Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဟောလိဝုဒ် ဝါရင့်မင်းသားကြီး ရော်ဘင်ဝီလျံစ် ကွယ်လွန်

$
0
0
http://7daydaily.com/
ဟောလိဝုဒ် ဝါရင့် မင်းသားကြီး ရော်ဘင်ဝီလျံစ်သည် သေကြောင်းကြံစည်သည်ဟု ယူဆရသော အခြေအနေဖြင့် ကွယ်လွန်ခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ်(၁၁)ရက်က ဝီလျံစ်ကို အသိကင်းမဲ့လျက် အနေအထားဖြင့် ကယ်လီဖိုးနီးယားရှိ နေအိမ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ထို့နောက် မကြာမီပင် ၎င်းသေဆုံးသွားပြီဟု ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ကြေညာခဲ့သည်။ အသက်(၆၃)နှစ်ရှိ ဝီလျံစ်သည် စိတ်ဖိစီးမှု အခြေအနေများနှင့် ရုန်းကန်နေရသူဟု ဆိုသည်။

၎င်းသည် မျိုးဆက်တစ်ခုအတွင်း ပရိသတ် ချစ်ခင်အားပေးမှုကို အခံရဆုံး သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ခဲ့သည်။ Good Will Hunting၊ Good Morning Vietnam နှင့် Mrs Doubtfire တို့တွင် အောင်မြင်မှုများ ရရှိခဲ့သည့် ဝီလျံစ်သည် Night at the Museum ဇာတ်ကားများတွင်လည်း သီအိုဒို ရုစ်ဗဲ့လ် အနေဖြင့် ပါဝင် သရုပ်ဆောင်ခဲ့သေးသည်။ ဝီလျံစ်သေဆုံးကြောင်း သတင်းကို ကြားသိချိန်တွင် အမေရိကန် သမ္မတ ဘာရတ်အိုဘားမား အပါအဝင် နာမည်ကျော် ပုဂ္ဂိုလ်များက ဝမ်းနည်းစကား အသီးသီး ပြောကြားခဲ့သည်။

အိုဘားမားက ဝီလျံစ်သည် အများနှင့်မတူ ထူးချွန်သူတစ်ဦးဟု ညွှန်းဆိုခဲ့ပြီး ဟောလိဝုဒ် နာမည်ကျော် ဒါရိုက်တာ စတီဗန် စပီးလ်ဘာ့ဂ်က မိမိအတွက် အရင်းနှီးဆုံး သူငယ်ချင်းတစ်ဦး ဆုံးရှုံးခဲ့ခြင်းဟု ဖွင့်ဟခဲ့သည်။ ဝီလျံစ်သည် ကာတွန်းရုပ်ရှင်များတွင် အသံဖြင့် သရုပ်ဆောင်လေ့ရှိရာ ယင်းနယ်ပယ်တွင် ပါရမီရှင်တစ်ဦးဟုလည်း စပီးလ်ဘာ့ဂ်က ဆိုသည်။

ဝီလျံစ်သည် Good Will Hunting ဇာတ်ကားတွင် အကောင်းဆုံး အမျိုးသားဇာတ်ပို့ အော်စကာဆုကို ရရှိခဲ့သည်။ ၎င်းသေဆုံးချိန်တွင် ဆူဆန်ရှနိုက်ဒါနှင့် သားသမီး(၃)ဦး ကျန်ရှိနေခဲ့သည်။

_Ref: Channelnewsasia

Viewing all articles
Browse latest Browse all 32865

Trending Articles


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ရဲချုပ်ကိုအကြံပေးခန့် 


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


အမျိုးသားများနဲ့ ပါတီတက်ပြီး အရက်သောက်လို့ ကြိမ်ဒဏ်အချက် ၈၀ အပြစ်ပေးခံရတဲ့...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>