Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မေမြတ်နိုး၏အလှမယ်သရဖူကို ရုပ်သိမ်းခဲ့သော အာရှပစိဖိတ်အလှမယ်ပြိုင်ပွဲအဖွဲ့သည် အငြင်းပွားမှုအမြောက်အမြား ဆောင်ရွက်ခဲ့သည့်အဖွဲ့ဖြစ်ကြောင်း wikipedia တွင်ဖော်ပြထားသဖြင့် ပြိုင်ပွဲစီစဉ်သူများ၏ရိုးသားမှုအတွက် မေးခွန်းထုတ်စရာဖြစ်လာ

$
0
0
စီးပွားရေးလုပ်ငန်းကြီး၏ အဖော်အဖြစ်ရှိပေးပြီး စပွန်ဆာရှာခိုင်းခြင်းကို လက်မခံသဖြင့် ကိုရီးယားဘက်မှ သရဖူသိမ်းသည့်ထုတ်ပြန်ချက်ထုတ်ခဲ့ဟု မေမြတ်နိုးရှင်းလင်း

သရဖူရုပ်သိမ်းခံရသော မြန်မာအလှမယ်မေမြတ်နိုးသည် အသက်ကိုလိမ်လည်ထားခဲ့ပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ငယ်ရွယ်လွန်းနေကြောင်း Miss Asia Pacific World ကိုတည်ထောင်သူ ဥက္ကဋ္ဌ ၀ိုင်စီချွိုင်ကပြောကြားခဲ့သည်။ မေမြတ်နိုးသည် အဖွဲ့ကအကုန်အကျခံသော ဒေါ်လာ ၁၀,၀၀၀ ကုန်ကျသော ရင်သားခွဲစိတ်ပြုပြင်မှုကိုခံယူခဲ့ပြီး ဒေါ်လာ ၁၀၀,၀၀၀ ကျော်တန်ဖိုးရှိသော အလှမယ်သရဖူကို ခိုးယူထွက်ပြေးတိမ်းရှောင်နေကြောင်း ပြိုင်ပွဲကိုကြီးမှူးကျင်းပသူများက ပြောကြားထားပြီးဖြစ်သည်။

မေမြတ်နိုးကို သရဖူရုပ်သိမ်းခံရမှုတွင် ပြိုင်ပွဲကျင်းပသည့်အဖွဲ့မှ ထုတ်ပြန်ချက်များသည် တစ်ဖက်သတ်ဖြစ်နေပြီး ကာယကံဖြစ်သူက ယခုအချိန်အထိ တုံ့ပြန်ဖြေကြားခြင်းမရှိသေးပေ။

ထို့ပြင် ယင်းပြိုင်ပွဲကိုဦးစီးကျင်းပသည့် Miss Asia Pacific World သည် လေးနှစ်သာရှိသည့်သက်တမ်းအတွင်း အငြင်းပွားမှုအမြောက်အမြား ဆောင်ရွက်ခဲ့သည့်အဖွဲ့ဖြစ်ကြောင်း wikipedia တွင်ဖော်ပြထားသည်။ ကိုရီးယားအခြေစိုက် ယင်းအဖွဲ့သည် ၂၀၁၁ ခုနှစ်တွင် ပထမဆုံးအလှမယ်ဆုရွေးချယ်ခဲ့ပြီး ယင်းနှစ်ပြိုင်ပွဲတွင် ရွေးချယ်ခံခဲ့ရသော ကိုရီးယားအလှမယ် ဂျန်အွန်အေသည် ပြိုင်ပွဲပြီးနောက်တစ်ရက်တွင် အလှမယ်အဖြစ်မှ နုတ်ထွက်သွားခဲ့သည်။ ပြိုင်ပွဲတွင် အဆင့်မြင့်နေရာများ အလိုအလျောက်ရရှိလိုပါက လိင်ကိစ္စနှင့်အလဲအထပ်ဆောင်ရွက်နိုင်ကြောင်း ပြိုင်ပွဲစီစဉ်သူများက ကမ်းလှမ်းခဲ့သည်ဟု ဂျန်အွန်အေက စွပ်စွဲပြောကြားခဲ့သည်။

ယင်း ၂၀၁၁ ခုနှစ်ပြိုင်ပွဲတွင်ပင် လိင်ကိစ္စကမ်းလှမ်းမှုများကြောင့် ပြိုင်ပွဲမှနုတ်ထွက်ခဲ့သော ဗြိတိန်မော်ဒယ်အေမီဝီလာတန်က ပြိုင်ပွဲတွင် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှုများရှိခဲ့ကြောင်း စွပ်စွဲပြောကြားခဲ့သည်။ အေမီဝီလာတန်သည် ၂၀၁၃ ခုနှစ် Miss Universe Great Britain ဆုကိုရရှိခဲ့သူဖြစ်သည်။

