Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အခမဲ့အင်္ဂလိပ်စာ သင်ပေးမှု ကြောင့် ပြည်နှင်ဒဏ်ပေးခြင်း ခံလိုက်ရသည့် အင်္ဂလိပ်စာဆရာ ဦးမောင်မောင်ဝမ်းနှင့် တွေ့ဆုံခြင်း

$
0
0
ဦးမောင်မောင်ဝမ်းမှာ မြန်မာနိုင်ငံသို့ ခေတ္တပြန် ရောက်လာခဲ့သည်။ ယခင်က မြန်မာနိုင်ငံသား တစ်ဦး ဖြစ်သော်လည်း ယခုအခါမှာ အမေရိကန်နိုင်ငံသား တစ်ဦးအနေဖြင့်လာလည်ခြင်း ဖြစ်သည်။ ထိုသို့ လာ လည်ရာတွင်လည်း အလည် အပတ်နှင့်အတူ ပြည် တွင်း၌ အားနည်းနေသည့် အင်္ဂလိပ်စာကို လူများစနစ် တကျ တတ်မြောက်သွားစေရန် သင်ပေးချင်သည့် ဆန္ဒ ကလည်း ဦးဆောင် ပါဝင်နေသည်။

ယင်းအတွက် ကြောင့် ပြန်ရောက်ရောက်လာပြီးချင်း မနားဘဲ ဗိုလ် တထောင်၌ အင်္ဂလိပ်စာ ပညာဒါနကို ချက်ချင်းသင် ပေးခဲ့သည်။ ယင်းမှတစ်ဆင့် နာရေးကူညီမှုအသင်း (ရန်ကုန်)၊ မန္တလေးစသည့် ခရီးစဉ်များ တိုးချဲ့ခဲ့ပြီး မကွေးတိုင်း ဒေသကြီး ရေနံ ချောင်းမြို့အရောက်တွင် ¤င်း၏ ပညာဒါန ပို့ချမှုကို ပိတ်ပင်ခံလိုက်ရသည်။ ထို့ အပြင် ညတွင်းချင်း ရေနံချောင်းမြို့မှ နေ၍ ရန်ကုန်သို့ ပို့ဆောင်ခြင်း ခံလိုက်ရပြီး စာသင်ပေးမှုကြောင့် ပြည်နှင်ဒဏ်ကို ပေးခြင်းခံလိုက်ရသည်။ ရေနံချောင်း မြို့မှ ညတွင်းချင်း ထွက်ခွာစဉ် ၄င်းနှင့် အဆက်အသွယ် ရကာ မေးမြန်းထားမှုများထဲမှအချို့ကို ကောက်နုတ် ဖော်ပြပေးလိုက်ရပါသည်။

►အခွင့်မရှိဘဲ အင်္ဂလိပ်စာ သင်ပေးမှုက ဥပဒေချိုးေ ဖာက် တဲ့ အလုပ်လို့ ရေနံချောင်း လဝကက ဆုံးဖြတ်လိုက်ပြီး အခုအမေရိကန်ကို ပြန်ပို့တော့မယ်။ ဒီအပေါ် ဘာများ တုံ့ပြန်ပြောလိုပါသလဲ။

ကျွန်တော်တော်တော်လေးကို တုန်လှုပ်သွား တယ်။ အဲဒီလို မထင်ထားဘူး။ အင်္ဂလိပ်စာ သင်ပေး တာက အပြစ်လားဗျာ။ နိုင်ငံရေးလည်း မဟုတ်ဘူး။ ဒါကို ပိတ်ပင်တာ က ဘယ်လို သဘောနဲ့လဲဆိုတာ ကာ ယကံရှင်တွေပဲ ပိုသိမယ်လို့ ထင်တယ်။ ဒါက သူတို့ရဲ့ နိုင်ငံပဲ။ သူတို့သဘောပေါ့။ ကျွန်တော်တို့က နိုင်ငံ ခြားသား ဖြစ်သွားပြီလေ။ ဒီတော့ ဘာတတ်နိုင်မှာလဲ။

►ဆရာလာတာက Social VISA နဲ့ ဒီတော့ အလည်အ ပတ်ပဲ ရမယ်။ စီးပွားရေးလုပ်တာမျိုးတွေတောင် အခွင့် မရှိဘူး။ ဒါက ဒီနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ တည်မြဲဥပဒေ တစ်ရပ် ဖြစ်နေတယ်။ ဒီမိုကရေစီ ရင့်ကျက်တဲ့ အမေရိ ကန် နိုင်ငံသား တစ်ဦးအဖြစ်လည်း ဆရာ့အနေနဲ့ မြန်မာမှာ ဒီလိုမျိုး ဥပဒေတွေ ရှိတယ်ဆိုတာ ကြိုတင် မလေ့လာ ထား ဘူးလား။

