Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပဲခူးရေဘေးအတွင်းမှ အတောက်ပဆုံးပုံရိပ်-Thorn Nay Soe

$
0
0
ရော့ ရော့ တကာမကြီး
ဟော့ဒီမှာ ဆန်ထုတ်
နောက်တစ်ထုတ်က နင့်သားလေးအတွက်။

နင့်ပခုံးပေါ်က ရင်သွေး
နင့်ပခုံးပေါ်က အနာဂတ်
နင့်ပခုံးပေါ်က မျှော်လင့်ချက်။

နင်တို့အိမ်ထဲမလဲ ရေတွေ အားကြီးပါလား?
နင့်ခင်ပွန်း တကာကြီးကောမမြင်ပါ့လား?
နင်တို့အနေအထိုင် အဆင်ပြေရဲ့လား?

အလာပသလာပ
ဆိုကောင်းဆိုဖြစ်ကြပေလိမ့်မယ်။ ဒါပေမယ့် …
နင် ဘယ်ဘာသာလဲ?
နင့်ခင်ပွန်း ဘယ်ဘာသာလဲ?
သူတို့မမေးဖြစ်ကြမှာ သေချာရဲ့။

ရှိခိုးတဲ့ဘုရားမတူရုံနဲ့
လူချင်းကွဲပြားစရာ မဟုတ်ဘူးလေ။
ရှိခိုးတဲ့ဘုရားမတူရုံနဲ့
ဒုက္ခဟာ
ဟိုဘက်လမ်းက ကွေ့ထွက်သွားမှာမဟုတ်ဘူး။

ဘယ်သူ့အိမ်ထဲကိုမဆို
ရေလွှမ်းမှုဟာ ဘာသာလူမျိုးမခွဲပဲ ဝင်ရောက်ခဲ့။
ဘယ်သူ့အိမ်ထဲကိုမဆို
ရန်သူမျိုးငါးပါးဟာ ဘာသာလူမျိုးမခွဲပဲ ဝင်ရောက်ခဲ့။

အသက်ရှင်ဖို့ရာ ခက်ခဲလွန်းလှသမို့
ညည်းတွားနေရချိန်မှာ
ဘယ်ဘာသာဝင်ဖြစ်ပေစေ တို့လိုအပ်တာ
ကူညီဖို့လက်တစ်ဘက်ကမ်းရုံသာ။

သင်္ဃန်းရုံထားတဲ့လက်က
အသက်ဆက်ဖို့ဆန်ဝေတဲ့အခါ
သင်္ဃန်းဟာ ကယ်တင်ခြင်းရဲ့အမှတ်အသား
ဖြစ်သွားတယ်။

သင်္ဃန်းရုံထားတဲ့လက်က
သစ်သားတုတ် တရမ်းရမ်းပြုနေတဲ့အခါ
သင်္ဃန်းဟာ ဘယ်လိုအမှတ်အသားဖြစ်သွားမလဲ?

သေချာတာက
ငြိမ်းချမ်းရေးကို လူသတ်ခြင်းဖြင့်မရနိုင်။
သံသရာကို အကြမ်းဖက်ခြင်းဖြင့်မလွတ်မြောက်နိုင်။
ဗုဒ္ဓသာသနာကို အမုန်းစကားဖြင့် မပြုနိုင်။

ပဲခူးရေဘေးအတွက် ဆန်ဝေနေတဲ့
သံဃာတော်တို့ပုံရိပ်ဟာ
မျက်စိကနေ နှလုံးသားထိ စီးဝင်တယ်။

အဲဒီအရှင်တို့ စီးတဲ့လှေအောက်ကရေ
မဟာသမုဒ္ဒရာအနှံ့ ပျံနှံ့ပြီး
ကောင်းသတင်းကိုဆိုကြပေလိမ့်မယ်။

ဒါ ငါတို့ သံဃာတွေပါလား။
ဒါ ငါတို့ ရတနာသုံးပါးပါလား။
ဒါ ငါတို့ ရှိခိုးဦးတင်ရာပါကလား။

အားကိုး မြတ်နိုး ယုံကြည်တဲ့စိတ်ဟာ
ပီတိနဲ့အတူ နှလုံးသားကို လွှမ်းခြုံတယ်။

ဘုရားရယ် တရားရယ် ပြီးတော့သံဃာရယ်
တဂိုဏ်းထဲအတူရှိခဲ့။
ဘုရားကြိုက်သော တရားစကားများကိုသာ
သံဃာတော်တို့ထံမှ ကြားရပါစေသား။
သင်္ဃန်းရုံထားသောလက်မှ
မေတ္တာပြယုဂ်များသာထွက်ပေါ်လာပါစေသား။
ဒီနေ့ကစ ဘဝတစ်ခုလုံးအတွက်
ဆုပန်ခြွေမိပါလေရဲ့။

(ဓါတ်ပုံကို ကိုခင်မောင်ဝင်း- အေပီ ထံမှ ရရှိပါသည်)
Thorn Nay Soe

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>