Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အံ့သြဖွယ်ရာပြည်မြန်မာ- ပုရစ်

$
0
0
ကမ္ဘာ့အဖိုးတန်ဆုံးစာရင်းဝင်
သယံဇာတအမျိုးအစားများစွာထွက်သော်လဲ..
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေသော
တိုင်းပြည်...

အာဏာရှင်ကကြိုးကိုင်နေမှန်း..
အရမ်းသိသာသော...
ကမ္ဘာ့ ဟန်ဆောင်မှုအညံ့ဆုံး..
အစိုးရက အုပ်ချုပ်နေသည့်တိုင်းပြည်..

စစ်ရေးအမြင်ရှိသူများအုပ်ချုပ်နေသော်လဲ
အင်အားကြီးတရုတ်နိုင်ငံမှ..
သေနတ်တစ်ချက်မဖေါက်ရပဲ..
ဝါးမြိုခြင်းကို ခံလိုက်ရသော..တိုင်းပြည်..။

ကမ္ဘာတွင်လစာအနည်းဆုံးဖြစ်သည့်
အစိုးရအရာရှိကြီးများရှိပြီး..
ထိုသူများ၏လစာနည်းသော်လည်း..
ဝင်ငွေ အလွန်များပြားလှသည့်တိုင်းပြည်..

တိုင်းပြည်ချစ်သောလူငယ်များ..
များစွာရှိသော်လဲ..
တိုင်းပြည်ထူထောင်ရေးအတွက်.
ထိုက်ထိုက်တန်တန် အလုပ်လုပ်ခွင့်မရကြပဲ
လူငယ် ၃ သန်းခန့် ပြည်ပသို့ထွက်ခွါ
အလုပ်လုပ်နေကြရသောတိုင်းပြည်...

ကမ္ဘာ့စီမံခန့်ခွဲမှုအညံ့ဖျင်းဆုံးဖြစ်သည့်..
အာဏာရှင်အစိုးရကအုပ်ချုပ်သဖြင့်..
တိုင်းပြည်စုတ်ပြတ်သတ်နေသော်လည်း..
သူတို့ကိုယ်သူတို့ စစ်တပ်ကလာသဖြင့်..
စီမံခန့်ခွဲမှုအကောင်းဆုံးဖြစ်သည်ဟု..
ယခုထက်ထိပြောဆိုကြွားဝါနေသော..
အစိုးရရှိသည့်တိုင်းပြည်...။

လူငယ်များ..တက္ကသိုလ်မှဘွဲ့ဘယ်လောက်ရရ
ဘ၀အာမခံချက်မသေချာသော်လည်း..
ဆယ်တန်းအောင်ပြီးစစ်တက္ကသိုလ်တက်ပါက..
ဘ၀အာမခံချက်အကြီးအကျယ်ရရှိသော တိုင်းပြည်..၊

ကမ္ဘာ့တစ်ကိုယ်ကောင်းအဆန်ဆုံးနှင့်
အယုတ်မာဆုံးစာရင်းဝင် အာဏာရှင်ကို
ဖင်ပိတ်အကာအကွယ်ပေးနေကြသော..
အရိုးကိုက်များ ပျော်စံရတိုင်းပြည်..။

လျှပ်စစ်မီးကို ပြည်တွင်းမှာမလုံလောက်သော်လည်း
ပြည်ပသို့ ရောင်းစားရက်လောက်အောင်..
ညံ့ဖျင်းသူများ အုပ်ချုပ်သည့်တိုင်းပြည်..။

ပြည်သူလူထုကို...
စော်ကားသော ၊အထင်သေးသော
စကားများ..၊ အကြိမ်ကြမ်ပြောဆိုကြသော်လည်း
ရာထူးမပြုတ်သော..၀န်ကြီးများ..
အုပ်ချုပ်သည့်တိုင်းပြည်..၊

အကြပ်အတည်းတွေ့ပါက...
ရူးချင်ယောင်ဆောင်တတ်သော..
ဘာသာရေးအဓိကရုဏ်းဖြစ်ပါက..
နိုင်ငံခြားသို့ရောက်နေတတ်သော..
သမ္မတမှန်းမသိရသည့်..
သမ္မတက အုပ်ချုပ်သည့်တိုင်းပြည်..

စိတ်ထားမှန်ကန်သော..၀န်ကြီးများအား..
ငွေသိန်းတစ်ရာခန့်လာဘ်စားမှုလောက်ဖြင့်
ဖြုတ်ထုတ်သတ် လုပ်တတ်ပြီး..
စိတ်ထားမမှန်သောဝန်ကြီးများမှ..
ဒေါ်လာသန်းပေါင်းများစွာ ရိုက်စားလုပ်သော်လဲ..
ဘာမှမဖြစ်သည့် တိုင်းပြည်..၊

သံဃာတော်ကို မီးလောင်ဗုံးနဲ့နှိမ်နင်းခြင်း
ဝရမ်းထုတ်ခြင်း ၊လူဝတ်လဲခြင်း..၊
ဘုန်းကြီးကျောင်းဝင်စီးခြင်းတို့ကို..
ဗြောင်ကျကျ လုပ်ကိုင်ရဲသည့်..
အုပ်ချုပ်သူအစိုးရများရှိရာ တိုင်းပြည်..။

လူထုခေါင်းဆောင်ကို".ပြစား" နေသော.
ဥာဏ်နီဥာဏ်နက်များရှိသည့်
ခေါင်းဆောင်များအုပ်ချုပ်နေသည့်တိုင်းပြည်..

လူထုခေါင်းဆောင်ကိုအာဏာမရစေရေးအတွက်..
ထေရ၀ါဒကို အရောင်ဆိုးပြီး..
ဘာသာရေးအသုံးချ ကာ..
နိုင်ငံရေးတိုက်ကွက်ဖေါ်သည်အထိ..
လုပ်ရက်ခဲ့သော...
မိစ္ဆာဒိဌိများ ပျော်စံရာတိုင်းပြည်..

မိမိတိုင်းပြည်ထက်..
လူဦးရေနည်းပါးသော၊
မြေဧရိယာကျဉ်းမြောင်းသော..
သယံဇာတမရှိသော...
ငချွတ်နိုင်ငံနှစ်ခုမှ..
တာ့တာပြ ကျော်တက်သွားခြင်းကို..
အပီအပြင် ခံလိုက်ရသောတိုင်းပြည်..

အာဏာရှင်နှင့်..ခရိုနီများကို ..
ပစားပေးလွန်းပြီး.
ထိုသူများကြောင့် တိုင်းပြည်ဖွံ့ဖြိုးရေးကို.
အကြီးမားဆုံးအနှောက်အယှက်ကြီး..ဖြစ်လာနိုင်သည့် တိုင်းပြည်..

လက်မှတ်အတုသိန်းကျော်ကို
ဗြောင်ကျကျ လိမ်လည်ထိုးကာ..
လွှတ်တော်တွင် ပေါ်တင်ရွှီးရဲသည့်..
စစ်ဗိုလ်ချုပ်အောင်းအမတ်များ ရှိသည့်တိုင်းပြည်..၊

လက်နက်မှောင်ခိုများ..
မူးယစ်ဆေးဝါးကုန်သည်များ..
ဖျံများ ၊ စားဖါးများက...
နိုင်ငံတော်သူဌေးဘွဲ့ရသောတိုင်းပြည်..

အဲဒါ...
မြန်မာပြည်..။

(Pa Yit)

( ကာတွန်း-ဟန်လေး)

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>