အမှန်ဝန်ခံရရင် ကျွန်တော် တကယ် မသိဘူး။ မြန်မာနဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းမှာတောင် Tour VISA နဲ့ စာသင်တာတွေ လုပ်လို့ရ တယ်ဗျ။ ဒီမှာ မရတာေ တာ့ကျွန်တော်လည်းမသိဘူး။ ကျွန်တော့် ရဲ့လေ့လာမှုအပိုင်းမှာ လိုအပ်ချက်ရှိသွားတာပေါ့ဗျာ။

►ရေနံချောင်း လဝကရဲ့ ပြည်နှင်ဒဏ် ပေးမှုဆုံးဖြတ်ချက် အပေါ်ကို ဆရာ့အနေနဲ့ ရှင်းလင်းတင်ပြတာမျိုးတွေရော လုပ်ခဲ့လား။

ကျွန်တော် လုပ်ခဲ့တာပေါ့။ မရလို့ပဲ အမေရိကန် ကို ပြန်ရတာပေါ့။ ကျွန်တော် ပထမ ရှင်းပြသေးတယ်။ ကျွန်တော် ခုအင်္ဂလိပ်စာ လာပို့ချသင်ကြားပေးတာက အရင်က ကျွန်တော် မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ခဲ့ဖူး တယ်။ ဒီ့အတွက်ကြောင့် ကျွန်တော်မြန်မာပြည်သူတွေ အတွက် တစ်ခုခု ပေးချင်တယ်။ ဒါ့ကြောင့် အင်္ဂလိပ်စာ သင်ပေးတာပါ။ ကျွန်တော် အခကြေးငွေနဲ့ စာသင်စား တာ မဟုတ်ပါဘူးလို့ ရှင်းပြခဲ့တာပါ။ ဒါပေမဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်က ပြတ်ပြတ်သားသားပါ။ အခမဲ့တာရော၊ အခမမဲ့တာရော ဘာနဲ့မှ သင်ပေးလို့ မရပါဘူးတဲ့။ ကျွန်တော်လည်း လက်လျှော့လိုက်ပါတယ်။

►အုပ်ချုပ်ရေးပိုင်းနဲ့ဆိုင်တဲ့ ဥပဒေတွေကို ယခင် အစိုးရ လက်ထက်က ပီပီပြင်ပြင် တိတိကျကျနဲ့ကို ကိုင်တွယ် ကျင့်သုံးခဲ့ကြတယ်။ အခုအစိုးရလည်း ဒီအတိုင်းပဲ။ အထူး သဖြင့် အတိုက်အခံ လုပ်သူတွေအပေါ်ကိုပေါ့ ဗျာ။ ဒါတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရဖူးတဲ့ ဆရာ့အနေ နဲ့ ငါများပြန်လာရင် ငါ့ကိုတစ်ခုခုများ လုပ်မလားဆို တဲ့ စိုးရိမ်ပူပန်မှု ဒီကိုမလာခင် ဖြစ်ခဲ့ဖူးသလား။

မဖြစ်ခဲ့ဖူးဘူး။ကျွန်တော်ယုံခဲ့တယ်။ အခု အစိုးရ ရဲ့ သမ္မတကို၊ သူပြောခဲ့တယ်လေဗျာ။ မြန်မာပြည်က နေ ထွက်ခွာသွားတဲ့ အသိပညာရှင်တွေ၊ အတတ်ပညာ ရှင်တွေ ပြန်လာပါဆိုပြီးတော့ ခေါ်သံတွေကိုပေါ့ဗျာ။ ယုံတဲ့လူတွေလည်း ပြန်လာကြတာပေါ့ဗျာ။ အဲဒီထဲမှာ ကျွန်တော်လည်း ပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြန်လာ တာက ခေတ္တ လာလေ့လာတာပါ။ မှန်မမှန်ကိုပေါ့။ အခုတော့ လက်တွေ့ မြင်ရပါပြီ။ အပြောနဲ့အလုပ် တခြားစီပါပဲ။ ဒါကို ပြတ်ပြတ်သားသား ကျွန်တော် ပြောချင်တယ်။

