Quantcast
Viewing all articles
Browse latest Browse all 32865

ကိုယ့်ကိုယ်ကိုယ်ဖျက်သံချေးတက်" ပုရစ်

"ကိုယ့်ကိုယ်ကိုယ်ဖျက်သံချေးတက်"

ဆိုတဲ့စကားက
တကယ်မှန်တယ်..

ဥပမာ..စစ်အာဏာရှင်ကိုပဲကြည့်..

အာဏာစသိမ်းကတည်းက
တိုင်းပြည်အတွက် လုပ်ပေးမယ်ကိုင်ပေးမယ်..
အခြေခံဥပဒေကို ဆွဲလို့ ကြာနေပါတယ်...လို့
ဆောင်ပုဒ်တွေ ကြွေးကျော်သံတွေ ..
နားမဆန့်အောင်အော်လို့
မဟားဒယား လျှောက်ပြောပြီး..

အချိန်တွေဆွဲ..
သယံဇာတတွေကိုရောင်း..
တိုင်းပြည်ဘဏ္ဍာတွေကိုခိုး...

အဲဒီလိုနည်းတွေနဲ့အချိန်တွေကုန်..
ပြည်သူတွေဆင်းရဲ..
တိုင်းပြည်ရဲ့ အဆင့်တွေဇောက်ထိုးကျဆင်း..

အဲဒါနဲ့ပဲ စုတ်ပြတ်သတ်တာကိုသိလာပြီး..
မထွေးနိုင်မအန်နိုင်ဖြစ်လာတဲ့အခါကျမှ..

အာဏာရှင်ကနေမှ ..
အရောင်ပြောင်းသွားတဲ့
အရေခွံလဲ အစိုးရဆိုတာကို...
စင်ပေါ်တင်လိုက်တယ်..

------------------

စင်ပေါ်တက်လာတဲ့သူကလဲ...အဲလိုပဲ...
၃ နှစ်ကျော်ပြီ...ဘာမှမထူး..

ဘာမှလဲမလုပ်တတ်..

ဒီမိုကရေစီရဲ့..အစလေးကိုစလှမ်းတာနဲ့တင်..
တစ်ချီပြီးတစ်ချီ ကွဲနေတာတွေဖြစ်ကြ...

နှစ်ပေါင်းမျာစွာအရိုးစွဲနေတဲ့...
စိတ်ဓာတ်နဲ့ ခံယူချက်လဲမပြင်နိုင်ကြ..

ခိုး ၀ှက်တဲ့..
လာဘ်လာဘမျှော်ကိုးတဲ့
ဗီဇစရိုက်ကိုလဲ မဖုံးဖိနိုင်ကြ...

အချိန်ဆွဲတတ်တဲ့ အကျင်းဆိုးကိုလဲ ...
မပယ်သတ်နိုင်ကြလေတော့...

နိုင်ငံတကာက အမှန်တကယ် အပီအပြင်..
လက်တွဲခေါ်လာမဲ့ အခွင့်အရေးတွေ..ကြောက်ခမန်းလိလိ ရှိနေတာတောင်မှ...

တိုင်းပြည်တိုးတက်အောင်မလုပ်နိုင်တဲ့အပြင်..
ဘာသာရေး အရေးအခင်းတွေကြောင့်...
မရှိမဲ့စုမဲ့ တိုင်းပြည်..သိက္ခာထပ်ကျ ပြီး...

အာဏာမက်မောတဲ့..ဇာတိရုပ်အမှန်တွေ
ဘွားဘွားကြီး ပေါ်ပေါက်လာပြီး...
ဇက်ကြိုးကိုင်ထားတဲ့သူတွေကိုပါ..
ကမ္ဘာက မြင်တွေ့ကုန်ကြရော..

ဘာမှလဲ မတိုးတက်လာဘူးလေ..

နိုင်ငံတကာနဲ့တွေ့တိုင်း..
နောက်ကြောင်းပြန်မလှည့်ပါဘူး..ဆိုတဲ့
စကားကလွဲရင်...
ဘာမှ ပြစရာမရှိ.

တိုးတက်မှုတွေကလဲ ပြစရာနတ္တိ..

ဒါကိုလဲ သင်ခန်းစာမယူတတ်သေးဘူးလေ..

တကယ်တော့..သူတို့ဟာ..
တိုင်းပြည်ကိုလဲဖျက်သလို..
သူတို့ကိုယ်သူတို့လဲ...
ပြန်ဖျက်ခဲ့ကြတယ်ဆိုတာကို..

သူတို့သတိမထားမိတာပါပဲ..

-----------------

အဲဒါဘာလို့လဲဆိုတော့..

အာဏာရှင်လက်ထက်မှာ...
အာဏာနဲ့ စည်းစိမ်ကို သာယာပြီး..
ကိုယ့်ကိုယ်ကို ပြန်ဖျက်ထားခဲ့တဲ့အတွက်ကြောင့်
တက်နေတဲ့ သံချေးတွေကို...
မခွာနိုင်တဲ့အပြင်...

သံချေးက အရှိန်ကောင်းကောင်းနဲ့
ထပ်ပြီးတက်နေတုန်းမို့လို့ပဲဖြစ်ပါတယ်...။

ဘယ်သူ့မှဖျက်လို့ပျက်တာမဟုတ်ဘူး..
ကိုယ့်ကိုယ်ကို ဖျက်ခဲ့လို့သာဖြစ်တယ်..

အခုထက်ထိလဲ...

ကျီးကြည့်ကြောင်ကြည့်..
ပေကလတ်..ပေကလတ်နဲ့..

မပြတ်မသား...တွေဝေတဲ့..အနေအထားတွေကို..

ပေကြောင်ကြောင် မျက်နှာပေးတွေနဲ့..
တွေ့မြင်နေကြရတုန်းပါပဲ...

သူတို့ကို..
တိုင်းပြည်အတွက်...
စကားတစ်ခွန်းပဲပြောလိုပါတယ်..

"တော်ကြပါတော့ဗျာ..
တော်ကြပါတော့..."

( Pa Yit))

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>