ကျနော် မပြောတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ဟာ...ကလိမ်ကကျစ်ဇာတ်လမ်း
တွေက လုပ်လာပြန်ပြီ...သတင်းသမားတစ်ဦးက လှမ်းပြောလို့ သိတာ.......
ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ Asian foreign minister ပွဲမှာကျနော့်ကိုနှင်
ထုတ်တာဟာ....ဗီဇာသက်တမ်းကျော်လို့ ဆို ပြောပါတယ်။ ဗီဇာသက်တမ်း
လေးရက်ကျော်တာမှန်ပါတယ်....အတွေ့အကြုံရှိသူများက..ကျနော့်ကိုပြောပါတယ်....
ရက်အနည်းငယ်လောက်ပဲ ထပ်နေမယ်ဆိုရင်...အပြန်လေဆိပ်မှာ တစ်ရက် ၃ ဒေါ်
လာနဲ့ ဒဏ်ကြေးပေးဆောင်သွားတာ ကောင်းပါတယ်....ဗီဇာသက်တမ်းက အကြာကြီးနေမယ်ဆိုရင်သာ ( နောက်ထပ် အနည်းဆုံး သုံးလပေါ့ ) တိုးသင့်ကြောင်း အကြံပေးတယ်....လူတိုင်းနီးပါးလည်း...ဗီဇာသက်တမ်းထက်ရက်သိပ်အကြာကြီးမနေ
ဘူးဆိုရင်ဒဏ်ကြေးပေးပြီး ပြန်ထွက်ကြတယ်....ဒါ လုပ်နေကြပါ.....ကြုံဘူးသူတိုင်းအား
လုံးသိပါတယ်.......။ ကျနော် မေးချင်တဲ့ မေးခွန်းကိုလည်း သတင်းသမားများအနေ
နဲ့ မေးပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်..........။
( ဗီဇာ သက်တမ်းကျော်သူတိုင်းကို...လ၀က ၊ ရဲများနဲ့ အင်အားသုံး
ပြီး တိုင်းပြည်မှ နှင်ထုတ်ပါသလား )....................။
( အရာရာတိုင်းကို ဥပဒေနဲ့ အညီလုပ်ပါတယ်လို့ အာမခံနိုင်ပါသလား )
ကျနော် ထိုင်းနိုင်ငံမှာ တရားမ၀င် နှစ် နှစ်လောက်နေဘူးပါတယ်..ဘာအထောက်
အထား စာရွက်စာတမ်းမှကို မရှိတာပါ....။ ထိုင်း ကျောင်းသားများကို စာသင်ပေးတဲ့အခါ
ကျနော် ဘာဆိုတာကိုသိရက်နဲ့ ဖမ်းဘို့နေနေသာ...ရဲများကလဘက်ရည်ဆိုင်မှာတောင် လဘက်ရည်ဘိုး ရှင်းပေးသွားတာ...ဒု မြို့ပိုင်ကိုယ်တိုသူ့သမီးကိုသင်တန်းလာပို့တာ...
ဒီလိုသာဓကတွေ ရှိခဲ့ဘူးပါတယ်.......။ ဗီဇာ သက်တမ်းမကုန်သေးလို့..ရက်ကျန်နေသေး
ရင်လဲ....အကြောင်းပြချက်တစ်ခုနဲ့ နှင်ထုတ်ဦးမယ်ဆိုတာ သိထားပြီးသားပါ....ကျနော်
ရေနံချောင်းကို မလာခင် ( လာမယ်ဆိုတာ ပြောထားကထဲက ) မကွေးတိုင်း အစိုးရအဖွဲ့
က မြို့နယ် လ၀က၊ ထွေအုပ်၊ ရဲများကို ( ကျနော်နဲ့ ပတ်သက်လို့ အမြန်ဆုံးပြန်လွှတ်နိုင်
ဘို့ အကွက်တွေ ရွေ့ထားပြီး ဖြစ်တယ် ဆိုတာ ) မြို့ခံ တော်တော်များများသိနေပါတယ်။
ဒီလို ပြန်လွှတ်လိုက်တဲ့အတွက် သိပ်မအံ့သြပါဘူး....အင်္ဂလိပ်စာသင်ယူ
လိုသူများအတွက် စိတ်မကောင်းတာက လွဲလို့....၀မ်းလည်း မနည်းပါဘူး။ ကျနော့်ကိုအဓိ
က နှင်ထုတ်ဘို့အတွက် အကြောင်းပြချက်မျိုးစုံ ရှာထားပြီးသားပါ....သိပ်ကလေးဆန်ပါ
တယ်...ကလေးကလား စကားတွေမပြောကြပါနဲ့.....ရီရတယ်။ပြီးရင် ရွံဘို့ကောင်းတယ်။
ဘင်င်္ဂလီများကို ၀ှိုက် ကဒ် ထုတ်မပေးခင်...သူတို့ကို ဘင်္ဂလားဒေ့ရှ်
ပြန်ပို့ပြီးမှ...ဒီဘက်ကနေ...၀ှိုက်ကဒ်ထုတ်ပေးပြီး..ပြန်လာခိုင်းတာလား..မေးပါရစေ....
ဖြေနိုင်မယ်ဆို....ဖြေပေးပါ။
မောင်မောင်ဝမ်း
(Maungmaung wann)