Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အီဘိုလာရောဂါရှိသူကို ဝှက်ထားပါက ထောင်ဒဏ်နှစ်နှစ်ချမှတ်မည့်ဥပဒေကို အနောက်အာဖရိကရှိ Sierra Leone နိုင်ငံတွင် ချမှတ်

$
0
0
အီဘိုလာရောဂါပျံ့နှံမှုနှင့် ရင် ဆိုင်နေရသော အနောက်အာဖရိက ရှိ Sierra Leone နိုင်ငံတွင်ရောဂါ ပိုးကူးစက်ခံရသူကို ဝှက်ထားပါက ထောင်ဒဏ်နှစ်နှစ် ချမှတ်မည့် ဥပဒေ တစ်ရပ်ကို ယမန်နေ့က ချမှတ်ခဲ့ သည်။

Sierra Leone သည် အီဘို လာရောဂါပျံ့နှံ့မှုအများဆုံး နိုင်ငံတစ် နိုင်ငံဖြစ်ပြီး ထိုရောဂါစတင်ဖြစ်ပွား ကတည်းက သေဆုံးသူ ၃၇၄ဦးရှိ ကြောင်း သိရသည်။

''အီဘိုလာရောဂါ ကူးစက်ခံရ တယ်လို့ သံသယရှိတဲ့တစ်စုံတစ် ယောက်ကို ဝှက်ထားခဲ့ရင် အဲဒီလူ ကို ထောင်ဒဏ်နှစ်နှစ်ထက်မနည်း ချမှာပါ'' ဟု ရှေ့နေချုပ်ဖရန့်ကာဘို က ပြောသည်။

ထိုရောဂါပျံ့နှံ့မှုမြင့်မားလာ ခြင်းနှင့်ပတ်သက်ပြီး တင်းမာမှုများ မြင့်တက်လာကာ ပါလီမန်မှလူအများ စု၏ခေါင်းဆောင် အီဘရာဟမ်ဘန် ဒူသည် Sierra Leone ကို စွန့်ပစ်ခဲ့ သောနိုင်ငံများကို ဝေဖန်ခဲ့သည်။

''ကျွန်တော်တို့အိမ်နီးချင်းနိုင်ငံ တချို့ရဲ့ တုံ့ပြန်မှုနှေးကွေးနေတာကို အံ့အားသင့်မိပါတယ်။ ကမ္ဘာ့အဆင့်၊ ဒေသအဆင့်နဲ့ ဒေသခွဲအဆင့်တွေ မှာ အကောင်းဆုံးသူငယ်ချင်းတွေ လို့မှတ်ယူထားတဲ့နိုင်ငံတွေက ကျွန် တော်တို့ကို သီးခြားထားခဲ့တယ်'' ဟု ယင်းကပြောသည်။

လေကြောင်းလိုင်းများဖျက် သိမ်းရန်နှင့် နိုင်ငံကို နောက်ထပ် သီး ခြားနိုင်ငံဖြစ်စေမည့် နယ်စပ်ပိတ်သိမ်း မှုများပြုလုပ်ရန် ယင်းကပြောခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ နောက်ဆုံးရစာရင်းအရ မတ်လကတည်းက ပျံ့နှံ့ခဲ့သော အီ ဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသည် ဟု ယူဆရသူ ၁၃၅ဝခန့်ရှိပြီဖြစ် ကြောင်း သိရသည်။

Ref : CNA
Yangon Media Group

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>