Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

နိုင်ငံရေး အကျဉ်းသားဟောင်း များ အမေရိကန်အစိုးရ ကူညီသွားမည်

$
0
0
လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဌာန လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ကို တွေ့ရစဉ်
Photo:news2night.com

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ဘ၀ရှေ့ရေးနဲ့ သားသမီးတွေရဲ့ ပညာရေးကိစ္စတွေမှာ အမေရိကန်အစိုးရက အကူအညီပေးသွားမယ်လို့ အမေရိကန်အစိုးရ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့အမေရိကန်သံရုံးမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ် Mr Malinowski က ပြောကြားခဲ့တာလို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က ပြောပါတယ်။

"ကျနော်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေပေါ့ဗျာ၊ ၄င်းတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ် မှုတွေပေါ့၊ အကျဉ်းချမှုတွေပေါ့၊ သူတို့ရဲ့ကလေးတွေအနေနဲ့သာ ဆက်လက်ပြီးတော့ ပညာသင်ဖို့ အတွက်မှာ မူလတန်းမှသည် တက္ကသိုလ်ကညာသင်ကြားရေးအထိပေါ့နော်၊ ပြောတဲ့အခါကျတော့ ပညာရေးတင်မဟုတ်ဘူး၊ ကျန်းမာရေးရော၊ သူတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ ယခင်အခတ်အခဲ အကြပ်အတည်းတွေပါ၊ သူတို့သိခွင့်ရတဲ့အကြောင်းမို့လို့ အဲ့အပေါ်မှာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်လို့ ပညာရေးနဲ့ ပတ်သက်လို့ အခတ်အခဲရှိနေတာတွေ သူတို့အပြင်ပေါ့ဗျာ၊ သူတို့ပါတနာ အဖွဲ့အစည်းတွေလည်း ရှိနေပါတယ်တဲ့ ကူညီပေးပါမယ်ဆိုပြီးတော့ သူတို့ဘက်က ပြောသွားတယ်"

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ၄၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးကို တက်ရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ အတူ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Tom Malinowski လည်းတက်ရောက်ခဲ့တာဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့တွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ အမေရိကန်နိုင်ငံ ခြားရေး ၀န်ကြီး John Kerry က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးစဉ် တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။
RFA

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>