Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လူထုဟောပြောပွဲအတွက် လှည်းကူးအားကစားကွင်း သုံးခွင့် ပြန်ရ

$
0
0
ညနေ ငါးနာရီခွဲမှ ချက်ခြင်းလက်ငင်းမနက်ဖြန်အတွက် စင်မြင့်တည်ဆောက်နေပုံ

ဒေါ်အောင်ဆန်းစုကြည်၏ နက်ဖြန်ခါ လှည်းကူးခရီးစဉ် အတွင်း လူထုဟောပြောပွဲတွက် ဘောလုံးအားကစားကွင်း အသုံးပြုခွင့် ပြန်လည်ရရှိပြီဟု ယနေ့ညနေ ၅ နာရီဝန်းကျင်တွင် လှည်းကူးမြို့နယ် အာဏာပိုင်များက အန်အယ်လ်ဒီပါတီသို့ အသိပေးလိုက်သည်။

ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က ယင်း ဘောလုံးကွင်း အသုံးပြုခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုခဲ့သော်လည်း လှည်းကူးမြို့နယ် အားကစားဋ္ဌာနက မြို့နယ်အားကစားကွင်းကို နိုင်ငံရေး ကိစ္စရပ်များတွင်သုံးစွဲခွင့်မပြုနိုင်ကြောင်း ယနေ့နေ့လည် ၁၂နာရီခွဲတွင် အကြောင်းကြားခဲ့သည်။

ယင်းအကြောင်းကြားစာကို ရရှိပြီးနောက်တွင် အန်အလ်လ်ဒီပါတီမှ ဦးဉာဏ်ဝင်းနှင့် ဦးဟန်သာမြင့်တို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးထံသို့ တင်ပြခဲ့ကြသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယင်းကိစ္စကို ပြန်လည်စိစစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို မည်သည့် မြို့နယ်အုပ်ချုပ်ရေးမှူးကမှ ၀င်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ဆုံးဖြတ်ကာ အကြောင်းပြန်ကြားခဲ့သည်။

ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လှည်းကူးမြို့နယ်အားကစား ဋ္ဌာနကခွင့်ပြုကြောင်း အကြောင်းပြန်ချက်ကို အန်အယ်လ်ဒီပါတီသို့ အသိပေးခဲ့ကြောင်း ကိုဖြိုးမင်းသိန်းက ပြောသည်။


ယခုလ ၁၁ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် ခရီးစဉ်အတွင်း ကြိုဆိုကြသူများ


Yangon press international
7Day News Journal-ဒေါ်အောင်ဆန်းစုကြည်၏ မရမ်းကုန်း-လှည်းကူး မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့နံနက် ကိုးနာရီ လေးဆယ်မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့မှ ကားများ စတင်ထွက်ခွာမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မနက် ၁၀ နာရီတွင် မရမ်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ၁၂ နာရီတွင် ထောက်ကြန့်လမ်းဆုံသို့ ရောက်ရှိကာ ကားပေါ်မှပင်နှုတ်ဆက်စကားပြောမည်ဖြစ်သည်။ ထို့နောက် လှည်းကူးမြို့သို့ ဆက်လက် ထွက်ခွာ မည်ဖြစ်ကာ မြို့နယ်အားကစားကွင်းတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ရန်ကုန်သို့ ညနေ လေးနာရီအရောက် ပြန်လာမည်ဖြစ်ကာ ညနေ ငါးနာရီခွဲတွင် ဂျာမန်နိုင်ငံလွှတ်တော်အမတ် ရှစ်ဦးနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။ လှည်းကူးမြို့နယ်အားကစားကွင်းကို ပြည်ထောင်စုအားကစား ၀န်ကြီး မှ အသုံးပြုခွင့်မပေးနိုင်ကြောင်း ယနေ့နံနက်က ပြောဆိုခဲ့သော်လည်း ယနေ့ညနေ ငါးနာရီခွဲခန့်တွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးမှ အသုံးပြုခွင့်ပေးရန် ပြန်လည်ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>