Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လူနာစောင့်မေ့ကျန်ငွေ ၆သိန်းကျပ် ပြန်ပေးလိုက်သော သန့်ရှင်းရေးဝန်ထမ်းအား ရိုးသားမှုအတွက် ဂုဏ်ပြု ။

$
0
0
““ကျွန်တော့်ပစ္စည်းမဟုတ်ဘဲနဲ့ ယူမထားချင်ပါဘူး။ အံဆွဲထဲမှာ သန့်ရှင်းရေးလုပ်ရင်း ပိုက်ဆံအိတ်တွေ့တာနဲ့ အမေ(လူနာရှင်အမျိုးသမီး)ကို လိုက်ရှာပြီး ပေးတာပါ။ အဲဒီ
အတွက် ဒီလိုဂုဏ်ပြုပေးတာ အတိုင်းမသိဝမ်းသာတယ်။ အသိအမှတ်ပြု ဂုဏ်ပြုပေးတဲ့
ဆေးရုံက လူကြီးတွေကို ကျေးဇူးတင်တယ်””
ရန်ကုန်ခုတင် ၅၀၀ ဆန့် အထူးကုဆေးရုံကြီး လူနာစောင့်မေ့ကျန်ငွေ ၆သိန်းကျပ် ပြန်ပေးလိုက်သော သန့်ရှင်းရေးဝန်ထမ်းအား ရိုးသားမှုအတွက် ဂုဏ်ပြု

… ကျွန်တော့်ပစ္စည်းမဟုတ်ဘဲနဲ့ ယူမထားချင်ပါဘူး။ အံဆွဲထဲမှာ သန့်ရှင်းရေး လုပ်ရင်း ပိုက်ဆံအိတ်တွေ့တာနဲ့ အမေ (လူနာရှင်အမျိုးသမီး) ကို လိုက်ရှာပြီးပေး တာပါ။ အဲဒီအတွက် ဒီလိုဂုဏ်ပြုပေးတာ အတိုင်းမသိဝမ်းသာတယ် …
---- --- ---- ---
ယခုလ ၁၇ရက်နေ့က ရန်ကုန်ခုတင် ၅၀၀ဆန့် အထူးကု ဆေးရုံ၊ အဆုတ်နှင့်ရင်ခေါင်း ခွဲစိပ်အထူးကုဌာနမှ လူနာစောင့်မိသားစု မေ့ကျန်ခဲ့သော ငွေကျပ်ခြောက်သိန်းကို ယင်းဆေးရုံမှ သန့်ရှင်းရေးဝန်ထမ်းဖြစ်သည့် ဦးတင်ဝင်းက ရိုးသားစွာ လိုက်ပေးခဲ့သည်။

အဆုတ်ရောဂါကြောင့် အောက်ဆီဂျင်ခန်းတွင် ကုသနေရသော လူနာမှာ သုံးရက်ပြည့်၍ အခန်းပြောင်းစဉ် ကုတင်အံဆွဲအတွင်း ငွေကျပ်ခြောက်သိန်းထည့်ထားသော ပိုက်ဆံအိတ်ကျန်ခဲ့ခြင်းဖြစ်ပြီး လူနာစောင့်မှာ ပိုက်ဆံအိတ်ကျန်ရစ်ခဲ့မှန်း မသိဘဲ သန့်ရှင်းရေးလုပ်သည့် ဦးတင်ဝင်း က တွေ့ရှိ၍ လိုက်လံပေးရာမှ ပိုက်ဆံ အိတ်ကျန်ရစ်ခဲ့မှန်း သိရခြင်းဖြစ်သည်ဟု သိရသည်။

““ပစ္စည်းတွေ တပွေ့တပိုက်နဲ့ အခန်းရွှေ့နေရတော့ ပိုက်ဆံအိတ်ကျန်ခဲ့မှန်း မသိဘူး။ ဦးတင်ဝင်းက လိုက်ပြောမှ သိရတာ။ သူက ရိုးသာစွာလိုက်ပေးတဲ့အတွက် ကျေးဇူးလည်းတင်တယ်။ ရိုးသားမှုကိုလည်း ဂုဏ်ယူတယ်။ ဒီဆေးရုံမှာ ဒီလိုဝန်ထမ်းကောင်းတွေရှိတဲ့အတွက် အရမ်းဝမ်းသာတယ်””ဟု ပိုက်ဆံအိတ်မေ့ကျန်ခဲ့သည့် လူနာဦးစောမိုးစော၏ ဇနီးဖြစ်သူ ဒေါ်ထီးရှီးက ပြောသည်။

အဆိုပါဆေးရုံသစ်ကြီးမှာ ဖွင့်လှစ်ထားသည့်ကာလ မကြာသေးသော်လည်း ၀န်ထမ်းများ၏ အကျင့်စာရိတ္တကောင်းမွန်သည်ဆိုသော သာဓကအဖြစ် ပြသနိုင်ခဲ့၍ ဂုဏ်ယူကြောင်း၊ အခြားဝန်ထမ်းများလည်း အလားတူစိတ်ဓာတ်မျိုးထားနိုင်ရန် မွေးမြူသွားရမည်ဖြစ်ကြောင်း ရင်ခေါင်းခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာခင်မောင်အေး က ပြောသည်။

ရိုးသားသောစိတ်ဖြင့် မေ့ကျန်ငွေသားကို လိုက်လံပေးသော ဦးတင်ဝင်းအား လူနာရှင်နှင့် ဆေးရုံတာဝန်ရှိသူများက ယနေ့(သြဂုတ်လ ၂၉ ရက်) အဆုတ်နှင့်ရင် ခေါင်းခွဲစိပ်ကုသဆောင် အစည်းအဝေးခန်းမတွင် ဂုဏ်ပြုအခမ်းအနားပြုလုပ်၍ ဂုဏ်ပြုလက် ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး သန့်ရှင်းရေးဝန်ထမ်းများကိုလည်း လက်ဆောင်ပေးအပ်ခဲ့သည်။

ဦးတင်ဝင်းမှာ ရန်ကုန်ဆေးရုံကြီးတွင် သန့်ရှင်းရေးဝန်ထမ်းအဖြစ် လုပ်သက် ၃၂ နှစ်ကြာ ထမ်းဆောင်ခဲ့သူဖြစ် ပြီး ဆေးရုံသစ်ကြီးသို့ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်ခြင်းမှာ ၆လ မျှသာရှိသေးကြောင်း ၎င်းသည် လူနာများအား စေတနာထား ဆက်ဆံကူညီပေးလေ့ရှိသကဲ့သို့ အလုပ်ကိုလည်း ကြိုးစားလုပ်ကိုင် သူဖြစ်ကြောင်း ယင်းဆေးရုံဝန်ထမ်းများက ပြောသည်။

““ကျွန်တော့်ပစ္စည်းမဟုတ်ဘဲနဲ့ ယူမထားချင်ပါဘူး။ အံဆွဲထဲမှာ သန့်ရှင်းရေးလုပ်ရင်း ပိုက်ဆံအိတ်တွေ့တာနဲ့ အမေ(လူနာရှင်အမျိုးသမီး)ကို လိုက်ရှာပြီး ပေးတာပါ။ အဲဒီအတွက် ဒီလိုဂုဏ်ပြုပေးတာ အတိုင်းမသိဝမ်းသာတယ်။ အသိအမှတ်ပြု ဂုဏ်ပြုပေးတဲ့ ဆေးရုံက လူကြီးတွေကို ကျေးဇူးတင်တယ်””ဟု ဂုဏ်ပြုခံ ဦးတင်ဝင်း က ပြောသည်။

မိုးမင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>