Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လူထုကတင်မြှောက်ခဲ့တဲ့ ခေါင်းဆောင်သစ် (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည် ------------- ဆောင်းပါးရှင် - ခင်ငြိမ်းသစ်

$
0
0

ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ထူး ခြားသည့် ၀ိသေသတစ်ခုအဖြစ် ခေါင်းဆောင်က ဦးဆောင်ဖန်တီးခဲ့ခြင်း မဟုတ်ဘဲ ပြည် သူတွေက သူတို့ဖန်တီးခဲ့သည့် အရေးတော်ပုံ အတွင်း ကနေ ခေါင်းဆောင်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ရှစ်လေးလုံး မတိုင်ခင်က မြန်မာပြည် တွင် နိုင်ငံရေးနှင့် သက်ဆိုင်သည့် အုပ်စု ၄ စုကို အကြမ်းဖျင်း ခွဲခြားနိုင်သည်။ ပထမ အုပ်စု တစ်ခု အနေနှင့် လွတ်လပ်ရေးရပြီး အာဏာရခဲ့သည့် ပါလီမာန် ဒီမိုကရေစီခေတ်က ၀န်ကြီးချုပ်ဟောင်း ဦးနု တို့အုပ်စုဖြစ်ပြီး နောက် တစ်စုက ကွန်မြူနစ်ပါတီနှင့် ထိစပ်ခဲ့သည့် သူများဖြစ်သည်။ တတိယအုပ်စုအနေနှင့် ဦးနေ ၀င်း အပါအ၀င် လတ်တလောအာဏာရှိနေ သည့် ဆိုရှယ်လစ် အယောင်ဆောင် အုပ်စုဖြစ် ပြီး နောက်ထပ်အုပ်စု တစ်ခုအနေနှင့် တပ်မတော် မှ အကြောင်းအမျိုးမျိုးဖြင့် အနားယူခဲ့ရသည့် တပ်မှူးများအုပ်စုဖြစ်သည်။

ထိုအုပ်စုထဲတွင်ပါဝင်သည့် ဦးအောင်ကြီး က သမ္မတကြီးထံရေးသည့်စာများသည် ရှစ် လေးလုံး မဖြစ်ခင် ကာလများအတွင်း ပြည်သူများကြားထဲတွင် များစွာ ရေပန်းစားခဲ့သည်။ ပြည်သူများက ဦးအောင်ကြီး ရေးသားသည့် စာများကို ဖတ်ကာ များစွာ နှစ်ခြိုက်လှသည်။ ဦးအောင်ကြီး ကလည်း ထိုစာများအတွင်း မှားယွင်းနေသည့် စီမံခန့်ခွဲမှုများကို ထောက်ပြဝေဖန်ခဲ့သည်။ သို့သော် ထူးခြားချက်များ အဖြစ် အောက်ခြေမှာ ဖြစ်ပေါ်နေသည့် ကိစ္စများကို သမ္မတကြီး မသိသောကြောင့် သိစေရန် ရေး သားသည်ဟုဖော်ပြထားသည်။ ထို့နောက် ၁၉၈၈ ခုနှစ် တွင် မတ်လ အရေး အခင်း၊ ဇွန်လအရေးအခင်းများအပြီး ဇူလိုင် လကုန်ပိုင်းအတွင်း မြန်မာပြည်ရှိ နာမည်ကြီး နိုင်ငံရေးခေါင်းဆောင် အများစုကို ဖမ်းဆီး ကာ အင်းစိန်ထောင်အတွင်း ချုပ်နှောင် ထားခဲ့သည်။

