Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

၈၈ နဲ့ပါတ်သတ် ပြီး မသိလို့ မဖြစ်တဲ့ အကြောင်း နဲ့ မလေးမစား မလုပ်သင့်တဲ့ အကြောင်း အချက်၂ချက်-

$
0
0
ဒီ နေ့ ၈လေးလုံး လူထုအုံကြွမှု ၂၆ နှစ် ပြည့်ပြီ ဆို တာ တွေးမိ ရင်း အဲဒီ ကာလ နဲ သက်ဆိုင် တဲ့ လူ တစ်ယောက် အနေ နဲ့ အခုမျိုးဆက် လူငယ်တွေ ကို ရင်ထဲ မှာ အမှတ်တရ ပြောချင် တာလေးရှိ တယ် ။
အများ ကြီးမဟုတ်ပါဘူး။ ၂ ချက်ထဲပါ ။ ၈၈ နဲ့ပါတ်သပ်ပြီး မင်းကိုနိုင် ၊ ကိုကိုကြီး စတဲ့ ၈၈ မျိုးဆက်တွေ ကို မသိချင် မသိ လို့ လို့ ရ တယ် ၊ အသိအမှတ် မပြုဘူး ၊မလေးစား ဘူး လို့ ဆိုလည်း ရတယ် ။ ဒါပေမယ့် ၈၈ နဲ့ပါတ်သတ် ပြီး မသိလို့ မဖြစ်တဲ့ အကြောင်း နဲ့ မလေးမစား မလုပ်သင့်တဲ့ အကြောင်း အချက်၂ချက်ရှိတယ် ။

ပထမ တစ်ချက် က ၈၈ လူထုအုံကြွမှု ဖြစ် ရ တဲ့ အကြောင်းတရား တွေ ထဲ က အရေးပါဆုံး အကြောင်းဖြစ်တယ်။ လူ တစ်ဦး တယောက် ရဲ့ သြဇာအာဏာ ၊ အိမ်မက်၊ စိတ်ကူး အောက် မှာ နှစ်ပေါင်း၂၆နှစ် ကြာ နေခဲ့ ရ တဲ့ ကျွန်တော်တို့ တိုင်းပြည် ရဲ့ ဘဝ ပါ ။ ကမ္ဘာ့ နိုင်ငံတွေ ကြားမှာ တင့်တောင်း တင့်တယ် နေနိုင်ခဲ့ တဲ့ ကျွန်တော်တို့တိုင်းပြည် ဟာ အဲဒီ ၂၆ နှစ်တွင်း မှာ ကမ္ဘာ့အဆင်းရဲ ဆုံးနိုင်ငံ စာရင်းထဲ ရောက် သွား ခဲ့ ပြီး တိုင်းပြည် ကို ခေါင်းဆောင်နေ တဲ့ လူ ကတော့ ကမ္ဘာ့ အချမ်းသာဆုံး နဲ့ အာဏာရှင် စာရင်းထဲ ရောက် သွား ခဲ့တယ်။ နောက်ဆုံးမှာတော့ သူတောင်းစား အိတ်ထဲ က ပိုက်ဆံ ကနေ သူကြွယ်သူဌေး တွေ အိတ်ကပ် ထဲ က ပိုက်ဆံ အထိ တန်ဖိုးမဲ့ တဲ့ စက္ကူတွေ ဖြစ်သွား အောင် သူ့ ရဲ့ အာဏာ ကို လက်လွန်ခြေလွန် အသုံး ပြု ပြီး တိုင်းပြည် မှာ မှီတင်းနေထိုင်တဲ့ ပြည်သူတွေ အပေါ်မှာ သေဆိုသေ ရှင်ဆိုရှင် သူပိုင် ကျေးကျွန် သဖွယ် အနိုင်အထက် ပြုကျင့်ခဲ့တယ် ။ အဲဒီမှာ ပဲ ဒဏ်ရာပေါင်း များ စွာနဲ့ ပြည်သူလူထုကြီး ဟာ အုံကြွတော်လှန် ပြီး အဲဒီ အာဏာရှင် ကို ဖြုတ်ချ ဖို့ကြိုးစားကြတယ် ။ အဲဒီ ကြိုးပမ်း မှု ကို အာဏာရှင်ဆန့်ကျင်ရေး ၈လေးလုံး လူထုလှုပ်ရှား မှု လို့ ခေါ်တယ် ။ ဒါကို အားလုံး သိထားဖို့ လိုအပ်တယ် ။ ဘာကြောင့်လည်း ဆိုတော့ ဒီလို ပြင်ဆင် ငြင်းပါယ်ခွင့် မရှိ တဲ့ တစ်ချက်လွှတ် အာဏာမျိုး လူတစ်ဦး တယောက် ရဲ့ လက်မှာ ရှိ နေ ပြီဆိုရင် သူ့ လက်အောက်မှာ နေရ တဲ့ နိုင်ငံ နဲ့ ပြည်သူ တွေ ရဲ့ ဘဝ တွေ ဟာ ဘယ်လောက် အန္တရယ် များပြီး လူ့တန်ဖိုး ပါ ပျောက်ဆုံး သွားရတက်လည်းဆို တာ နားလည်ဆင်ခြင်နိုင်ဖို့ပါပဲ ။

