သူ့ တရုတ်ယောက်ျား၏ နှစ်ထပ်အိမ်ပြူ တင်းပေါက်ကနေ ခုန်ချခဲ့တုန်းက ကချင်မလေး လန်မွန်ဗောက်ဒင်၏ ခေါင်းထဲမှာ အတွေးတစ်ခုပဲရှိသည်။
"ငါ ဒီမှာကြာကြာနေရင် ရူးမှာဘဲ" ဆိုသည့်အတွေးသာဖြစ်၏
ထိုအဖြစ်အပျက်တွေက ၂၀၀၈ ခုနှစ် ဖြစ်ခဲ့တာဖြစ်သည်။
ထိုစဉ်က ဗောက်နွန်၏ အသက်က ၁၉ နှစ်သာ ရှိသေး၏။ မြန်မာပြည်မှာ တိုက်ပွဲ တွေဖြစ်ပွားနေသည့် ရှမ်းပြည်နယ် မြောက်ပိုင်းက ကချင်အမျိုးသမီးဖြစ် သည့်အတွကိ ဗောက်ဒင်က စစ်ပွဲ၊ ပဋိပက္ခနှင့် ညှင်းပန်းနှိပ်စက်မှုများနှင့် ကြီးပြင်း လာခဲ့ရသူဖြစ်သည်။ မူလ တန်းပညာရေးသာ ကျောင်းနေခဲ့ရပြီး နာမကျန်းဖြစ်နေသော မိခင်နှင့် ကြည့် ရှုရမည့် မောင်နှမများစွာ ရှိသည့် အ တွက် ဗောက်ဒင်က တခြားရှမ်းမများ၊ ကချင်မများလုပ်သလိုပဲ လိုက်လုပ်ခဲ့ ရသည်။ တရုတ်နိုင်ငံကို တရားမ၀င် ၀င်ရောက်ပြီး အလုပ်ရှာခြင်းပင်။
သည်အချက်က နဂိုထဲက ဒုက္ခ သုက္ခများကြုံတွေ့နေရသော သူ့ဘ၀ ကို ပိုပြီး ဆိုးသွားစေခဲ့ပါသည်။ တရုတ် မြန်မာနယ်စပ် ဂျေဟောင်က ကြံစိုက်ခင်း တစ်ခု မှာ တစ်နေ့ ၈ ဒေါ်လာနှင့် သုံးလလောက်လုပ်အပြီးမှာ တရုတ် ပြည်အတွင်းထဲ သွားလုပ်ပါက အ လုပ်ကောင်းကောင်းရမည်ဟု သူ့ကို ဆွဲဆောင်ခြင်းကို ခံရသည်။ ဗောက် ဒင်ကား ငါးစာကိုသာမြင်ပြီး ငါးမျှား ချိတ်ကိုတော့ မမြင်သူသာတည်း။
တစ်ခါမှသူမမြင်ဖူးသူ ယောက်ျားတစ် ယောက်၏ ငွေဝယ်ကျွန်သတို့သမီး အဖြစ် အတင်းအကျပ် လက်ထပ်ခိုင်း ပြီး အကျဉ်းသားတစ်ယောက်လို နေ ရတော့မည်ဆိုတာကို သူမသိခဲ့ပါ။
ထိုင်းနိုင်ငံရှိ ကချင်အမျိုးသမီး အဖွဲ့၏ ပြောကြားချက်အရ တရုတ် မြန်မာ နယ်စပ် တွင် လူကုန်ကူးမှု ပြ ဿနာအများစုတွင် ပါဝင်ပတ်သက် နေသူများမှာ ဆင်းရဲခြင်းနှင့်ပြည်တွင်း စစ်ပွဲများကြောင့် စားဝတ်နေရေး မတည်ငြိမ်သည့် အတွက် တရုတ်ကို တရားမ၀င်ကူးလာခဲ့သူ ရွှေ့ပြောင်း အလုပ်သမားများဖြစ် သည်။
ကချင်နှင့်ရှမ်းအမျိုးသမီးအများ စုမှာ လူကုန်ကူးသူများ၏ အဓိကပစ် မှတ်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ ကချင် အမျိုးသမီးအဖွဲ့၏ လူကုန်ကူးမှုတား ဆီးရေးတာဝန်ခံ အွန်နွန်ကဆိုသည်