ထို့နောက် ပြည်သူများကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့သည့် ရှစ်လေးလုံး အရေးတော် ပုံကြီး ဖြစ်ပေါ်လာခဲ့ပြီး သြဂုတ် ၈ ရက် ည၌ စတင်ပစ်ခတ်ခဲ့ပြီး သြဂုတ် ၉၊ ၁၀ ရက်နေ့များ တွင် ဆက်တိုက်ပစ်ခတ်နှိမ်နှင်းခဲ့ သောကြောင့် သြဂုတ် ၁၁ ရက်မှစတင်ကာ ရန်ကုန်မြို့ကြီး သည် မြို့ပျက်ကြီး တစ်ခုကဲ့သို့ တိတ်ဆိတ်ခြောက်သွေ့သွားခဲ့သည်။ လမ်းများပေါ် တွင် ဘတ်စ်ကားများ လည်း ပြေးဆွဲ ခြင်းမရှိတော့သဖြင့် အစိုးရ၀န်ထမ်းများလည်း ရုံးမတက်ကြတော့။

သြဂုတ် ၁၂ ရက်နေ့တွင် သမ္မတရာထူးမှ ဦးစိန်လွင် ဆင်းပေးခဲ့ရသည်။ ဦးစိန်လွင် ရာထူးမှ ဆင်းပြီးနောက်ပိုင်းတွင် ရပ်ကွက်များ အတွင်း စစ်ကားများ မ၀င်ရောက်နိုင်အောင် သစ်ပင်များ ကို ခုတ်လှဲကာ ပိတ်ဆို့ထားသော် လည်း ရပ်ကွက်အတွင်း လူအများစုစည်း နိုင်သည့်နေရာတွင် အစိုးရအား လှောင်ပြောင် သရော်သည့် ကာတွန်းများ၊ ကဗျာများကို ကပ်ကြသည်။ စစ်ကား များကလည်း ထိုကဗျာ များ၊ စာများ၊ ကာတွန်းများကို လာရောက် ခွာယူသွားလိုက်၊ ပြည်သူ များက ပြန်ကပ် လိုက်ဖြင့် ကြောင်နှင့်ကြက် ပြေးတမ်းလိုက် တမ်းကစားသလိုဖြစ်နေခဲ့သည်။

ထိုအချိန်က နာမကျန်းဖြစ်နေသည့် မိခင် ဒေါ်ခင်ကြည်ကို လာရောက်ပြုစုနေ သည့် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့၌ ရှိနေခဲ့ပြီး သြဂုတ်လ ၈၊ ၉၊ ၁၀ရက်က ဖြစ်ပေါ် ခဲ့သည့် ပြည်သူလူထု၏ ဆန္ဒထုတ်ဖော်ပွဲများ ကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့သည့်အပေါ် စိတ် ထိခိုက် ခံစားနေခဲ့ရသည်။

ထို့ကြောင့် သြ ဂုတ်လ ၁၅ ရက်နေ့တွင် ၀ါရင်းနိုင်ငံရေးသမားကြီး ဦးထွေးမြင့်နှင့် အတူ နိုင်ငံတော် ကောင်စီ အတွင်းရေးမှူး ဦးကျော်ထင်ထံသို့ တိုင်းပြည်တွင်ဖြစ်ပေါ်နေသည့် ဆန္ဒပြပွဲများ သည် တစ်ပါတီအာဏာရှင်စနစ်ကို မနှစ်သက် သောကြောင့် မကျေနပ်မှုများကို ထုတ်ဖော်နေ ခြင်းဖြစ်သဖြင့် ပြည်သူလူထု နှင့်အစိုးရကြား ပြေလည်အောင် ဖြေရှင်းနိုင်ရန် ပြည်သူလူထု လေးစားလောက်သည့် ပုဂ္ဂိုလ်များ ပါဝင်သည့် အတိုင်ပင်ခံ ကောင်စီတစ်ရပ်ဖွဲ့စည်းရန် တိုက်တွန်းတောင်းဆိုခဲ့သည့် စာတစ်စောင်ကို ပေးပို့ခဲ့သည်။ ထို့အပြင် ရှေ့နေများကောင်စီက လည်း ပြည်သူလူထုအား ပစ်ခတ်နှိပ်နှင်းခဲ့မှု သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများနှင့် ဆန့်ကျင်နေ ကြောင်း ရေးသားကန့်ကွက်ခဲ့သည်။

