Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သံသယ၊ သံသရာ – ဆောင်းဝင်းလတ်

$
0
0


ဝန်ကြီးဆိုတာ ကိုယ်တာဝန်ယူရတဲ့ ဌာနမှာ တာဝန်ကျေရမယ်။ တာဝန်မကျေ၊ အချိန်တွေကုန်နဲ့ အလုပ်မဖြစ်နိုင် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မွန်ပြည်နယ် မော်လမြိုင်မြို့ကို တစ် ခါက ဆရာမဒေါ်သန်းမြင့်အောင်၊ ဆရာမ ဒေါ်မြသန္တာတို့နဲ့အတူစာပေခရီး ကျွန်တော် လိုက်သွားပြီး ရန်ကုန်ကို အဝေးပြေးကား အ၀င်မှာ အိမ်ကိုပြန်ဖို့ အငှားတက္ကစီကား ငှားစီးခဲ့ပါတယ်။ ကားဆရာက လူငယ်ပါ။ အဲဒီတုန်းက န.အ.ဖ စစ်အစိုးရက ကျင်းပ ပေးမယ်ဆိုလာပြန်တဲ့ အထွေထွေရွေး ကောက် ပွဲကလည်း နီးပြီမို့ တချို့လမ်းထောင့်၊ လမ်းကွေ့၊ လမ်းထိပ်တွေမှာ ဗီနိုင်းဆိုင်း ဘုတ်တွေထောင်ကြ၊ မဲဆန္ဒရှင်တွေကို ကြိုဆိုမဲဆွယ်ကြတဲ့ အရေးအသားစာတန်းလေး များကလည်း နေရာ အနှံ့ပေါ့။ ကျွန်တော့် ရဲ့ကားဆရာလူငယ်လေးကတော့ စကားပြောတာ ရှင်းတယ်။ ပြတ်သားတယ်။

