Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

KNU ကရင် ကိုယ်စားလှယ်များ UNFC ညီလာခံမှ နှုတ်ထွက်

$
0
0



ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ညီလာခံကို ဒီကနေ့ ချင်းမိုင်မြို့မှာ ပြန်လည်ကျင်းပရာမှာ UNFC ရဲ့ ဖွဲ့စည်းပုံနဲ့ မူဝါဒတချို့ဟာ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ရဲ့သဘောထားကိုက်ညီမှု မရှိတာကြောင့် မနက်ပိုင်း ဆွေးနွေးပွဲအပြီး KNU ကိုယ်စားလှယ်တချို့ အစည်းအဝေး တက်ရောက်ခြင်း မရှိတော့ပဲ နုတ်ထွက်သွားခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး UNFC ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်တစ်ဦးလည်းဖြစ် KNU အဖွဲ့က မဟာမိတ်ဆက်ဆံရေးဌာန တာဝန်ခံ လည်းဖြစ်တဲ့ ပဒိုဒေးဗစ်တာကပေါက KNU အဖွဲ့ရဲ့ မူဝါဒတွေနဲ့ မကိုက်ညီတာကြောင့် ဖြစ်တယ်လို့ RFA ကို အခုလို ပြောပါတယ်။

"ထွက်သွားတာကတော့ ဒီလိုပါ သူတို့အနေနဲ့ UNFC ရဲ့ အခြေခံ ဥပဒေကို ပြန်လည်ပြီးတော့ သုံးသပ်တယ်၊ ပြင်ဆင်တယ်၊ အဲ့ဒီမှာ သူတို့အနေနဲ့ က ဖြည့်စွက်ချင်တာတွေ၊ ပြင်ဆင်ချင်တာ လေးတွေကို အဲ့ဒါကို ပြန်ပြီးတော့ ဆွေးနွေးဖို့လိုတယ်လို့ ဆိုပြီးတော့ ထွက်သွားခြင်းဖြစ်ပါတယ်၊ ပြန်လာမှာပါ သို့မဟုတ်ရင်လည်း ပြန်အကြောင်းကြား မှာပေါ့လေ၊ ကျနော်တို့ တပ်ပေါင်းစုထဲက အဖွဲ့အစည်းတွေကတော့ တစ်ဦးနဲ့တစ်ဦးအခြေအနေ မတူဘူးပေါ့၊ သူတို့က ဟိုမူအတိုင်း ကျင့်သုံးတာ ဖြစ်ပါတယ၊် KNU အနေနဲ့က တူတာတွဲလုပ်၊ မတူတာခွဲလုပ် ဆိုတဲ့မူပေါ့လေ"

KNU အဖွဲ့အနေနဲ့လက်ရှိ UNFC ရဲ့ဖွဲ့စည်းအုပ်ချူပ်ပုံနဲ့ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့အနေနဲ့ အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး အဖွဲ့အတွင်း ပြန်လည်ချပြဆွေးနွေးပြီးမှ UNFC ကို KNU အဖွဲ့ဝင် ကိုယ်စာလှယ် ပြန်ပေး၊မပေး ဆိုတာနဲ့ အဖွဲ့ဝင်အဖြစ်ဆက်လက်ခံယူသွားဖို့ ရှိ၊မရှိ ဆိုတာတွေကို အကြောင်းပြန် သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ဝင် ၁၂ ဖွဲ့ထဲက UNFC ရဲ့ လက်ရှိစုဖွဲ့မှုနဲ့ မူဝါဒကို အဖွဲ့ ၁၁ ဖွဲ့ကသဘောတူကြပေမယ့် KNU အဖွဲ့က အခုလိုအစည်းအဝေးက ထွက်သွားတာဟာ KNU အဖွဲ့ရဲ့ နောက် ကွယ်မှာဖိအားပေးမှု တစ်စုံတစ်ရာရှိနေတာကြောင့် ဖြစ်နိုင်တယ်လို့လည်း သုံးသပ်သူတွေ ရှိနေကြပါတယ်။

လက်ရှိ UNFC အဖွဲ့က အထွေထွေအတွင်းရေးမှူး ဦးနိုင်ဟံသာကတော့ ဒါဟာ UNFC အဖွဲ့ကနေ KNU နှုတ်ထွက်သွားတာ မဟုတ်သေးကြောင်းသာပြောဆိုပြီး တခြားမေးမြန်းမှုတွေအပေါ် ပြောဆိုခြင်း မရှိခဲ့ပါဘူး။

နေ့လည်ပိုင်း UNFC ရဲ့ညီလာခံကို ဆက်လက်ကျင်းပပြီး အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပဖို့အတွက် ညီလာခံကိုယ်စားလှယ်တွေက ဆွေးနွေးကြပါတယ်။ ညီလာခံကို မနက်ြဖန် စက်တင်ဘာလ ၁ ရက်နေ့မှာ အဆုံးသတ်မယ်လို့လည်း သိရပါတယ်။
Rfa

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>