ထို့နောက်တွင် မြန်မာနိုင်ငံဆရာဝန်များအ သင်းကလည်း ဆေးရုံအထိ ၀င်ရောက်ပစ်ခတ်မှုများ ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့အပြင် စာရေးဆရာများ၊ ကဗျာ ဆရာများ၊ သတင်းစာဆရာကြီးများနှင့် ပန်းချီ၊ ပန်းပုပညာရှင် ၇၀၀ ကျော်ကလည်း ရက်ရက်စ က်စက် ဖိနှိပ်နှိမ်နှင်းခဲ့သည့်အပေါ် တွင် ကန့်ကွက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။ ထိုသို့ အသီးသီးထုတ်ပြန်ခဲ့ သည့် ကြေညာချက်များကြောင့် ကျောင်းသား လူငယ်တို့က မိမိတို့နောက်တွင် သြဇာရှိသည့် လူကြီးများ ရပ်တည်လာခဲ့သည့်အပေါ်တွင် အားတက် လာခဲ့ကြသည်။

ထိုရက်များအတွင်း ပြည်သူများကလည်း သံပုံးများကိုတီးကာ မဆလ မကောင်းဆိုးဝါး ကို တောထုတ်ခဲ့ကြသည်။ ထို့နောက် သြဂုတ်လ၁၉ ရက်နေ့တွင် အရေးပေါ် ပါတီညီလာခံ ကို ခေါ် ယူခဲ့ပြီး ထိုညီလာခံက ဒေါက်တာမောင်မောင် ကို သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခဲ့သည်။ ဒေါက်တာမောင်မောင်ကို ရွေးကောက်တင် မြှောက်သည့်အပေါ်တွင် ပြည်သူ အများစုက ယုံ ကြည်မှုမရှိခဲ့။ ဒေါက်တာမောင်မောင်သည် ဦးနေ၀င်း ယုံကြည်စိတ်ချရသည့် အနည်းငယ် သော အရပ်သားများထဲက တစ်ဦးဖြစ်ပြီး တစ် ပါတီအာဏာရှင်စနစ်ကို အသက်သွင်း သည့် ၁၉၇၄ အခြေခံဥပဒေကို ရေးဆွဲခဲ့သူအဖြစ် ပြည်သူများက နားလည်ထားကြသည်။

ထိုနေ့မှာပင် ဒေါက်တာမောင်မောင်က ကျောင်းသားသမဂ္ဂ အဆောက်အအုံ ကို ပျော် ပျော် ပါးပါးပြန်လည် အုတ်မြစ်ချကြမည်ဟုပြော ကြားခဲ့သည့်အပြင် ပြည်သူလူထု ကြည်ညို လေးစား သည့် တရားသူကြီးချုပ် ဦးတင် အောင်ဟိန်းကို ဥက္ကဌအဖြစ် ရွေးချယ်ထား သည့် ပြည်သူ့ဆန္ဒလေ့လာစုံစမ်းရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းကာ မြန်မာပြည်သူများ တစ်ပါတီစနစ်ကိုကြိုက်သလား၊ ပါတီစုံစနစ်ကိုကြိုက်သလား ဟူ၍ စုံစမ်းမည်ဟုဆို သည်။

ကျွန်မတို့တစ်တွေကတော့ အဲဒီ့စကား ရပ်အပေါ်မှာ ယုံကြည်လက်ခံနိုင်ခဲ့ခြင်း မရှိပါ။

ဒေါက်တာမောင်မောင် မိန့်ခွန်းပြောအပြီး သြဂုတ် ၂၀ ရက်နေ့တွင် ကျောင်းသားများ က ကျောက်ကုန်းရှိ ကြည်နူးရိပ် လက်ဖက်ရည် ဆိုင်တွင် အစည်းအဝေးတစ်ရပ်ကို ပြုလုပ် သည်။ ထိုအစည်းအဝေးတွင် ကျွန်မတို့ ဗမာ ပြည် ပြည်သူ့လွတ်မြောက်ရေးလူငယ်တပ်ဦး ( BYLF)မှ ကိုယ်စားလှယ်အဖြစ် ကိုချစ်ကိုကို (အောင်ဒင်)၊ အေးကျော်နှင့် ကျွန်မတို့ တက် ရောက် ခဲ့သည်။