““ဒီတိုင်းပြည်မှာ ကျွန်တော့်ကို မင်းကို ၀န်ကြီးနေရာပေးမယ်၊ မင်းလုပ်မလား”” လို့မေးရင် ““မလုပ်ချင်ဘူး”” လို့ပဲပြောလိုက်မယ်တဲ့။ ဘာဖြစ်လို့လဲလို့ ကျွန်တော်က မေးတော့ ““၀န်ကြီးဆိုတာ ကိုယ်တာဝန် ယူရတဲ့ဌာနမှာ တာဝန်ကျေရမယ်လေ။ ၀န်ထမ်းတွေကအစ ပေါ့တီးပေါ့ဆနဲ့တာဝန်မှ မကျေကြတာ။ ကျွန်တော်ပါရောပြီး သူတို့ လိုပဲ တာဝန်မကျေ၊ အချိန်တွေကုန်နဲ့ အလုပ်မဖြစ်နိုင်ပါဘူးဗျာ””တဲ့။ သူနဲ့ဆက် ပြီးစကားစပ်မိတော့ ပထမဆုံး သူပြောပြ တာက သူ့အဘွားရဲ့ကိုယ်တွေ့ကိစ်္စ။ သူ့ အဘွားက အသက် ၈၆ နှစ်တဲ့။ တစ်ရက် မှာတော့ မနက် စောစောအိပ်ရာထပြီး မျက်နှာသစ်ဖို့ ရေချိုးခန်းအ၀င်မှာ မတော် တဆချော်လဲကျသတဲ့။ ပေါင်ကျိုးသွားတာ နဲ့ ဆေးရုံတင်ကြရ တယ်။ ဆေးရုံပေါ်မရောက် ခင်အ၀င်ဝမှာ ပိုက်ဆံတစ်ခါပေးရတယ်။ …လူနာကို တွန်းလှည်းနဲ့ သယ်တော့ ပိုက်ဆံ ပေးရတယ်။ လမ်းလုံးဝမလျှောက်နိုင်တဲ့ လူနာဆိုတော့ အပေါ်ထပ်တက်ဖို့ ဓာတ် လှေကား သုံးရတော့လည်း ပိုက်ဆံပေးရ တာပဲ။ လူနာဆောင်ခန်းထဲ ၀င်ရတော့မယ့် ဆဲဆဲမှာ အခန်းဝက ထိုင်စောင့်နေ တဲ့ အစောင့်ကိုလည်း ပိုက်ဆံပေးရတာပေါ့။ ဒါနဲ့ အဆောင်ခန်းထဲရောက်သွားတယ်။ လူနာခုတင်ရဖို့ ပေးလိုက် ရပြန်ပြီ။ လူနာ အပေါ့အပါးသွားချင်လို့ သူ့ကိုလိုက်ပို့တဲ့ သူထဲကလည်း သန့်စင်ခန်းခဏလောက် ၀င်ချင်လို့။ အဲဒီလို ၀င်ချင်ရင်လည်းပိုက်ဆံ နဲ့ပဲပေါ့။ ခုတင်ရပြီ။ လူနာလည်း ခုတင် ပေါ်ရောက်နေပြီ။ ဘယ်သူမှတော့ လာ မကြည့်သေးပါဘူး။ ဆေးရုံအနေအထားကို ကြည့်လိုက်တော့လည်း တော်တော်အိုမင်း ဟောင်းနွမ်းနေပြီပဲ။ စာတွေကလည်း နေရာအနှံ့မှာ ကပ်ထားပါလား။ စရိတ်မျှပေး ကျန်းမာရေးတဲ့။ နောက်ထပ်ကပ်ထားတဲ့ စာတန်းတချို့ကတော့ ဆေးရုံ ဆိုတာနဲ့လုံးဝ မအပ်စပ်သလိုပဲ။ ဆေးရုံမှ ဟုတ်ပါရဲ့လား လို့တောင် စဉ်းစားစရာ စာတန်းပေါ့။ ဘာတဲ့။ မလိုအပ်ဘဲ မီးမသုံးပါနဲ့တဲ့။ ဆေးရုံ ဆိုတာ လျှပ်စစ်မီးအဓိကပဲလေ။ လူနာ တွေ၊ လူနာ စောင့်တွေ၊ သူနာပြုတွေ၊ ၀န် ထမ်းတွေ၊ ဆရာဝန်တွေအတွက် လျှပ်စစ် မီးဟာ ၂၄ နာရီ အမြဲလိုအပ်နေတာပဲ မဟုတ်လား။ ဒီစာတန်းကြီးကတော့တော် တော်ကိုးရိုးကားရား နိုင်လွန်းလှတယ်။ ဒီ လိုနဲ့ အတော်ကြီး ကြာတဲ့ အထိ လူနာခုတင်ကို ဘယ်သူနာပြုမှ လာမကြည့်ကြသေး တော့ အဘွားကြီးရဲ့ မြေးမလေးတစ် ယောက် က ဘေးခုတင်က လူနာစောင့် အမျိုးသမီးကို အကျိုးအကြောင်း မေးကြည့် တယ်တဲ့။ ဟုတ်ပြီ။ ဒီလိုပါလားပေါ့။ ဒါနဲ့သူနာပြု ဆရာမတွေ ထိုင်နေတဲ့ အခန်း ထဲဝင်သွားလိုက်တယ်။

