Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မိကျောင်းကန်သပိတ်စခန်းခေါင်းဆောင်ကို တရားရုံးက အာမခံကြေး ကျပ်သိန်း ၉ဝဝ တောင်း

$
0
0
(ဓါတ်ပုံ - မိကျောင်းကန်သပိတ်စခန်းခေါင်းဆောင်ဦးစိန်သန်းကို သြဂုတ် ၁၄ရက်က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ ရုံးထုတ်လာစဉ်။ )

ပုဒ်မ-၁၈ အပါ အဝင် စည်ပင်ဥပဒေတို့ဖြင့် မြို့နယ်တရား ရုံးလေးရုံးတွင် တရားစွဲဆိုခံထားရသော မိကျောင်းကန်သပိတ်စခန်း ခေါင်းဆောင် ဦးစိန်သန်းကို တရားရုံးနှစ်ရုံးက စုစုပေါင်း အာမခံကြေး ကျပ်သိန်း ၉ဝဝ တောင်းဆို လိုက်ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်း ကန်မြေများ သိမ်းဆည်းခံရမှု ပြန်လည်ရ ရှိရေးအတွက် မိကျောင်းကန်ပြည်သူများ က သပိတ်စခန်းများ ဖွင့်လှစ်ခြင်း၊ ဆန္ဒပြ ခြင်းများ ပြုလုပ်ခဲ့သည့်အပေါ် သက်ဆိုင်ရာ မြို့နယ်တရားရုံးလေးရုံးတွင် ဦးဆောင်သူ ဦးစိန်သန်းကို တရားစွဲဆိုထားပြီး ဗဟန်း တရားရုံးမှ အာမခံကြေး နှစ်ဦးပေါင်းကျပ် သိန်း ၆ဝဝ နှင့် ကျောက်တံတားတရားရုံးက ကျပ်သိန်း ၃ဝဝ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးစိန်သန်းက ''ကျွန်တော့်ကို ကျောက်တံတားတရားရုံးက ကျပ်သိန်း ၃ဝဝ နဲ့ အာမခံကြေးတောင်းပါတယ်။ ပုဒ်မ-၁၈ နဲ့ ပန်းဘဲတန်းတရားရုံးမှာ လုံးဝအာမခံမ ပေးပါဘူး။ ဗဟန်းတရားရုံးက တစ်ဦးကို ကျပ်သိန်း ၃ဝဝ နဲ့ နှစ်ဦးတောင်းပါတယ်။ ဒါဟာ လုံးဝတရားမျှတမှု မရှိပါဘူး။ ကျွန် တော်တို့ ပြည်သူတွေဟာ တပ်ကသိမ်းထား တဲ့ မြေယာမဲ့ပြည်သူတွေပါ၊ ဒါကိုငွေကြေး တွေနဲ့ တောင်းဆိုတယ်။ စနစ်တကျ လုပ် ပြီး အင်းစိန်ထောင်ကို အပို့ခံရတယ်။ လူ့ အခွင့်အရေး နစ်နာဆုံးရှုံးမှုတွေ ရှိနေပါ တယ်'' ဟု သြဂုတ် ၁၄ ရက်က ကျောက်တံ တားမြို့နယ်တရားရုံးရှေ့တွင်ပြောသည်။

ဦးစိန်သန်းမှာ ပုဒ်မ-၁၈ ဖြင့် ဗဟန်း၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လ သာမြို့နယ်တို့တွင် တရားစွဲခံထားရပြီး စည် ပင်ဥပဒေ ၆၈ ဖြင့် လသာမြို့နယ် စည်ပင် တရားရုံးတွင်လည်း ထပ်မံတရားစွဲခံထား ရကြောင်း ဦးစိန်သန်း၏သမီး မနေနွယ်သန်း ကပြောသည်။

''ပြည်သူတွေအနေနဲ့ အာမခံ ကြေး သိန်း ၃ဝဝ ဆိုတာ ဘယ်လိုမှ မတတ် နိုင်ဘူး။ ပထမအကြိမ် ဗဟန်းတရားရုံးမှာ လဲ ကျပ်သိန်း ၆ဝဝ တောင်းတယ်။ ပေါင်း ကျပ်သိန်း ၉ဝဝ ပေါ့။ ဒီကျပ်သိန်း ၉ဝဝ ဆို တဲ့အနေအထားကို ပြည်သူတွေအနေနဲ့ ဘယ်လိုမှ မတတ်နိုင်လို့ ကျွန်မတို့အာမခံ မယူခဲ့ဘူး''ဟု ယင်းက ပြောသည်။

ဦးစိန်သန်း၏ အာမခံအတွက် သြဂုတ် ၁၂ ရက်တွင် ဗဟန်းတရားရုံးက အာမခံသိန်း ၆ဝဝ၊ သြဂုတ် ၁၄ ရက်တွင် ကျောက်တံတားတရားရုံးက သိန်း ၃ဝဝ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ပန်းဘဲတန်းတရား ရုံးက အာမခံပေးခဲ့ခြင်း မရှိကြောင်း သိရ သည်။

ဦးစိန်သန်းမှာ ဇူလိုင် ၂၆ ရက် က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အ ခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန် ဟီလီနှင့် တွေ့ဆုံခွင့်ရခဲ့ပြီးနောက် ထပ်မံ ၍ ဇူလိုင် ၃၁ ရက်တွင် မိကျောင်းကန်ပြည် သူများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှု ကို ဓာတ်ပုံနှင့် စာရွက်စာတမ်း သက်သေ အထောက်အထားများ သွားရောက်ပြသ ရန် UN ရုံးသို့အသွား ကန်တော်ကြီးမျှော် စင်ကျွန်းအနီးတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ် ကြောင်း သိရသည်။

''အကြမ်းဖက်ခံရပြီး ဒဏ်ရာရ တဲ့ ဓာတ်ပုံအထောက်အထားတွေ၊ နောက် သမ္မတဆီကိုပို့မယ့် စာရွက်စာတမ်းတွေ၊ လွှတ်တော်နာယကဆီကိုပို့မယ့် စာရွက်စာ တမ်းတွေကို လူ ၁ဝ ဦးလောက်ကနေပြီး တော့အတင်းအဓမ္မ လက်ထိတ်ခတ်၊ လူ ကိုလုံးထွေးပြီး ပစ္စည်းတွေလုယူတယ်။ ပြန်မပေးပါဘူး။ တရားရုံးနဲ့လဲ မဆိုင်ပါဘူး။ ထောက်လှမ်းရေးနဲ့ မဆိုင်ပါဘူးလို့ ပြောပါ တယ်။ ပြည်သူတွေရဲ့ လူ့အခွင့်အရေး ဖောက်ဖျက် ခံနေရတာတွေကို နိုင်ငံတော်အစိုးရ က ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်'' ဟုပြောသည်။

၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက် မှစတင်ကာ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်း ကန် အပိုင်း(၁၊ ၂၊ ၃)ရှိ သိမ်းဆည်းခံ မြေ များ ပြန်လည်ရရှိရေးအတွက် ယနေ့အထိ ဆန္ဒထုတ်ဖော်မှု ခုနစ်ကြိမ်နှင့် သပိတ်စခန်း ဖွင့်လှစ်မှု သုံးကြိမ်ရှိပြီဖြစ်ကြောင်း မိကျောင်း ကန်ပြည်သူများထံမှ သိရသည်။

သော်ဇင်ထက် - Flower News Journal အတွဲ (၁၀)၊ အမှတ် (၃၂)။



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>