Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အီဘိုလာရောဂါ စမ်းသပ်ဆဲ ဆေ၀ါးရလဒ်ကို ကုသဆေးဖြစ်ရန် မျှော်လင့်

$
0
0
အီဘိုလာ ရောဂါကို တွေ့ရှိခဲ့တဲ့ ပါမောက္ခ ပီတာ ပီးရော့ က စမ်းသပ်ဆဲ ဆေးဝါး ရလဒ်တွေဟာ အီဘိုလာ ရောဂါကုသဆေး ဖြစ်ဖို့ မျှော်လင့်ချက်ရှိတယ်လို့ ပြောပါတယ်။

လက်ရှိလန်ဒန် တကိုယ်ရည်သန့်ရှင်းရေးနဲ့ အပူပိုင်းရောဂါဆိုင်ရာ ကျောင်းရဲ့ ညွန်ကြားရေးမှူးက တရုတ်ရုပ်သံ စီစီတီဗွီ နဲ့ အင်တာဗျူးမှာ မှတ်ချက်ပေးတာပါ။

ဒါပေမ့ယ် အမေရိကန် လူမျိုးဆရာဝန်နှစ်ယောက် အီဘိုလာရောဂါခံစားနေရာကနေ သက်သာပျောက်ကင်းတာတခုတည်းနဲ့ ဆေးဝါးရဲ့ ထိရောက်မှုကို အတည်မပြုနိုင်သေးဘူး လို့လည်း ပြောပါတယ်။

အရင်က စပိန် ဘုန်းတော်ကြီးနဲ့ လိုက်ဘေးရီးယန် ဆရာဝန်တို့ကို တူညီတဲ့ဆေးနဲ့ ကုသခဲ့ပေမယ့် ၂ ယောက်စလုံး သေဆုံးခဲ့တာကို ထောက်ပြပါတယ်။
ဒါပေမ့ယ် မျောက်တွေနဲ့ စမ်းသပ်နေတဲ့ ရလဒ်တွေမှာ သတင်းကောင်းတွေ ရခဲ့တယ်လို့ ဆိုပါတယ်။ အီဘိုလာ ရောဂါ အများဆုံး ငါးရက်အထိ ကူးစက်ခံစားနေရတဲ့ မျောက် ၁၈ ကောင်ကို စမ်းသပ်ကုသကြည့်တဲ့ အခါမှာ မျောက် ၁၈ ကောင်ကို စမ်းသပ်ကုသကြည့်တဲ့အခါမှာ တကောင်မှ မသေခဲ့တာကို ထောက်ရင် မျှော်လင့်ချက်ရှိတဲ့ သဘောပဲလို့ ပြောပါတယ်။

လက်ရှိ အီဘိုလာ ကူးစက်မှုဟာ အကျယ်ပြန့်ဆုံးနဲ့ အချိန်အကြာဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်း၊ ဒေသအစိုးရတွေ၊ နိုင်ငံအစိုးရတွေ၊ ဒေသ အန်ဂျီအိုတွေက ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းနဲ့ပဲ ရောဂါကို ထိန်းချုပ်နိုင်မယ်လို့ ဆိုပါတယ်။

ဒီလောက်ဆိုးရွားတဲ့ အခြေအနေကို ရောက်ခဲ့ရတာကလည်း လိုက်ဘေးရိးယား၊ ဆီယာလီယွန်တို့မှာ ပြည်တွင်းစစ်ဒဏ်ကြောင့် ကျန်းမာရေးစနစ်တွေ ဖရိုဖရဲ ဖြစ်နေရတဲ့အကျိုးဆက်ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

အခုနောက်ဆုံး အီဘိုလာ ရောဂါကူးစက်မှုကြောင့် အနောက် အာဖရိက နိုင်ငံတွေမှာ ဒီနှစ်တွင်း သေဆုံးသူ ၁၅၀၀ ကျော် ရှိသွားပါပြီ။

dvb

Viewing all articles
Browse latest Browse all 32865

Trending Articles


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ကံမကောင်းရှာသော စကြာမင်းသားလေး


ကျောင်းသူတဦးအား ဆယ်တန်းအောင်ဆေး ပေးမည်ဆိုပြီး အလိုမတူဘဲ သားမယားပြုကျင့်ရန်...


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မင်းဆက်ဝေ-တတိယ(ဘလော့စုစည်းမူ)


ရဲချုပ်ကိုအကြံပေးခန့် 


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>