““အပ်မှာလား””လို့ တစ်ယောက်က မေး တယ်တဲ့။ ““ဟုတ်ကဲ့ အပ်ပါ့မယ်””လို့ပဲ ပြောလိုက်ရတော့ တယ် တဲ့။ ကလေးကို ကျောင်းအပ်သလိုမျိုး ဆို ပါတော့။ ခုလည်း လူနာအဘွားကြီးအတွက် ပိုက်ဆံနဲ့ပဲ သူတို့လက်ထဲအပ်လိုက်ရပြီ။ အဲဒီလိုနှစ်ဦးနှစ် ဖက် စကားပြောဆိုသဘော တူ လူနာအပ်နှံပြီးကြတော့မှ ခုတင်ပေါ်က လူနာကိုလာကြည့်တဲ့ အခန်းကဏ္ဍက စ လှုပ်ရှားမှု ရှိလာပါတော့တယ်။ ဆရာဝန်၊ သူနာပြုပြီးတော့ ကုသမှုအပိုင်း၊ ဒါတွေက သူ့အပိုင်းနဲ့သူ ငြိမ်သက် နေကြတဲ့ စက်ရုပ် တွေကို သံပတ်ပေးလိုက်သလိုပါပဲ။ သူ့ ကဏ္ဍနဲ့သူ အသက်ဝင်လာကြတယ်။ ဟန်ချက် ညီညီလှုပ်ရှားလာကြတယ်။ ဆေးဝယ်ဖို့ ရေးပေးသမျှဆေးတွေ ဆင်းဝယ်လိုက်ရ တာလည်း ခဏခဏ။ ၀ယ်ပြီး တာနဲ့ ဆရာမတွေလက်ထဲသွားအပ်ထားရတယ်။ ၀ယ်တဲ့အရေအတွက်နဲ့ လူနာကိုတိုက်တဲ့ ဆေး၊ ထိုးပေးတဲ့ ဆေး အရေအတွက်ကျတော့ နေ့စဉ်နေ့တိုင်း ၀ယ်နေရတဲ့ဆေးတွေရဲ့ အရေအတွက်က ပိုပြီးများသထက်များ လာတာကို လူနာစောင့်တွေက သိကြတယ်။ ဒါပေမဲ့ သူတို့နဲ့ အပြောအဆိုပိုင်းက အစပြဿနာ ဖြစ်သွားရင် ကာယကံရှင် လူနာပဲ အထိပိုနာလိမ့်မယ်။ အဘွားကြီးကို ခွဲစိတ်ကုသရတယ်။ ကျိုးသွားတဲ့ ပေါင်ရဲ့ နေရာမှာ စတီးလ်ချောင်းထည့်ရတယ်တဲ့။ ““ကုန်လိုက်တဲ့ ပိုက်ဆံတွေဆိုတာ ဆရာရယ်””လို့ ကျွန်တော့်ဘေးမှာ စတီရာ ရင် ကိုင်ရင်း တဖွဖွပြောပြနေတဲ့ တက္ကစီသမားလေးက သူ့အဘွားဆေးရုံ တင်ရတဲ့ကိစ္စမှာ ပိုက်ဆံ ဘယ် လောက်ကုန်သွားသလဲဆိုတာ ဆက်ပြောတော့ ကျွန်တော်တောင် မတော်တဆ လမ်းသွားရင်ချော်လဲတာ၊ အဆစ်လွဲတာ မဖြစ်ပါရပါစေနဲ့လို့ ကျိတ်ပြီးဆုတောင်း လိုက်မိတယ်။ အသိတရားတစ်ခုကတော့ ပိုက်ဆံမရှိရင် သွားပြီဆိုတဲ့ အသိတရားပါပဲ။

တက္ကစီမောင်းသမားလေး ဆက်ပြော ပြတာကတော့ ပိုပြီးကြောက်လန့်တုန်လှုပ် စရာကောင်းတယ်။ ဆေးရုံကိစ္စပဲ။ သူ့မိတ်ဆွေ လူငယ်လင်မယားရဲ့ကိစ္စ။ မိန်းမ ဖြစ်တဲ့သူကို ဆေးရုံ အရေး ပေါ်တင်လိုက်ရတဲ့ သူ့သူငယ်ချင်းကိစ္စ။ အဲဒီတုန်းက သူ့သူငယ်ချင်းကလည်း ရပ်ကွက်ထဲမှာ ရုတ်တရက်ကြီး အလောတကော ပိုက်ဆံ လိုက်ရှာတာ ရသင့်သလောက်မရဘူး။ လူနာဆေးရုံပို့တာရယ်၊ ပိုက်ဆံရှာဖို့ ရပ်ကွက် ကို ပြန်လာတာရယ်ကအစ သူ့ကားကိုပဲ သုံးထားပေမယ့် သူငယ်ချင်းဖြစ်နေတော့ ကားခလည်း မတောင်း မိပါဘူး။ တောင်းဖို့ ကလည်း ဘယ်ပြောထွက်ပါ့မလဲ။ သူငယ် ချင်းလင်မယားက လင်ရော မယားရော သင်္ဃန်း ကျွန်းဘက်က အမွှေးတိုင်လုပ်တဲ့ စက်ရုံမှာနေ့စားလရှင်းဝင်လုပ်နေတဲ့ လင်မယား။ ပြီးတော့ ဒဂုံမြို့သစ်က ရပ်ကွက် တစ်ခုမှာသူများ အိမ်ငှားနေကြရတာ။ သား သမီးတော့ မထွန်းကားသေးဘူး။ ဒါပေမဲ့ ရရစားစားပဲပေါ့။ ငွေပိုငွေလျှံ ဘယ်ရှိကြပါ့မလဲ။ ဒီတော့ မိန်းမဆေးရုံတင်လိုက်ရပြီ ဆိုရင်ပဲ မျက်ကလဲဆန်ပျာ ယောင်တိ ယောင်ချာနဲ့ ပိုက်ဆံလိုက်ရှာရတာ ထင် သလောက် ခရီးမပေါက်ရှာပါဘူး။