ဒုတိယ တစ်ချက် အနေ နဲ့ တလေးတစား ရှိထိုက် တဲ့ အကြောင်း က အဲဒီ ၈ လေးလုံး လူထုအုံကြွမှု ကြီးမှာ ပြသ ခဲ့ တဲ့ လူထု လူတန်းစားအလွှာစုံ ပေါင်းစည်း ညီညွတ်မှု ကြီးပါ ။ အဲဒီ လို ကြီးမား ကျယ်ပြန့် တဲ့ လူထု လူတန်းစား အလွှာစုံ ညီညွတ်မှု မျိုး အင်္ဂလိပ် ကို တော်လှန်တုန်း က လည်း မရ ခဲ့ သလို၊ ဂျပန် ကို တိုက်ထုတ် တုန်း ကလည်း မရှိ ခဲ့ဘူး ။ ရဟန်းသံဃာတော်တွေ ၊ ကျောင်းသား ကျောင်းသူ တွေ ၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အလွှာပေါင်းစုံ က သာမန် ပြည်သူတွေ အပြင် အစိုးရ ဝန်ကြီးဌာန ပေါင်းစုံ က ဝန်ထမ်း အဆင့်ဆင့် ကသာမက ကြည်းရေလေ တပ်တွေ က လက်နှက်ကိုင် တပ်ဖွဲ့ ဝင်တွေ ၊ ရဲတပ်ဖွဲ့ဝင်တွေ ၊ SB တွေ ၊စသုံးလုံး အဖွဲဝင်တွေ စတဲ့ အစိုးရ ဝန်ထမ်းတွေ ပါ သူတို့ ရဲ့ သက်ဆိုင်ရာ အဖွဲ့ အစည်း တွေ ကို ကိုယ်စားပြုပြီး ပါတီစုံဒီမိုကရေစီ စနစ်ပြောင်း လဲ ရေး အတွက် ငြိမ်းချမ်းစွာ လမ်းပေါ်တက် ဆန္ဒပြခဲ့ ကြတာပါ ။
ကျွန်တော် ပြောချင်တာက ...အဲဒီတုန်းက သာ လူထု ရင် ထဲ မှာ အလွန်တက်ကြွပြင်းထန်နေတဲ့ တိုင်းပြည် ကို ပြုပြင်ပြောင်းလဲချင်တဲ့ စိတ်တွေ ကို တည်ဆောက်ရေး ဖက်ကို လှည့် ပြီး အသုံးပြုနိုင် ခဲ့ မယ်ဆိုရင် ....

ဆန္ဒပြတဲ့ပြည်သူတွေ နဲ့ နိုင်ငံရေး အင်အားစုတွေ ကို ရန်သူ လို သဘော မထား ပဲ အဲဒီ အချိန် ကတည်း က တူတာတွေ ပေါင်းလုပ် ပြီး မတူတာတွေ ညှိနှိုင်း ဆောင်ရွက်ခဲ့ မယ် ဆိုရင် ... တိုင်းပြည်ဟာ အခု ရောက် နေတဲ့ နေရာ ကို လွန်ခဲ့ တဲ့ အနှစ် ၂၀ ကတည်း ကရောက်နှင့် နေပြီ ဆိုတာပါပဲ ။
အမှန်တရား ကိုမြင်ဖို့ ၊ မှားနေတာ ကို ငြင်းဆန်ဖို့ ၊ မှန်တာ ကို အချိန်မှီ လုပ်ပြီး မှား နေတာ ကို အချိန် မလွန်ခင်ပြင်ဆင်ဖို့ ဆိုတာ အမိန့် တစ်ခုကို စောင့်ပြီး ၊ ညွှန်ကြားချက်တွေ ကို အကောင်အထည်ဖေါ်သလို လုပ်လို့မရပါဘူး ၊ နှလုံးသား နဲ့ ၊ ခံယူချက် နဲ့ ၊ သတ္တိ နဲ့ ၊ ကိုယ်ကျိုးစွန့် တဲ့စိတ် နဲ့ ၊ ကိုယ့်ကိုယ်ကို စတေးဝံ့ တဲ့ စိတ်နဲ့ လုပ် ရတာမျိုးပါ ။ ..... အဲဒါ ကျွန်တော်ပြော တာ မဟုတ်ဖူး ၊ အခု အပြောင်း အလဲအကြောင်းကို တွင်တွင်ပြော နေတဲ့ သူ တွေ နင်းထား တဲ့ လမ်း မတွေ ပေါ် က အပြောင်းအလဲ ကို တောင်းဆို ရင်း အပြစ်ပေး သေနတ် ကျည်ဆန် မှန်ပြီး သေဆုံး သွား တဲ့ ၁၉၈၈ က မြန်မာနိုင်ငံသား တွေ ရဲ့ မခြောက်သေး တဲ့ သွေး တွေ က ပြော တာ ပါ ။
(၉.၈.၂၀၁၄)
Thiha Thwe

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