Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အီဘိုလာ ဟုတ်၊ မဟုတ် စစ်ဆေးမည့် သွေးနမူနာ ဓါတ်ခွဲခန်းသို့ ပို့လိုက်ပြီဟုဆို

$
0
0
မဇ္ဈိမ။ ။ အီဘိုလာ ရောဂါရှိသူဟု သံသယရှိ လူနာ နှင့် အနီးကပ်ထိတွေ့ခဲ့သူလေးဦး၏ သွေးနမူနာများကို သက်ဆိုင်ရာ ရည်ညွှန်းဓာတ်ခွဲခန်းသို့ သြဂုတ် ၂၉ရက်က ပို့လိုက်ပြီဟု ဆိုသော်လည်း မည်သည့် ဓါတ်ခွဲခန်းသို့ ပို့လိုက်သည်ကိုမူ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ခြင်း မရှိပေ။

ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “သက်ဆိုင်ရာ ရည်ညွှန်းဓါတ်ခွဲခန်းနဲ့ ပတ်သက်ပြီး လောလောဆယ်မှာ ဘယ်ဓါတ်ခွဲခန်းလဲ ဆိုတာ ပြောလို့ မရသေးဘူး။ နောက်မှ သတင်းထုတ် ပြန်ပေးမယ်။ အခုတော့ ပို့ပေးလိုက်ပြီ” ဟု ပြောသည်။

အဆိုသွေးနမူနာကို ဓါတ်ခွဲစမ်းသပ်နိုင်ရန် မူလ သတ်မှတ်ထားသည့် အိန္ဒယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ် ဗေဒဓာတ်ခွဲခန်းသို့ လည်းကောင်း၊ ဂျာမနီနိုင်ငံ ဟန်းဘတ်မြို့ရှိ ဓါတ်ခွဲခန်းသို့လည်းကောင်း၊ အမေရိကန်နိုင်ငံ CDC Atlanta ဓါတ်ခွဲခန်းသို့လည်းကောင်း ပေးပို့နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နှင့် ညှိနှိုင်းခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

ထို့အတွက် သြဂုတ်၂၉ရက်က ပေးပို့လိုက်ပြီဖြစ်သည့် သွေးနမူနာကိုမူ မည်သည့် ဓါတ်ခွဲခန်းသို့ ပေးပို့လိုက်သည်ကိုမူ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူထံ မဇ္ဈိမက မေးမြန်းသော်လည်း ထုတ်ပြန်ပြော ကြားနိုင်ခြင်း မရှိသေးဟု ဖြေကြားခဲ့သည်။

မြောက်ဥက္ကလာ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသော သံသယလူနာတွင် ပြင်းထန်ငှက်ဖျားရောဂါ ပိုးနှစ်မျိုး ရောဂါခံစားနေရသူ ဖြစ်သည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အီဘိုလာဗိုင်းရပ်စ်ပိုး ခံစားနေရသည်ဟု သံသယရှိသူနှင့် အနီးကပ် ထိတွေ့သူ လေးဦး၏ ဓာတ်ခွဲနမူနာများကို အီဘိုလာရောဂါပိုး ရှိ-မရှိ စစ်ဆေးနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနသည် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊ IATA တို့နှင့် ညှိနှိုင်း၍ သြဂုတ်လ ၂၉ရက်တွင် ဇီဝလုံခြုံမှု သတ်မှတ်ချက်နှင့် အညီ ပေးပို့လိုက်ပြီဟု ကျန်းမာရေးဝန်ကြီးဌာန မှထုတ်ပြန်လိုက်သည်။

သြဂုတ် ၁၉ရက်က အီဘိုလာဖြစ်ပွားရာ အာဖရိကမှ ပြန်လာသော သံသယရှိလူနာ၏ သွေးနမူနာကို အီဘိုလာဗိုင်းရပ်စ်ပိုး ဟုတ်၊မဟုတ်အတည်ပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စမ်းသပ်စစ်ဆေး ထောက်ခံချက်ကို သြဂုတ်လ၂၂ရက်က ရရှိပြီး အန္ဒိယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒဓာတ်ခွဲခန်းသို့ သွေးနမူနာပို့ရန် အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့၏ ခွင့်ပြုချက် မရ၍ ယနေ့မှ ပို့နိုင်ခြင်းဖြစ်သည်။


Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>