“ဘာလို့လဲဆိုတော့ သူတို့က တရုတ်လိုမပြောတတ်ဘူး၊ ပတ်စ်ပို့ လည်းမရှိဘူး။ မှတ်ပုံတင်လည်း မရှိ ဘူး အယုံလဲလွယ်ကြတယ်”
ဗောက်ဒင်နှင့် တခြားအမျိုးသမီး ငါးယောက်က ထိုနေရာကနေ ဘေ ဂျင်းမြို့ကို သုံးရက်ကြာခရီးနှင်လာခဲ့ ပါသည်။ ဘေဂျင်းရောက်တော့ အ ချင်းချမ်း လမ်းခွဲ သွားကြသည့် အ တွက် ထိုအမျိုးသမီးများကို ဗောက် ဒင် ထပ်မမြင်ရတော့ ပါ။ ဗောက်ဒင် ကို ခေါ်လာသူက သူ့မိသားစုဆီကို ခေါ်သွား သည်။ ထိုအခါ ဗောက်ဒင် က သူ၏ညီအငယ်ကို လက်ထပ်ရ မည်မှန်းသိသွားခဲ့သည်။
ကျွန်မက သူတို့မိသားစုကို အိမ် ပြန်ချင်တယ်လို့ပြောတယ်။ ဒါပေမဲ့ သူတို့က နင့်ကို ၀ယ်ထားပြီးသား။ ပြန်လို့မရဘူးလို့ပြောတယ်။
ထိုမိသားစုက ဂျေဟောင်ရှိလူပွဲ စားကနေ ဗောက်ဒင်ကို ဒေါ်လာ ၆,၅၀၀ နှင့် ၀ယ်ယူခြင်းဖြစ်ပါသည်။ သူတို့၏ ရည်ရွယ်ချက်က ဗောက်ဒင် က သူတို့မိသားစု အတွက်ကလေး မွေးပေးရမည် ဖြစ်ပါသည်။
တရုတ်နိုင်ငံက ကျား၊မ မညီမျှမှု ပြသာနာ ၂၀၁၃ ခုနှစ် အမေရိကန် ၀န်ကြီးဌာန လူကုန်ကူးမှ မှတ်တမ်းအရ တရုတ်နိုင်ငံမှာ ကလေးတစ်ယောက်သာ ယူခွင့်ရှိ သည့် မူဝါဒကြောင့် မိန်းမရှားပါးပြီး လက်ထပ်ရန် မိန်းမလိုအပ်မှု များ လာခဲ့ သည် ဟုဆိုသည်။ အဆိုပါမှတ် တမ်းအရ မိန်းကလေး မွေးနှုန်း မှာ ယောက်ျားလေး ၁၁၈ ဦးကို ၁၀၀ နှုန်း ဖြစ်နေသည့်အတွက် ၂၀၂၀ ခုနှစ် တွင် မိန်းမ မရှိဘဲနေရမည့် အမျိုးသား ဦးရေမှာ တရုတ်နိုင်ငံတွင် ၂၄ သန်း ခန့်ရှိလာမည်ဟု ဆိုသည်။ ထိုကဲ့သို့ လက်ထပ်ရမည့် မိန်းမလိုအပ်လာခြင်း က တရုတ်ပြည်၏ တိုးတက်လာမှုနှင့် အတူ ပိုများလာခဲ့ပါသည်၏။
ကလေးမွေးမှ ကောင်းသည်ဟုသောအယူအဆရှိသည့်တရုတ်နိုင်ငံ ၌ ကျေးလက်ဒေသများရှိယောက်ျား များမှာ လက်ထပ်မယ့်သူမရှိသဖြင့် လက်ထပ် ရမည့်မိန်းမကို ရှာဖွေလာ ကြသည်။
ကချင်အမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့၏စာရင်းများအရ လူကုန် ကူးမှု ၁၆၃ ခုတွင် အများစုမိန်းကလေး များမှာ တရုတ်လယ်သမားများကို လက်ထပ်ကြ ရသည်။ ဗောက်ဒင်ကဲ့ သို့ မိန်းကလေးအချို့ကမူ ဘေဂျင်း လို မြို့ကြီးများ ကိုခေါ်ဆောင်ခြင်းခံရ သည်။