““ကျွန်တော့်သူငယ်ချင်းက ဆေးရုံနဲ့ ရပ်ကွက်နဲ့ကို ကူးချည်သန်းချည်နဲ့ နှစ်ခေါက် ကျတယ်။ ကျွန်တော် ကား မောင်းပြီး ပို့ပေးနေရတာ။ ကုန်ကုန်ပြောမယ် ဆရာ။ သူ့အိမ်မှာ ရှိသမျှ အိုးခွက်ကအစ သူသွား ပေါင်ရတာ ကျွန်တော့်မျက်မြင်ပဲ။ ကျွန် တော်လည်း ကားခမယူတော့ပါဘူး။ ပြီးတော့ ကျွန်တော့်မှာရှိတဲ့ ခြေစောင့် လက် စောင့်ပိုက်ဆံထဲက နည်းနည်းဖဲ့ပြီး သူ့ကို ကူညီလိုက်သေးတယ်။ ဆေးရုံ တင်ရတာ ဘယ်လောက် ကြောက် စရာကောင်းလဲဆိုတာ ကျွန်တော်ပြောပြမယ်။ လူနာနော်။ သူ့မိန်းမလူနာကျတော့ ကျွန်တော်တို့ အဘွားတုန်း ကလို ရက်ချိန်းယူပြီး ခွဲစိတ် ခန်းထဲဝင်ရတာ မဟုတ်ဘူး။ အရေးပေါ် ချက်ချင်း ခွဲစိတ်ခန်းထဲဝင်ရမယ့် ကိစ္စ။ လူ နာကတော့ ခွဲစိတ်ခန်းထဲရောက်သွားပြီ။ ဒီဇယ်ဖိုး။ ညဘက်ကြီးဆိုတော့ မီးစက် နှိုးပြီး ခွဲစိတ်တဲ့အခါ မီးစက် အတွက်လို အပ်မယ့်ဒီဇယ်ဖိုး။ အဲဒီလိုအပ်မယ့် ဒီဇယ် ဖိုးကို လူနာရှင်ဘက်ကပေးမှာလား။ မပေးဘူးလား ဆိုတဲ့အဖြေကို စောင့်နေကြသေး တယ်။ ကျွန်တော်စိတ်မရှည်ဘူး။ ပေး မယ်ဗျာ။ ကျွန်တော့်သူငယ်ချင်း မပေး နိုင်ရင် ကျွန်တော်ပေးမယ်။ ခင်ဗျားတို့ လုပ် စရာရှိတာသာ အမြန်လုပ်ကြပါတော့ဗျာ လို့ ပြောလိုက်တော့မှ ဆရာရေ့”” ဆိုပြီး တညည်းညည်း တညူညူနဲ့ သူပြောပြနေတာ နားထောင်ရင်း ကျွန်တော့်စိတ်ထဲမှာ တော် တော့် ကို ကုန်ခန်းသွားခဲ့ရတယ်။ တက္ကစီသမား လူငယ်လေးပြောတာလည်း မှန်ပါ တယ်။

““ဆရာစဉ်းစားကြည့်လေ… ဘာ တာဝန်တွေမှမကျေတဲ့ နေရာလေး တစ် နေရာရလို့ဆိုပြီး ကျွန်တော် ၀န်ကြီး တက် လုပ်မယ်ဆိုရင် ကျွန်တော့်လောက် စိတ် ဓာတ်အောက်တန်းကျတာ ရှိပါဦးမလား ဗျာ””တဲ့။ အိမ်ရှေ့ ရောက်လို့ ကားပေါ်က ဆင်းပြီး သူ့ကို လက်ပြနှုတ်ဆက် ကျန်ရစ် ခဲ့တဲ့အခါမှာ ကျွန်တော်နားလည် လိုက်ရ တာကတော့ ““ဒီနေ့ လူငယ်လေးတွေကို တာဝန်ကျေနိုင်မယ့်သူတွေက လက်တွေ့ ကျကျယုံကြည်မှုေ ပးနိုင်မှ လူငယ်လေးတွေကလည်း ဘယ်သူတွေကိုမှရွေးပြီး ယုံကြည်ရမယ်ဆိုတာ နားလည်သဘော ပေါက်နေကြ ပါပြီ”” ဆိုတာပါပဲ။

မြန်မာသံတော်ဆင့်သတင်းဌာန

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>