ထိုအစည်းအဝေးတွင် ကျောင်းသား အနည်းစုကသာ ဒေါက်တာမောင်မောင် အစိုးရ ကို စောင့်ကြည့်လေ့လာရန် အကြံပြု ခဲ့ပြီး အများစုကတော့ ပြည်သူများအရှိန်ရနေ စဉ် အထွေထွေ သပိတ်ကြီးကို ဆင်နွဲသင့်သည် ဟုအကြံပြုခဲ့သည်။ ထိုအစည်းအဝေးက သြ ဂုတ် ၂၂ ရက်နေ့တွင် အထွေထွေသပိတ်ကြီး ကို ထပ်မံဆင်နွဲရန်ဆုံးဖြတ် လိုက်ပြီး ခေါင်း ဆောင်ကောင်းများ ပေါ်ထွက်လာရေးသည် လည်း အရေးတကြီး လိုအပ်ချက် အဖြစ် ဆွေး နွေးခဲ့ကြသည်။

သြဂုတ် ၂၂ ရက်နေ့တွင် အ ထွေထွေ သပိတ်ကြီး ထပ်မံပေါ်ထွက် လာပြီး ဒေါက်တာမောင်မောင် အစိုးရနုတ်ထွက်ပေးရန်၊ ပါတီစုံ ဒီမိုကရေစီစနစ်ဖော်ဆောင်ရန် အတွက် ကြားဖြတ်အစိုးရတစ်ရပ်ဖွဲ့စည်းပေးရန် ပြည် သူတို့က တောင်းဆိုခဲ့သည့် အပြင် ပြည်သူ့ ဆန္ဒလေ့လာစုံစမ်းရေးကော်မရှင်ရုံးထိုင်ရာ အင်ဗွိုင်းခန်းမ (တပ်မတော် ခန်းမ) ရှေ့သို့ သွား ရောက်ကာ ဒေါက်တာမောင်မောင်အစိုးရနုတ် ထွက်ပေးပြီး ပါတီစုံ ဒီမိုကရေစီ စနစ်ဖော်ဆောင်ရန်အတွက် ကြားဖြတ်အစိုးရဖွဲ့စည်းပေးရန် တောင်းဆိုခဲ့ကြသည်။

ထို့နောက် သြဂုတ် ၂၄ ရက်နေ့တွင် ရန် ကုန်၊ ပြည်တို့၌ မာရှယ်လောဥပဒေကို ရုပ်သိမ်းခဲ့ပြီး ဦးတင်အောင်ဟိန်း ကလည်း ပြည်သူ တို့၏ ဆန္ဒကိုစုံစမ်းရန်မလိုတော့သဖြင့် ကော်မရှင်ကို ပိတ်သိမ်းခဲ့သည်။ မာရှယ်လောကို ရုပ်သိမ်းခဲ့သဖြင့် ဆူးလေလမ်းမပေါ်တွင် ဆန္ဒ ပြရန် ချီတက် လာသည့် ပြည်သူလူထုများက ပျော်ရွှင်ခဲ့ကြသည်။

ထို့နေ့တွင်ပင် ဒေါ်အောင် ဆန်းစုကြည်က ဆေးရုံကြီးတွင် တက်ရောက် ကုသနေသည့် လူနာများအား အားပေးစကား ပြောရန်ရောက်ရှိစဉ် ဆေးရုံကြီးအတွင်း သပိတ်စခန်းဖွင့် ထားသည့် ကျောင်းသားပြည်သူတို့က တောင်းဆိုသဖြင့်၊ ရုပ်ရှင်မင်းသမီး ခင်သီတာထွန်း၊ ရုပ်ရှင်မင်းသား ဦးထွန်းဝေ တို့နှင့်အတူ ပထမဦးဆုံးအကြိမ် တရားဟော ပြောခဲ့သည်။

ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည် က ဆန္ဒဖော်ထုတ်သည့်ပြည်သူတို့ကို ထောက်ခံ နားလည်ကြောင်းပြောကြားခဲ့ပြီး အစိုးရအ နေနှင့် ပြေလည်အောင် ကိုင်တွယ်ဖြေရှင်းရန် လည်း တောင်းဆိုခဲ့သည်။

ထို့နေ့မှာတွင်ပင် သုံးရောင်ခြယ်ကျောင်း သားများအုပ်စုမှ စာရေးသူတို့ အဖွဲ့အား ဒေါ် အောင်ဆန်းစုကြည်က တွေ့လိုသည်ဟု ဆိုသဖြင့် ကိုချစ်ကိုကို၊ မတင်တင်ဦးနှင့် ကျွန်မတို့ သွားရောက်တွေ့ဆုံခဲ့သည်။ ဒေါ်အောင် ဆန်းစုကြည်က ကျွန်မတို့ လုပ်ချင်နေသည့် လက်နက်ကိုင်တော်လှန်းရေးကို အားမပေး သည့်အကြောင်း ပြောကြားခဲ့ပြီး သူ့အနေနှင့် ကျောင်းသားလူငယ်များအား လက်နက်မကိုင် စေလိုကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဖခင်ဗိုလ်ချုပ်၏ သမီးတစ်ယောက်အနေနှင့် တိုင်းပြည်၏အခြေအနေကို ဘေးမှ ရပ်ကြည့် မနေနိုင်တော့သဖြင့် ၀င်ရောက်ပါဝင်နိုင်ရန် အတွက် တရားပွဲတစ်ပွဲကို စီစဉ် ထားပြီးဖြစ် ကြောင်းနှင့် ကျောင်းသားများကိုသာ ယုံကြည် သဖြင့် လုံခြုံရေးယူပေး ရန် တောင်းဆိုခဲ့သည်။

ကျွန်မတို့အနေနှင့် ဗိုလ်ချုပ်၏သမီးကို ပထမ ဦးစွာ စတင်မြင်ဖူးခဲ့ခြင်းဖြစ်ပြီး သူမ၏ နုနယ် ချောမောမှု၊ တည်ကြည်မှု အရှိန်တို့က ကျွန်မ တို့ထံ ရိုက်ခတ် ကာ ဒေါ်အောင်ဆန်းစုကြည် အား တွေ့တွေ့ချင်းပင် လေးစားချစ်ခင်ခဲ့ပါ သည်။ ထို့ကြောင့် ကျွန်မတို့ကလည်း လုံခြုံရေးယူပေးမည်ဟု ကတိပေးခဲ့သည်။ ထို့နောက် သုံးရောင်ခြယ်ကျောင်းသားများ အဖွဲ့နှင့်တိုင်ပင်ကာ ၎င်းင်းတို့အုပ်စုက စင်ရှေ့လုံခြုံရေးယူ မည်ဖြစ်ပြီး ကျွန်မတို့ ဘီဝိုင်အဖွဲ့က စင်နောက် ပိုင်းလုံခြုံရေး၊ စင်ဘေးလက်ဝဲ၊ လက်ယာ ကို ကျောင်းသား အယောက် ၂၀၀ ဖြင့်လုံခြုံရေး တာဝန်ယူပါမည့် အကြောင်း လည်း ပြောကြား ခဲ့သည်။ ထို့နောက် ကျွန်မတို့ ဘီဝိုင်အဖွဲ့ဝင် များတင်မကဘဲ အခြားကျောင်းသားအဖွဲ့များ နှင့် ညှိနှိုင်းကာ စင်ဘေးဝဲယာ လုံခြုံရေးအ တွက် စီမံဆောင်ရွက်ခဲ့ကြသည်။

