




ဗြဟ္မစိုရ်မိတ်ဆွေများ
"ဗြဟ္မစိုရ်တရားတွေ ခေါင်းပါးနေသ၍ ဒီတိုင်းပြည်ကြီးဟာကပ်ဘေးအမျိုးမျိုးတွေ ကြုံတွေ့နေရပါ လိမ့်မယ်" ဟု လွန်ခဲ့သောနှစ်ပေါင်း (၆ဝ) ကျော်ကတည်းက ရဲရဲဝံ့ဝံ့ ဟောကိန်းထုတ်ခဲ့သူမှာလွတ်လပ် ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းပင်ဖြစ်သည်။ မှန်လွန်းလှ တိကျသေချာလွန်းလှသည့် အမျှော်အမြင်ကြီးလွန်းလှသည့် ဗိုလ်ချုပ်အောင်ဆန်း၏ရင်ထဲကစကား ဖြစ်ပေသည်။ ယခုဆို လျှင် ကျွန်တော်တို့မြန်မာနိုင်ငံကြီးအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင်သဘာဝဘေးအန္တရာယ်များ ဖြစ်ကြသည့် မုန်တိုင်း၊ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ တောမီးလောင်ခြင်း၊မီးတောင်ပေါက်ကွဲခြင်းတို့ အပြင် လူတို့၏ ပရောဂကြောင့်ကြုံတွေ့ရသော လူမျိုးရေးပဋိပက္ခများ၊ စစ်ပွဲများ၊ ဗုံးဖောက်ခွဲမှု လေယာဉ် ပျက်ကျခြင်းအပြင် အခြားသော စီးပွားရေးနှင့်စစ်ရေးနယ်ပါယ် ချဲ့ထွင်မှုတို့ကြောင့် ပြိုင်ဆိုင်ဖြစ်ပေါ်လာ သောသဘာဝပတ်ဝန်းကျင်နှင့် သက်ရှိလူသားတို့အား အန္တရာယ်ပြုခြိမ်းခြောက်လာသော နူကလီးယား စစ်ပွဲများ ဆင်နွှဲကြရန်ပင်ရန်စောင်တာစူနေကြပြီဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးကိုရောင်ရှားနိုင် ရန်အတွက် လူသားထုတရပ်လုံးက တက်စွမ်းသမျှ ဝိုင်းဝန်းကြိုးပမ်းနေကြသလို ကမ္ဘာ့ကုလသမ္မဂ အပါ အဝင် နိုင်ငံအသီးသီးမှ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းအသီးသီးတို့ကလည်း မိမိတို့ ကိုး ကွယ်ရာ ရိုးရာအစဉ်အလာအရဘာသာရေးဆုတောင်းပွဲများ ပြုလုပ်ဆောင်ရွက်နေသည်ကိုတွေ့မြင်ကြ ရပြီဖြစ်သည်။ သဘာဝဘေးဒဏ်များ ဖြစ်ပေါ်လာပါကလူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေး (ဆရာဝန်၊ တပ်မတော်သားများ၊ချမ်းသာဆင်းရဲမရွေး ကြုံတွေ့ခံစားရမည်ဖြစ်ပါသည်။လူမျိုးဘာသာမရွေးတို့၏ ဘုရားသခင်သည်လည်း မကယ်နိုင်၊နတ်မင်းများလည်း မကယ်နိုင် .. လူသားအချင်းချင်း မိမိကိုယ့်ကိုယ်ကယ်တင်ကြဖို့ အရေးကြီးလှသည်။
၈.၈.၂ဝ၁၄ ရက်နေ့သည် ရှစ်လေးလုံးအရေးတော်ပုံ (၂၆)နှစ်ပြည့် နှစ်ပါတ်လည်နေ့ ဖြစ်သလိုပင်နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပရဟိတမျိုးဆက်သစ်များ၊သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး) နှင့် ပဲခူးမြို့ လူမှုရေးသမားများ၊ဒေသခံ ပြည်သူလူထုများတို့နှင့် ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့ရေဘေးသင့် ကယ်ဆယ်ရေးစခန်းများရှိရာသို့ကိုယ်တိုင်ကိုကျသွားရောက်၍ ဖေးမလှူဒါန်းခဲ့ကြသော နေ့လေးတနေ့လည်းဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူကိုယ်တိုင်ဦးစီး၍ အထူးဧည့် အသင်း သူ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် သဉ္ဇာဝင့်ကျော် အပါအဝင် အသင်းသား/သူများတို့သည် နံနက် (၇းဝဝ) နာရီအချိန်တွင် ရန်ကုန်ရုံးချုပ်မှထွက်ခွါခဲ့ကြပါတော့သည်။ ထို့နောက်ရေဘေးကယ်ဆယ်ရေးစခန်းများသို့ လှေများဖြင့် သွားရောက်ခဲ့ကြပြီးသောက်ရေသန့်ဗူးများ၊ ငါးသေတ္တာဘူးများ၊ လက်ဖက်နှင့်အကြော်စုံများ၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် မုန့်ကြွပ်၊ ဘဲဥနှင့်အခြားသော စားသောက်ဖွယ်ရာများကို အများပြည်သူ ကိုယ်စားလှူဒါန်းပေးအပ်နိုင်ခဲ့သည်။ ရေဘေးသင့် ဧရိယာအတွင်း၌ရေမြုပ်နေသော စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊လူနေအိမ်များ၊ အခြားသော ဘာသာရေးအဆောက်အဦးများအပြင်ရေချမ်း စင်လေးများနှင့် နတ်ကွန်းစင်ကလေးများပါရေနစ်မြုပ်နေသည်ကို စိတ်မချမ်းမြေ့ဖွယ်ရာများ၊ ရေထဲတွင် ဒုက္ခကိုဒုက္ခမှန်းမသိကြရှာပဲ ကူးခတ်ပျော်မြူးနေကြသော ကလေးငယ်များတွေ့မြင်ရသလို ပင်ပန်းကြီးစွာ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြသူများနှင့် ရေဘေးသင့်ပြည်သူများတို့အားဆေးဝါးကုသ ပေးနေသည့် ဆရာဝန်များ၊ သူနာပြုဆရာမများ၊တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များတို့သည်လည်း စွမ်းနိုင်သည့်ဘက်မှလူသားချင်းစာနာစိတ်ဖြင့် အများနည်းတူ လက်တွဲကူညီမှု သည်လူမျိုးဘာသာ ဆင်းရဲချမ်းသာ ခွဲခြားမှုမရှိဘဲဝိုင်းဝန်းဆောင်ရွက်နေကြသည်။ မည်သို့ပင် ခံစားနေ ရစေကာမူဥက္ကဌ ဦးကျော်သူနှင့် သရုပ်ဆောင် သဉ္ဇာဝင့်ကျော်၊နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်း သား/သူများ၏စည်းလုံးညီညွတ် တတ်ကြွစွာ ကူညီဖေးမမှုအားမြင်တွေ့လိုက်ရချိန်တွင် သူတို့၏ အခက် အခဲဒုက္ခများအားခေတ္တမေ့လျော့ပြီး ပျော်မြူးနေကြသည်ကို တွေ့ရသောအခါ သူတို့၏အပျော်များ ကျွန်ုပ် တို့ထံ ကူးစက်ခဲ့ပြီးငြိမ်းချမ်းရေးဖခင်ကြီးတစ်ဦးဖြစ်သူ ဆရာကြီးဒဂုန်တာရာပြောကြားခဲ့သော “ရန်သူမရှိ၊ မိတ်ဆွေတာရှိ … မုန်းသူမရှိ၊ချစ်သူသာရှိ” ဆိုသည့် ငြိမ်းချမ်းရေးစကားကိုပြန်လည်ကြားယောင်မိသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပဲခူးရေဘေး လှူဒါန်းမှုတွင်ရေဘေးကယ်ဆယ်ရေးစခန်း (၁၃) ခုသို့ သောက်ရေသန့် (၅၇၂၈)လုံး၊ ငါးသေတ္တာ (၃ဝဝဝ) ဗူး၊ ဘဲဥ (၄ဝဝဝ) လုံး၊ ခေါက်ဆွဲခြောက် (၄၇ ၆ဝ) ထုပ်၊ လက်ဖက် (၃ဝဝဝဝ) ထုပ်နှင့် မုန့်ကြွပ် (၅၅)ထုပ်တို့အား ရေဘေးသင့်ပြည်သူများထံ ပေးအပ်လှူဒါန်းနိုင်ခဲ့ခြင်းသည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏စွမ်းဆောင်မှုတခုတည်းကြောင့် မဟုတ်ဘဲ ဥက္ကဌ၊ ဒု-ဥက္ကဌ၊အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ဝန်ထမ်းများ၊အသင်းသား/သူများ၏ ဇွဲ လုံလ နှင့် ကြိုးစားအားထုတ်မှု၊အလှူရှင်များ၏ စေတနာ သဒ္ဓါတရားထက်သန်မှုနှင့် ဒေသခံပရဟိတအဖွဲ့ အစည်းများနှင့် တာဝန်သိပြည်သူများ၏ကူညီဖေးမမှုတို့ကြောင့် အလှူရှင်များတို့၏ လှူဒါန်းမှုများကြောင့် လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်သည်။ သဘာဝဘေးအန္တရာယ်သည်ပိုင်ရာဆိုင်ရာ၊ နက်ဒေဝတာတို့အား ပူဇော်ပသ ဆုတောင်းနေရုံမျှဖြင့်မလွတ်ကင်းနိုင်သလို၊ လူသားထုတရပ်လုံး လူမျိုးဘာသာဆင်းရဲချမ်းသာမရွေးတို့ သည် ကိုယ့်အားကိုယ်ကိုး၍လူသားအချင်းချင်း၏ စုပေါင်းအားအင်ဖြင့် ဖေးကူမှသာလျှင်အောင်မြင် ကျော်လွှားနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် နေ့စဉ်နေ့တိုင်းဗြဟ္မစိုရ်တရားအား လက်ကိုင်ပြု ကျင့်သုံးပါက ကမ္ဘာကြီးသည် ပိုမိုပြီးသာယာလှပမည်မှာ မလွဲဧကံ ဖြစ်ပါတော့သည်။
နာရေးကုညီမှုအသင်းရန်ကုန်မှ ဦးဆောင်လှူဒါန်းခဲ့သော ပဲခူးမြို့ရေဘေးကယ်ဆယ်ရေး၌ ပါဝင် ခဲ့ကြသော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌနှင့် အသင်းသား/သူများ၊ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် သဉ္ဇာဝင့်ကျော်၊သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)မှ ဦးသူရိန်ဝင်းနှင့် ဒေသခံလူမှုရေးသမားများ၊ ရေဘေး ကယ်ဆယ်ရေးအတွက် လှူဒါန်းခဲ့ကြသော အလှူရှင်များ၊ မော်တော်ယာဉ်ကူညီပေးခဲ့သောရွှေစင်စင်္ကြာ အဆင်မြင့်ခရီးသွားလုပ်ငန်း၊ စည်တော်ကြီး လက်ဖက်မိသားစုနှင့်ဝန်ထမ်းများ၊ Pucci Cake မိသားစုနှင့် ဝန်ထမ်းများ၊အဖက်ဖက်မှ အစစ အရာရာ ကူညီပေးခဲ့ကြသူများနှင့်မိဘပြည်သူလူထုအပေါင်းတို့အား အထူးကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင် ဂုဏ်ပြုမိကာ ယခုဆောင်းပါးအား“ဗြဟ္မစိုရ်မိတ်ဆွေများ” ဟူ၍ ခေါင်းစီးတပ်လိုက်ပါတော့သည်။. ကျော်သူ





