ယနေ့ ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၂၂ ရက် တွင် ကျရောက်သည့် ၄၇ နှစ်မြောက် မွေးနေ့အတွက် ဧရာဝတီ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော် မှ ရန်ကင်းကလေးဆေးရုံတွင် လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဦးဇော်ဇော် မှ ရန်ကင်း ကလေးဆေးရုံတွင် နှလုံးခွဲစိတ် ကုသမှုများနှင့် ကလေးငယ်များအတွက် အခြား ကုသမှုများအတွက် ဆေးကုသစရိတ်များ ကို ထောက်ပံ့ပေး လျက်ရှိရာ အလျင် အမြန် ခွဲစိတ်ရန် လိုအပ်နေသည့် ကလေးငယ် ၅၀ ကျော်အတွက် နှလုံး ခွဲစိတ် ကုသမှုများ ဆောင်ရွက်နိုင် ရန် နှလုံး ခွဲစိတ်ကုသစရိတ် ကျပ်သိန်း ၅၀၀ ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိပါသည်။
အဆိုပါ ဆေးရုံတွင် ကလေးလူနာများအား တစ်နေ့ သုံးကြိမ် နေ့စဉ် အာဟာရကျွေးမွေးမှု ထောက်ပံ့ရန်ပုံငွေအတွက် ထပ်မံ၍ ကျပ် သိန်း ၅၀၀ ထပ်မံ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့ပြင် ကလေးဆေးရုံ မွေးကင်းစလူနာဆောင်တွင် လိုအပ်လျက်ရှိသည့် မိခင်နို့ရည် မရရှိနိုင်သည့် မွေးကင်းစ ကလေးလူနာများ အတွက် မိခင်နို့ရည် များကို သန့်စင်ပိုးသတ်ကာ ထိန်းသိမ်းပေးထားနိုင်မည့် Pasteurizer နို့ရည် ထိန်းသိမ်းစက်ကိုလည်း လှူဒါန်းပေးခဲ့ဟု သိရှိရပါသည်။
ယနေ့ လှူဒါန်းပွဲသို့ ဒုဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာကျော်ဇင်ဝေနှင့် ဌာန အသီးသီးမှ ပါမောက္ခ ဆရာဝန်၊ ဆရာဝန်မကြီးများ၊ သူနာပြု ဆရာမကြီး များ၊ ဆေးရုံဝန်ထမ်းများနှင့် နှလုံးခွဲစိတ်မည့် ကလေး လူနာအချို့နှင့် လူနာရှင် မိသားစုများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဦးဇော်ဇော်က ယခုကဲ့သို့ ကလေးငယ်များအတွက် ကျန်းမာရေး လိုအပ်ချက်များကို ပံ့ပိုးဖြည့်တင်းပေးခွင့်ရသည့် ၀မ်းမြောက် ၀မ်းသာဖြစ်မိကြောင်း၊ ကလေးလူနာများကို အထူး အားသွန်ခွန်စိုက် ဂရုစိုက် ကုသစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေသည့် ဆေးရုံရှိ ဆေးရုံအုပ်ကြီး အပါအဝင် ဆရာဝန်ကြီး၊ ဆရာဝန်မကြီးများ၊ သူနာပြု ဆရာမကြီးများ၊ ကျန်းမာရေး၊ သန့်ရှင်းရေး လုံခြုံရေးဝန်ထမ်းများနှင့် ပါဝင်ကူညီသူ အားလုံးအား အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ဓါတ်ပုံ - ကိုကိုဦး
The Ladies News Journal
(