သြဂုတ် ၂၅ ရက်နေ့တွင် ဖမ်းဆီးထား သည့် နိုင်ငံရေးသမားများကို ပြန်လည် လွှတ်ပေး ခဲ့သည်။ ပြန်လည် လွတ်မြောက်လာသူထဲတွင် ဗိုလ်ချုပ်အောင်ကြီးလည်း ပြန်ပါလာပြီး ပြည်သူ များက ဦးအောင်ကြီးကို သောင်း သောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။ ဗိုလ်အောင်ကြီး ကလည်း ၎င်းင်း၏ အိမ်ရှေ့တွင်ရှိသည့် ပဒုမ္မာ ကွင်းအတွင်း ဟောပြောပွဲတစ်ခုကို ပြုလုပ် ကျင်းပခဲ့သည်။

ထိုဟောပြောပွဲတွင် ပြည်သူအများ စိတ်ငြိုငြင်သွားစေမည့် “တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားကြနဲ့” ဟု ပြောကြားခဲ့သည့်အပေါ် ပြည်သူအများ ဒေါသထွက် သွားခဲ့သည်။

သြဂုတ် ၂၆ ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည်က ရွှေတိဂုံအနောက်ဘက်မုဒ်တွင် တရား ဟောပြောမှာဖြစ်ပြီး ၂၅ ရက်နေ့ညနေတွင် ဒေါ်အောင်ဆန်းစုကြည်အား ပုတ်ခတ်စော် ကားထားသည့် စာများကို ဖြန့်ဝေရန်ရောက်လာသည့် စစ်ထောက်လှမ်းရေးနှစ်ဦးအား ၃၁ လမ်းနေ ပြည်သူများက ဖမ်းဆီးခဲ့သည်။

ထိုအချိန်က ရန်ကုန်တစ်မြို့လုံး က ဒေါ်အောင်ဆန်းစုကြည် တရားဟောမည်ဆိုသဖြင့် စိတ်ဝင် စားမှုမြင့်တက်ကာ မနက်ဖြန်သွားရောက်နား ထောင်ရန်ကို စိတ်စောနေကြ သည်။ ကောလာဟလ များကလည်း အမျိုးမျိုးထွက်ပေါ်နေခဲ့ သည်။ ထိုညက စာရေးသူတို့ အုပ်စုက အိမ် ပြန်မအိပ်ကြဘဲ တောင်ဥက္ကလာပ ၉ ရပ်ကွက် ရှိ ဘီဝိုင်ဌာနချုပ်အဖြစ် အသုံးပြုသ ည့် အန် တီဒေါ်သဲရွှေတို့အိမ်မှာ စုအိပ်ကြသည်။

ဘီဝိုင်အဖွဲ့ဝင် အ.ခ.သ ကျောင်းသား များက ကွင်းထဲတွင်စောင့်အိပ်ကြသည်။မနက် ၅ နာရီ ထိုးတော့ ကိုချစ်ကို၏သူငယ်ချင်း ကို သိန်းနိုင်တို့အိမ်မှ ကားများက လာရောက်ခေါ် ဆောင် သဖြင့် ဘီဝိုင်အဖွဲ့သားများ လိုက်ပါခဲ့ ကြသည်။ လမ်းတစ်လျှောက် ပြည်သူလူထု က မြို့နယ်များ အလိုက် ဆိုင်းဘုတ်များ၊ အလံများ ခေါင်းစည်းများဖြင့် ဒေါ်အောင်ဆန်း စုကြည်ဟောပြော မည့် ရွှေတိဂုံဘုရား အနောက်ဘက်မုခ်သို့ ချီတက်လာကြပါသည်။