ဘေဂျင်းရှိ အိမ်ကိုရောက်ပြီး ငါး ရက်အကြာမှာ ဗောက်ဒင်မှာ အတင်း အကျပ် မင်္ဂလာဆောင် ပေးတာကို ခံရသည်။ ထို့နောက်မှာတော့ သူ၏ဘ၀ က နေအိမ် အကျယ်ချူပ်ချခံရသလိုဖြစ်သွား၏။
သူတို့က ကျမကို အိမ်ထဲမှာပိတ် ထားတယ်။ ကျွန်မက မြန်မာပြည်က လာတယ် ဆိုတာသိတော့ ထွက်ပြေး မှာစိုးတယ်လေ။ တစ်ခါမှအပြင်မထွက် ရဘူး သူတို့ကျွေး တာဘဲစားရတယ်။
နောက်ဆုံးမှာ သူတို့က မြန်မာ ပြည်ရှိ ဗောက်ဒင်အမေကို ဖုန်းခေါ် ခွင့်ပေး သည်။ ဗောက်ဒင်တရုတ်ပြည် ကို ခေါ်သွားခံရပြီး ယောက်ျားပေးစား ခံရသည့် အကြာင်းကိုသိလိုက်ရတော့ သူအမေကအံသြတုန်လှုပ်သွားသည်။
အမေက ကျမကိုလိုက်ရှာပါတယ်။ ဒါပေမဲ့ တရုတ်ပြည်က အကြီးကြီး လေ။ အမေ့မှာ လာစရာလမ်းစရိတ် မရှိဘူး။
စိတ်ဒဏ်ရာ
-----
ပိုင်ဆိုင်မှုများနှင့် အိုးအိမ်မြေ။ ဘ၀တွေစစ်ပွဲတွေမှာ ဖျက်ဆီးခံရပြီး လူကုန်ကူး ခံရသည့် ကချင်နှင့် ရှမ်း အမျိုးသမီးများသည် သူတို့ဇာတိမြေ ကို ပြန်လာဖို့ လွမ်းဆွတ်နကြပါသည်။ သို့သော်လည်း ရိုးရာယဉ်ကျေးမှုတ ချို့ကြောင့် တချို့ ကလည်း လူကုန် ကူးခံရသော်လည်း ဇာတိကိုပြန်မလာ ချင်ကြပါ။
“ပြန်လာတဲ့သူတွေက မကြာခဏ လူအသိုင်းအ၀န်းက ခွဲခြားဆက်ဆံတာ ခံရတယ်။ တချို့မိဘတွေကလည်း အဲလိုလူကုန်ကူးခံရသူတွေနဲ့ လက်ထပ်ဖို့ ခွင့်မပြူဘူး။ အများစုကတော့ တခြားသူတွေလို ဘ၀မှာအခွင့်အရေး အတူတူ မရရှာဘူး” ဟု အွန်နွန်က ရှင်းပြသည်။
တစ်နှစ်နီးပါးလောက်အပိတ်ခံ ထားရအပြီး ဗောက်ဒင်မှာ မြန်မာ နယ်စပ်ကို သွားရန် ဒေါ်လာငွေ ၁၆၂ ဒေါ်လာလောက်ရှိသည့်တရုတ်ယွမ် ငွေများ ကို စုမိလာသည်။တစ်မနက် မှာတော့ သူက နှစ်ထပ်အိမ်ပြတင်း ပေါက်ကနေ ခြံစည်းရိုးအပြင်ကို ခုန် ချထွက်ပြေးလာခဲ့သည်။ သူက ရထား ဘူတာရုံကို ထွက်ပြေးခဲ့သည်။ သို့ သော် မှတ်ပုံတင်မရှိသဖြင့် ရဲဖမ်းခံရ သည်။ အိမ်ထောင် ရှိသည်ဟုပြောပါ က သူ့ယောက်ျားအိမ်ကို ပြန်သွားရ မည်စိုးသဖြင့် တရုတ်နိုင်ငံ ကို အလုပ် လုပ်ရန်လာသည်ဟု ဗောက်ဒင်က ရဲကိုပြောလိုက်သည်။ ရဲက မြန်မာ ပြည်ကိုပြန်ရန် ထောက်ခံစာရေးပေး လိုက်သည်။
ခရစမ္မတ်အပြီးနောက် တစ်ရက် မှာ ဗောက်ဒင်က ကချင်ပြည်နယ်က အိမ်ကိုပြန်ရောက်လာပါသည်။ အိမ် နီးနားချင်းနှင့်မိတ်ဆွေများက သူ့ကို အလုပ် နားရက်ရ၍ပြန်လာသည်ဟုထင်ကြသည်။ သူက တရုတ်ပြည် က ငွေ ၀ယ်ကျွန် သတို့သမီးဘ၀က ထွက်ပြေးလွတ်မြောက်လာသည်ကို မသိကြ ပါ။ ဗောက်ဒင်ကလည်း လူ အထင်သေးခံရမည်စိုးသဖြင့် အဖြစ် မှန်ကို မပြောပြပါ။
