Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရန်ကုန်တက္ကသိုလ် သိပ္ပံပြပွဲတွင် သံချပ်ဖျော်ဖြေခွင့် ပိတ်ပင်ခံရ

$
0
0
သြဂုတ်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရန်ကုန်တက္ကသိုလ် ထဲတွင် ကျင်းပ ပြုလုပ်မည့် ရန်ကုန်တက္ကသိုလ် သိပ္ပံပြပွဲ (Science Fair) ၌ ရန်ကုန် တက္ကသိုလ် ကျောင်း သားများ သမဂ္ဂ (ရတသက) မြန်မာစာ ဌာနမှ ဖျော်ဖြေ တင်ဆက်မည့် သံ ချပ်အား ပိတ်ပင်ခြင်းခံရကြောင်း ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူ မအိဆွေမြတ်က The Ladies သို့ပြောသည်။

အဆိုပါပြပွဲသို့ တက္ကသိုလ်ရှိဌာန ပေါင်း ၂၁ ဌာနမှ ပါဝင်ဖျော်ဖြေကြ မည် ဖြစ်ကြောင်း၊ မြန်မာ သံချပ်ဖျော် ဖြေခွင့်မရသော်လည်း အခြားမေဂျာ ဌာနများ၏ ကိုရီးယားအက၊ အင်္ဂလိပ်သီချင်း ဖျော်ဖြေခွင့်များ ရရှိခဲ့ကြောင်း သိရသည်။

“ကျွန်မတို့က သံချပ်ရဲ့ စာသား တွေကို တင်ပြပါဆိုလို့ အဆင့်ဆင့် တင်ပြ ပါတယ်။ ၀ိဇာခန်းမ အနုပညာအသင်းက ဆရာမအထိ တင်ပြပြီး တော့ သူတို့ ကိုယ်တိုင် Edit လုပ်ပြီး ကာမှ ဖျော်ဖြေခွင့် မရတာလေ။ ကျောင်းက တာဝန်ရှိသူ ကိုယ်တိုင် မနေ့က ကျွန်မတို့ လေ့ကျင့်တဲ့ ၀ိဇာခန်းမမှာ အစမ်းလေ့ကျင့်နေရာကို ရောက်လာပြီး ဆရာမတွေကို လာ ပြောသွားတော့ ကျွန်မတို့ ဘာမှလုပ် လို့မရတော့ဘူး။ ကျွန်မတို့က မဟာတန်း က ကျောင်းသူတွေ ကို ပြောပြ ပေမယ့် သူတို့လည်း စိတ်မကောင်း ပါဘူးလို့ဘဲ ပြောနိုင်တယ်”ဟု ၎င်းကပြောသည်။

တာဝန်ရှိသူက အထက်လူကြီး များကို ဖိတ်ကြားထားသည့် ခေါင်းစဉ်သည် တိုင်းရင်းသားရိုးရာ ပဒေသာကပွဲဟု ဖိတ်ကြားထားသည့်အ တွက် သံချပ် အစီအစဉ်နှင့် လျော်ညီမှုမရှိသောကြောင့် သံချပ်အစီအစဉ် ကို ပယ်ဖျက် ရခြင်းဖြစ်သည်ဟု တာဝန်ရှိသူထံမှ အကြောင်းပြန်ကြား ကြောင်း သိရသည်။

“သံချပ်မှာပါတဲ့ စာသားတွေကို လာတင်ပြဆိုလို့ တင်ပြပါတယ်။ သံချပ် စာသား မှာ အရမ်းငြိတာတစ် ကြောင်းမှမရှိဘူး။ စာသားကိုဖတ်ပြီး တော့ သူတို့က ခွင့်ပြု သလိုလုပ်လိုက် ပြီးမှ ကိုယ်က အစမ်းလေ့ကျင့်မယ် လည်းဆိုရော သံချက် ကို ခွင့်မပြုဘူး ဆိုတော့ ဘာတတ်နိုင်မှာတုန်း၊ အစ တုန်းကလည်း သံချပ်လုပ်ခွင့် မရှိဆိုရင်လည်း တစ်ခါတည်းပိတ်လိုက် ပေါ့။ အခုကျတော့ ခွင့်ပြုသလိုမျိုး လုပ်လိုက်ပြီးမှ Cancel လုပ်ဖြစ်လိုက် တာပါ။ ဆက်လုပ်ရင် လည်း ကျောင်းထုတ်ခံရရုံဘဲရှိတယ်ဟု ၎င်းကဆို သည်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ဆရာ/မများကို ကြောက် ရလွန်းကြောင်း ဆရာ/မများ ကလည်း အထက်အဆင့်ဆင့် ကို ကြောက်ရလွန်းကြောင်း ရန်ကုန် တက္ကသိုလ်ကျောင်းသူ မအိဆွေသက် က ပြောသည်။

The Ladies News Journal

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>