အမှန်တကယ်တရားပွဲကို ၁၁ နာရီဟု ကြေညာထားသော်လည်း မနက် ၇ နာရီခန့် အချိန်တွင် ကွင်းထဲ၌ လူတွေပြည့်ရုံတင်မက လျှံထွက်နေခဲ့ပြီ။ မနက် ၉ နာရီတွင် ရွှေတိဂုံ ဘုရား ပတ်ဝန်းကျင်တွင် ကြက်ပျံမကျအထူး စည်ကားလျက်ရှိသည်။ ပြည်သူလူထု၏ ပုံသဏ္ဌန်များက တက်ကြ ရွှင်လန်းဆန်းနေပြီး မိမိတို့၏ အရေးတော်ပုံခရီးအတွက် တက် ကိုင်မည့် ပဲ့ကိုင်ရှင် ကို သောင်းသောင်းဖြဖြ ကြိုဆိုကြပါသည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက် မြို့များဖြစ်သည့် လှည်းကူး၊ မှော်ဘီ၊ သံလျင်၊ ကျောက်တန်းစသည့် မြို့များမှလည်း လာ ရောက်နားထောင်ကြ သလို၊ ပြည်၊ အောင်လံ၊ သရက်မြို့များမှလည်း ၂ ရက်ဆက်တိုက် ခရီး နှင်လာခဲ့သည့် သူများတောင် ရှိနေခဲ့သည်။ ပြည်သူအားလုံးက ဗိုလ်ချုပ်၏သမီးကို ဗိုလ်ချုပ် ကိုယ်စား ခေါင်းဆောင်အဖြစ် ရွေးချယ် လိုက်ကြပေပြီ။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာအင်္ကျီ ရင်ဖုံးအဖြူရောင်နှင့် ယောလုံချည် နီညိုရောင် ကို ၀တ်ဆင်ထားပြီး အသက် ၄၃ နှစ်အရွယ် ဖြစ်သော် လည်း နုနယ်မှု ရှိသောကြောင့် ချော မော လှပသည့် မင်းသမီးတစ်ဦးနှယ်ပင်။ သို့ သော် ပြတ်သားသည့် မျက်နှာအမှုအရာက ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆင်တူနေသည်။ သုံး ရောင်ခြယ်ကျောင်းသားများ က ဒေါ်အောင်ဆန်း စုကြည် ကို စင်အထိရောက်အောင်ခေါ်လာခဲ့ပြီး ဦးထွန်းဝေက အခမ်းအနား မှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ ကျွန်မတို့အဖွဲ့မှ မိန်းက လေးအုပ်စုက စင်နောက်တွင် တန်းစီနေရာ ယူထားခဲ့သည်။ စာရေးသူတို့၏ နောက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်း မိုက်ကယ်အဲရစ်နှင့် သားနှစ်ဦးတို့ရှိနေပါသည်။

