Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာရင်ဆိုင်ရမယ့် စိန်ခေါ်မှု ၄ခု ဂျွန်ကယ်ရီပြောပြီ

$
0
0

မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဟာ ခရီးရှည်ဆက်ရဦးမယ့်သဘောရှိတယ်လို့ ပြောခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မြန်မာပြည်ရင်ဆိုင်ရမယ့် စိန်ခေါ်မှု ၄ခုကို သြဂုတ် ၁၃ရက်နေ့က ဟာဝိုင်ယီပြည်နယ် ဟိုနိုလူလူမြို့မှာ ပြောဆိုခဲ့ပါတယ်။ စိန်ခေါ်ချက် ၄ချက်က ဘာတွေလဲ။

မြန်မာစစ်တပ်ရဲ့ အခန်းကဏ္ဍသစ်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲခြင်းနဲ့ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲတွေကို အားပေးထောက်ခံခြင်း၊ နှစ် ၆ဝကျော်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ခြင်း၊ မြန်မာပြည်သူတွေ လူ့အခွင့်အရေးအပြည့်အဝရစေဖို့ အာမခံချက်ပေးခြင်းတွေဖြစ်တယ်လို့ အာရှပစိဖိတ်ဆိုင်ရာ အမေရိကန်မျှော်မှန်းချက်များဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးဆွဲဆောင်နိုင်ဖို့၊ လာဘ်စားမှုတိုက်ဖျက်ရေးနဲ့ သစ်တောနဲ့အခြားသယံဇာတတွေကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့ လုပ်ဆောင်ချက်တွေဟာလည်း မြန်မာပြည်အသွင်ကူးပြောင်းရေးရဲ့ စမ်းသပ်မှုတွေဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ ကူညီဖို့ရည်ရွယ်ထားပြီး မြန်မာခေါင်းဆောင်တွေကတော့ အကဲဆတ်လှတဲ့ ရွေးချယ်မှုတွေကို လုပ်ဆောင်ရမှာပါလို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်က ပြုပြင်ပြောင်းလဲရေးသမားတွေကို တတ်နိုင်တာအကုန် ကူညီသွားမှာဖြစ်ပြီး အထူးသဖြင့် လာမယ့်နှစ် အထွေထွေရွေးကောက်ပွဲကို ထောက်ခံအားပေးသွားမှာပါလို့ ဆိုပါတယ်။ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို အဆုံးသတ်ပြီး အမုန်းတရားဖြန့်ဖြူးနေသူနဲ့ ဘာသာရေးအကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖို့၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အကောင်အထည်ဖော်ဖို့၊ လွတ်လပ်စွာ စုရုံးခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်တွေကို ကာကွယ်ဖို့လိုတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရအနေနဲ့ မြန်မာပြည်သူတွေအပေါ် တင်ရှိနေတဲ့ ကိစ္စရပ်တွေအတွက် ဒီစိန်ခေါ်မှုတွေကို လုပ်ဆောင်ရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောဆိုခဲ့ပါတယ်။

Kamayut media

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>