Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အမျိုးသားလွှတ်တော်အတွက် PR စနစ်ကျင့်သုံးဖို့ ဆုံးဖြတ်

$
0
0
တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ မဲလက်မှတ်ပေါ်မှာ ပါတီနာမည်၊ ပါတီတံဆိပ်နဲ့အတူ အရွေးခံတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ရဲ့ အမည်ကိုပါ ထည့်သွင်းရေးသားထားမယ့် PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကိုကျင့်သုံးဖို့ အမျိုးသားလွှတ်တော်က ဖွဲ့စည်းထားတဲ့ PR စနစ်ကျင့်သုံးရေး အကောင်အထည်ဖော်မှုကော်မရှင်က ဆုံးဖြတ်လိုက်ပါတယ်။

PR စနစ်ကျင့်သုံးရေး အကောင်အထည်ဖော်မှုကော်မရှင်က နေပြည်တော် လွှတ်တော်ဝင်းအတွင်းမှာ နှစ်ရက်ကြာဆွေးနွေးပြီးနောက် ရွေးချယ်လိုက်တာဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအုန်းတင်က ပြောပါတယ်။

"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စစ်ကိုင်းတိုင်းမှာ ၁ ခုရှိတယ်၊ နောက်ရှမ်းပြည်နယ်မှာ ၅ ခုရှိတယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုကလွဲလို့ ကျန်တဲ့တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ပီအာစနစ်ကိုကျင့်သုံးမယ်၊ အမျိုးသားလွှတ်တော်အတွင်းပေါ့ဗျာ၊ မဲပြားပေါ် ပါတီနဲ့အရွေးခံမယ့် ပါတီနာမည်အောက်မှာ အရွေးခံမယ့်ကိုယ်စားလှယ်တွေရဲ့ နာမည်စာရင်းလည်းပါမယ်"

အဲ့ဒီ PR ရွေးကောက်ပွဲစနစ်ကို မူကြမ်းရေးဆွဲပြီး လာမယ့် စက်တင်ဘာလအတွင်းမှာ ပြန်လည်ကျင်းပမယ့် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ကော်မရှင်က အစီရင်ခံစာတင်ပြမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က တိုင်းဒေသကြီးတွေမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ PR စနစ်ကို ကျင့်သုံးဖို့ တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအဆိုအတည်ဖြစ်ပြီးနောက် PR စနစ်ကျင့်သုံးရေး အကောင်အထည်ဖော်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
RFA

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>