နောက်ဆုံးတော့ ဗောက်ဒင်လူ ကုန်ခံရသည့်သတင်းက တစ်ဆင့်စကား တစ်ဆင့်နားပျံနှံ့လာပြီး ဗောက် ဒင်က သူ့အတွေ့အကြုံများကို အားလုံးကို ဖွင့်ပြောဖို့ဆုံးဖြတ်လိုက်သည်။
ဗောက်ဒင်အနေဖြင့် သူအတိတ် ကိုသင်ပုန်းချေပြီး သူကိုချစ်မြတ်နိုး သည့် ကချင် အမျိုးသားတစ်ဦးးနှင့် ဆုံခွင့်ရသည့်အတွက် ကံကောင်းပါ သည်။ သို့သော် သူယောက်ျား၏ အ မေကတော့ ဗောက်ဒင်နှင့်သဘော မတူပါ။
“ကျွန်မယောက်ျားနှင့်ကျွန်မတို့ သူအမေဆီသွားလည်တဲ့အခါ ယောက္ခ မက ကျွန်မကို စကားမပြောဘူး။ ပြော တော့လဲ ကျွန်မတို့ ဘယ်တော့ကွာ ရှင်းမှာ လဲတဲ့လေ”
မြန်မာပြည်မှာ အသစ်တဖန်ပြန်ကျော့ ပြည်တွင်းစစ်ပွဲများ
------------
နောက်ထပ် လူကုန်ကူးမှုများဖြစ် ပွားရသည့်အကြောင်းရင်းမှာ ၂၀၁၁ ခုနှစ် ဇွန်လ ကစပြီး ပြန်လည်ဖြစ်ပွား လာသော ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် မြန်မာစစ်တပ်အကြားက တိုက်ပွဲ များ ကြောင့်ဖြစ်သည်။ ထို တိုက်ပွဲများကြောင့် လူတစ်သိန်းလောက် အိုးအိမ် မဲ့ဖြစ် ကာ ဘ၀တွေ ဖျက်ဆီးခံရသည်။ အများစုက တရုတ်ပြည်ကို သွားပြီး အလုပ်လုပ်ရာ တချို့မှာ ဘယ်တော့မှ ပြန်မလာနိုင်တော့ပါ။
ဗောက်ဒင် အတွက်တော့ ယခုအ ချိန်ထိ ဘ၀ဆိုသည်မှာ စိန်ခေါ်မှုများ နှင့် အပြည့်ဖြစ်နေဆဲပါ။ ယခုလည်း ကချင်ပြည်နယ်က တိုက်ပွဲများကြောင့် ဒုက္ခသည် စခန်းမှာ နေနေရသည်။ ငွေရင်းလည်းမရှိ ပညာလည်းမတတ် သဖြင့် တောထဲက ဟင်းသီးဟင်းရွက် များခူးပြီး ဈေးမှာရောင်းကာ အသက် မွေးနေရသည်။ သို့သော်လည်း ချစ် သူကို လက်ထပ်ရ သဖြင့် ဗောက်ဒင် က ပျော်ပါသည်။
“ကျွန်မတို့နှစ်ယောက်က ချစ်ကြ တယ်။ အဆင်လည်းပြေပါတယ်။ ဒါ ပေမဲ့ ကျွန်မတို့ဆင်းရဲပါတယ်။ ဒီလို နဲ့နေ့တိုင်းအတွက် အသက်ရှင်နေရ တာဘဲလေ”
( အယ်လဂျားဇီယားသတင်းဌာန တွင် ပါရှိသော A Forced bride ဆောင်းပါး အား လင်းလင်း ဘာသာပြန်ဆိုသည်။ )
အတွဲ ၂ အမှတ်စဉ် ၂၆၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။
—