Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ငယ်ငယ်ရွယ်ရွယ်နဲ့ ကြွေလွင့်ခဲ့ရတဲ့ အေးချမ်းမြတ်မိုးရဲ့ ဈာပန(ရုပ်-သံ)

$
0
0

အိမ်နီးနားချင်း လူငယ်တစ်ယောက်ရဲ့ ဓားဒဏ်ရာကြောင့် သေဆုံးခဲ့ရတဲ့ မော်ဒယ် သရုပ်ဆောင် အေးချမ်းမြတ်မိုးရဲ့ ဈာပနကို သြဂုတ် ၃ဝက ရေဝေးသုဿန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။ ညီမဖြစ်သူကို သတ်တဲ့သူဟာ အသေသတ်မယ်ဆိုတဲ့ ကြိုတင်ကြံစည်မှုနဲ့လုပ်ခဲ့တာဖြစ်တယ်လို့ အေးချမ်းမြတ်မိုးရဲ့အစ်မက ပြောပါတယ်။

လူသတ်မှု ကျုးလွန်တယ်ဆိုတဲ့ စွပ်စွဲခံထားရသူဟာ အခင်းမဖြစ်ခင် ၃ရက်လောက်ကတည်းက ကြိုတင်ခြိမ်းခြောက်ထားသလို အေးချမ်းမြတ်မိုးရဲ့ အသွားအလာကို စောင့်ကြည့်ပြီး လူသတ်တဲ့ဓါးကိုကိုင် ဆော့ကစားနေခဲ့တယ်လို့ ပတ်ဝန်းကျင်ရဲ့ ပြောဆိုချက်တွေထည့်စဉ်းစားရင် ဒါဟာ ကြိုတင်ကြံစည်ပြီး သတ်တာဖြစ်သလို ကွယ်လွန်သူနဲ့ စွပ်စွဲခံရသူတွေရဲ့ ဆက်ဆံရေးကို ရှင်းပြခဲ့ပါတယ်။


မော်ဒယ်သရုပ်ဆောင် အေးချမ်းမြတ်မိုးဟာ ကွယ်လွန်ချိန်မှာ အသက် ၁၉နှစ်ပဲ ရှိသေးပြီး ဦးဝိစာရက နေအိမ်ကိုအပြန် အိမ်နီးနားချင်းလူငယ်တစ်ယောက်က လည်ပင်းကို ဓားနဲ့ထိုးခဲ့လို့ ဆေးရုံမရောက်ခင်မှာ သေဆုံးခဲ့ရပါတယ်။ လူသတ်မှုကျုးလွန်တယ်လို့ သံသယရှိသူနဲ့ သေဆုံးသူတို့ဟာ ရည်းစားတွေဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ခဲ့ပြီး လူအများစိတ်ဝင်တစား ဖြစ်ခဲ့ပါတယ်။

အချိန်တိုတိုအတွင်း ကြော်ငြာတွေရိုက်ကူးနေရသလို ကမ်းလှမ်းထားတဲ့ အလုပ်တွေ အများကြီးရှိနေတာကြောင့် အောင်မြင်တော့မယ့်ဆဲဆဲမှာ အခုလိုဖြစ်သွားတာကြောင့် အရမ်းကို စိတ်မကောင်းဖြစ်ရတယ်လို့ သရုပ်ဆောင် ရွှေပိုးအိမ်က ပြောပါတယ်။ အောင်မြင်မှုရဖို့ အားထုတ်ကြိုးပမ်းရတာကြောင့် အခုလို အဖြစ်ဆိုးကြောင့် ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။

Laurel Art ကျောင်းမှာ သရုပ်ဆောင်ကောင်းတဲ့ဆုရထားပြီး အနုပညာပျိုးခင်းမှာလည်း သရုပ်ဆောင်ရွေးပွဲ လျှောက်ထားတာ ရဖို့အလားအလာအများကြီးရှိတဲ့ အေးချမ်းမြတ်မိုး အခုလို အဖြစ်ဆိုး ကြုံရတာကြောင့် သရုပ်ဆောင်လောကအတွက် ချစ်စရာကောင်းပြီး တော်တဲ့ ပန်းကောင်းအညွန့်ဖူးလေး ကြွေသွားသလို ဖြစ်ရတယ်လို့ ဘေဘီမောင်က ပြောပါတယ်။

Kamayut media

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>