►ဆရာဦးမောင်မောင်ဝမ်းအနေနဲ့ စစ လာချိန်တုန်းက ပြောခဲ့ဖူးတယ်နော်။ကျွန်တော်ကမြန်မာနိုင်ငံက ဥပဒေ တွေကို လေးစားလိုက်နာမယ် ဆိုပြီး၊ ဒါကြောင့် မြန်မာ နိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးကိုတောင် ဝင်မပြောဘူးလို့ ဆိုထားတာတွေ ရှိပါတယ်။ အခုဟာက နိုင်ငံရေးအစား ပညာဒါနကြောင့် ပြည်နှင်ဒဏ်ပေးခဲ့ရတဲ့အပေါ် ဘယ် လို ခံစားရလဲ။

စိတ်ထဲ မကောင်းဘူး။ ကျွန်တော့်မှာ ပါတီစွဲမရှိ ဘူး။ လူမျိုးစွဲမရှိဘူး။ ရှင်းရှင်းပြောရင် ကျွန်တော့်ရဲ့ အင်္ဂလိပ်စာ သင်ကြားပို့ချချက်ကို သင်ယူနေတဲ့ သူ တွေထဲမှာ တပ်မတော်သား အချို့တောင် ပါတယ်ဗျာ။ ဒီလိုဆိုရင် ကျွန်တော့်သဘောထားကို သိလောက်ပါပြီ။ စာသင်ပေးတာကို ဥပဒေချိုးဖောက် တယ်လို့ သုံးနှုန်း တယ် ဆိုတဲ့ လုပ်ရပ်ကိုတော့ ကျွန်တော့်မှာ နှိုင်းပြစရာ စကားလုံးမရှိဘူး။

►မြန်မာနိုင်ငံအတွက် ရည်ရွယ်ပြီး ဖေ့စ်ဘွတ်ခ်နဲ့ ဝက်ဘ် ဆိုက်ဖွင့်ထားတာတွေ ဆက်လုပ်သွားဖို့ ရှိလား။

ကျွန်တော့်ရဲ့ သင်ကြားပို့ချချက် တွေ လေ့လာလို သူတွေအတွက် ကျွန်တော် အမြဲတမ်းလမ်းဖွင့်ပေးထား ပါတယ်။ အမေရိကန်မှာ နေတုန်းကလည်း နေ့စဉ် အမြဲမပြတ် ကျွန်တော် သင်ခန်းစာတွေကို ပို့ချပေးနေ ပါတယ်။ ကျွန်တော်က မြန်မာနိုင်ငံသားတွေအင်္ဂလိပ် စာကျွမ်းကျင်စေချင်တယ်။

►ဒီ့အတွက် မြန်မာ့နိုင်ငံရေးရဲ့ အခြေအနေတွေ သုံး သပ်ပေးပါ။

ကျွန်တော်က အမေရိကန် နိုင်ငံသားတစ်ဦးပါ။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ကျွန်တော်မပြောဘူး။ အမေရိကန်နိုင်ငံကလည်း ပြောခွင့်မပေးဘူး။ ဒါပေမဲ့ ကျွန်တော့် ရဲ့ကိုယ်ပိုင်အရဝေဖန်ခွင့်ရှိတယ်။ ကျွန်တော့် ကို ခုပြည်နှင်ဒဏ်ပေးတာက မကွေးတိုင်းဝန်ကြီးချုပ် ဦးဖုန်းမော်ရွှေလို့ သိရတယ်။ ဦးဖုန်းမော်ရွှေက သမ္မတ ရဲ့ အခွင့်အာ ဏာကို ရရှိထားပါသလား။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့်ကို ဥပဒေအရ နှင်ထုတ်ခွင့်ရှိတာက သမ္မတပဲ ဖြစ်ပါတယ်။

►ဆရာ့ကို တစ်ခု ထပ်မေးချင်ပါတယ်။ ဆရာက အခု အလည်အပတ် ဗီဇာနဲ့လာတယ်။ တချို့အလည်အပတ် ဗီဇာနဲ့လာတဲ့ တရုတ်အချို့ကျတော့ ကုမ္ပဏီတွေမှာ လုပ်နေ တာမျိုးတွေရှိတယ်။ အထူးသဖြင့် ရေနံကုမ္ပဏီ တွေမှာလို့ သိရတယ်။ စီးပွားရေးဗီဇာနဲ့ မလာဘဲအလုပ်လုပ်တဲ့သူတွေ ထဲမှာမှ ဆရာက နှင်ထုတ်ခံလိုက် ရတော့ ဒီအပေါ် ဘာပြောလိုပါသလဲ။

ဥပဒေနဲ့အညီ လုပ်မယ်ဆိုရင် ကွက်ပြီး မလုပ်ပါနဲ့ လို့ ပြောချင်ပါတယ်။

►ဟုတ်ကဲ့ ခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်။

မင်းသုအောင် မေးမြန်းသည်။

Credit : Popular

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>