စင်အောက် ဘေးဝဲယာတွင် ကျောင်းသားအုပ်စုများက လုံခြုံရေးယူထားကြသည်။
ဒေါ်အောင်ဆန်းစုကြည်က ပထမဦးဆုံး အဖြစ် အာဇာနည်ကြီးများကို အလေးပြုရန် ပြောကြား ခဲ့ပြီးနောက် အရေးတော်ပုံအတွင်း ကျဆုံးသွားသည့် ကျောင်းသားပြည်သူတို့ကို အလေးပြုသည့် အနေဖြင့် တစ်မိနစ်ငြိမ်သက် ခိုင်းခဲ့သည်။ ထို့နောက် ရှစ်လေးလုံးအရေး တော်ပုံကြီးကို ဒုတိယ လွတ်လပ်ရေးတိုက်ပွဲ အဖြစ်တင်စားခဲ့ပြီး အရေးတော်ပုံကြီးဖြစ်ပေါ် စေရန် ဦးဆောင်ခဲ့ သည့် ကျောင်းသားများကို လည်း အသိအမှတ်ပြုပခဲ့သည်။ ထို့နောက် နာရီ ၀က်ခန့် ကြာအောင် ဟောပြောခဲ့ပြီး နောက် တွင် “ဆန္ဒခံယူပွဲအလိုမရှိ၊ တစ်ပါတီစနစ်ဖျက် သိမ်းပစ်၊ ပါတီစုံ ဒီမိုကရေစီစနစ်တည်ဆောက် ကြ၊ တရားမျှတသည့် ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပပေး” စသည့်ကြေးကြော်သံများ ဖြင့် အဆုံးသတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်လိုသည့် ပြည်သူများက ၀ိုင်းအုံနေ သဖြင့် ဒေါ် အောင်ဆန်းစုကြည်က စာရေးသူတို့ မိန်းက လေးအုပ်စုအတွင်း ၀င်ရောက် အနားယူနေ စဉ် မင်းသားကြီးဦးထွန်းဝေက စာရေးသူတို့ ထဲက မတင်တင်ဦးကို သူ့တိုက်ပုံနှင့် အုပ်ကာ ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်ဆောင်သွားဟန် ပုံမှားရိုက်ရန်ပြောသော်လည်း မတင်တင်ဦးက မလိုက်နိုင်ခဲ့။ မတင်တင်ဦးကလည်း ကျွန်မတို့နှင့် အတူတူ လုံခြုံရးယူခဲ့သည့် ဘီဝိုင် အဖွဲ့သားများအား နေရာချပေးရန်၊ ကားစီစဉ် ရန်တို့ရှိနေသဖြင့် မတင်တင်ဦး၏ သူငယ်ချင်း မသူ (ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မြင့်ဆွေ၏ သမီး) ကိုသာ ခေါ်ဆောင်သွားခဲ့သည်။

ထိုသို့ခေါ်ဆောင်သွားစဉ် ပြည်သူတစ်ဝက်လောက်က မသူ ပါသွားသည့်ကား ကို ဒေါ် အောင်ဆန်းစုကြည် ပါသွားသည်ဟုထင်မှတ်ကာ ထိုကားနောက်မှ လိုက်ပါသွား ခဲ့ပြီး ဒေါ် အောင်ဆန်းစုကြည်က ကျွန်မတို့နှင့် ကျန်ရစ်ခဲ့သည်။ ကျွန်မ၏ ဆရာမဒေါ်မြရီ က ဒေါ် အောင်ဆန်းစုကြည်အတွက် မှတ်ချက်တစ်ခုပြု ခဲ့သည်ကို မှတ်မိနေသည်။ ထိုမှတ်ချက်က “မျိုးရိုးမှန်သဖြင့် အပင်သန်ခဲ့ပြီ” ဟုဆိုသည်။ ရပ်ကွက်အတွင်းရှိ အသက်အရွယ်ကြီးရင့် သူများက တရားပွဲသို့ သွားရန်မတတ်နိုင်သော်လည်း ဗိုလ်ချုပ်၏ သမီးက ပြည်သူလူထုဘက် က ရပ်တည်လိုက်သည့်အပေါ် အလွန်အင်မတန် ၀မ်းမြောက် ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖခင်ဗိုလ် ချုပ်လိုပင် ပြည်သူတို့၏စိတ်နှလုံးကို သိမ်းကျုံး ယူငင်နိုင်ခဲ့လေသည်။ မြန်မာပြည်သူတို့က ထိုက်ထိုက်တန်တန် ခေါင်းဆောင် တစ်ဦး ကို ရွေးချယ်နိုင်ခဲ့ပါသည်။ ထိုခေါင်းဆောင်၏ ထက်မြက်သည့် စွမ်းဆောင်ရည်တို့ကြောင့် လည်း ယနေ့နှစ်ပေါင်း ၂၆ နှစ်ကြာခဲ့ချိန်တွင် စစ်အာဏာရှင်အစိုးရ၏ ဖြေလျှော့မှုအချို့ နိုင်ငံ တကာက တွေ့မြင်ခွင့်ရခဲ့ခြင်းလည်းဖြစ်သည်။

အတွဲ ၂ အမှတ်စဉ် ၂၆၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>