဘဲ ဆန္ဒဖော် ထုတ်ခဲ့သလို လွှတ်တော်တွင်း ဆွေးနွေးပြီးနောက်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အမတ် များက ယင်းစနစ်အား လက်မခံကြောင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သေး သည်။

အဆိုပါ အချိုးကျကိုယ်စားပြုစနစ် ပီအာရ်အား တိုင်းရင်းသားများအပါအ၀င် နိုင်ငံရေးအင်အားစုအသီးသီးမှ ကန့်ကွက် လျှက်ရှိပြီး ပီအာရ်စနစ်ဖော်ဆောင်ပါက တိုင်းရင်းသား စည်းလုံးညီညွတ်မှုပျက်ပြား နိုင်ကြောင်း ဝေဖန် သုံးသပ်လျက်ရှိသည်။

““ပီအာရ်ဆိုတာကို ဗမာပြည်နဲ့မအပ် စပ်တဲ့ဟာ မရှုပ်ရှုပ်အောင် လုပ်နေတယ်။ မဆိုင်တဲ့နေရာတွေမှာ မဆိုင် တာတွေ ၀င် ရှုပ်နေတယ်။ အရေးအကြီးဆုံးက ဖွဲ့စည်းပုံအခြေခံဥပဒေပဲ။ ၂၀၀၈ မပြင်မချင်း တိုင်းပြည်မှာ ရုတ်ရုတ်သဲသဲ ဖြစ်မှာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေ အရင်ရှင်း။ ပြီးမှ ကျန်တာလုပ်””ဟု ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် ဦးပီတာလင်းပင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

အမျိုးသားလွှတ်တော်၌လည်း ကိုယ် စားလှယ်များအား အချိုးကျကိုယ်စားပြု စနစ်ဖြင့် ရွေးချယ်ရန် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဇွန် ၃ရက်တွင် တင်သွင်းခဲ့ပြီး ဇွန်လ ၈ ရက်တွင်မဲခွဲဆုံးဖြတ်ကာ ထောက်ခံမဲ၁၁၇ မဲ၊ ကန့်ကွက်မဲ ၈၅ မဲဖြင့် ယင်းအဆိုအား အတည်ပြုခဲ့သည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန

Viewing all articles
Browse latest Browse all 32865

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>