မေမြတ်နိုးသည် အသက် ၁၈ နှစ်ရှိပြီဟု ပြိုင်ပွဲ၏၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော်လည်း အမှန်တကယ်တွင် အသက် ၁၅ နှစ်သာရှိသေးကြောင်း Miss Asia Pacific World ပြိုင်ပွဲကိုတည်ထောင်သူ၊ ဥက္ကဋ္ဌ ၀ိုင်စီချွိုင်က သြဂုတ် ၃၁ ရက်တွင် ပြောကြားလာခဲ့သည်။

"သူ့မွေးနေ့က ၁၉၉၈၊ အောက်တိုဘာ ၁၃ ပါ" ဟု သူက၀န်လေးစွာဖြင့် ပြောကြားခဲ့သည်။ ပြိုင်ပွဲကျင်းပရန် ရက်အနည်းငယ်အလို မေလအစောပိုင်းရောက်မှသာ နိုင်ငံကူးလက်မှတ်ကိုစစ်ဆေးပြီး အသက်အမှန်ကို နောက်ကျသိခဲ့ရကြောင်း သူကပြောကြားခဲ့သည်။

မေမြတ်နိုးသည် အလှမယ်ပြိုင်ပွဲယှဉ်ပြိုင်ရန်နှင့် ရင်သားခွဲစိတ်ပြုပြင်ရန်အတွက် အရွယ်ရောက်နေပြီဖြစ်ကြောင်းလည်း သူကပြောကြားခဲ့သည်။

"သူကအရွယ်ရောက်နေပါပြီ။ သူ့အရပ်က ၁၇၃ စင်တီမီတာ၊ ဒီထက်ပိုပြီးရှည်လာမှာ မဟုတ်ပါဘူး" ဟု ချွိုင်ကပြောကြားခဲ့သည်။ ပြိုင်ပွဲယှဉ်ပြိုင်ရန်အတွက် အနိမ့်ဆုံးအသက်သည် ၁၈ နှစ်အရွယ်သည် သင့်လျော်သည်ဟု သတ်မှတ်ထားသော်လည်း မဖြစ်မနေဟုသတ်မှတ်မထားကြောင်း ၎င်းကပြောကြားခဲ့သည်။ သို့သော်လည်း ၎င်း၏ပြောကြားချက်နှင့် ပြိုင်ပွဲ၏တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်သည် ကွဲလွဲနေသည်။

"ပြိုင်ပွဲယှဉ်ပြိုင်သူအားလုံးသည် အသက် ၁၈ မှ ၂၇ နှစ်အတွင်းဖြစ်ရမည်" ဟုဖော်ပြထားသည်။

မေမြတ်နိုးသည် ရင်သားခွဲစိတ်ပြုပြင်ပြီးနောက် အတွင်းခံအင်္ကျီဝယ်ရန် ၁၈ ဒေါ်လာချေးယူခဲ့ခြင်းဖြင့် အဖွဲ့ကိုအရှက်ရစေခဲ့ကြောင်း ဥက္ကဋ္ဌ ၀ိုင်စီချွိုင်က ပြောကြားခဲ့သည်။

"စနေ၊ တနင်္ဂနွေမှာ ခွဲစိတ်ကုသပြီးတော့ သူ့ရင်သားကပိုကြီးလာတယ်။ ဘရာစီယာက ၁၈ ဒေါ်လာလို့ သူကပြောခဲ့ပါတယ်။ ရင်သားပိုကြီးလာလို့ ဘရာစီယာအသစ်ဝယ်ဖို့လိုတယ်လို့ သူကပြောခဲ့တယ်" ဟု ချွိုင်က ပြောကြားခဲ့သည်။ သူ၏ရုံးဝန်ထမ်းများက တနင်္လာနေ့တွင် ဘရာစီယာအကြီးငါးထည် လာပို့ပေးမည်ကိုစောင့်ရန် တိုက်တွန်းခဲ့ကြောင်းလည်း ချွိုင်ကပြောခဲ့သည်။

"စားစရာမရှိဘူးလို့လည်း သူကပြောပါသေးတယ်။ ပြီးတော့ သူက ၁၈ ဒေါ်လာအတွက်နဲ့ သူနာပြုတစ်ယောက်ဆီက ငွေချေးခဲ့တယ်။ ဒါက ကျွန်တော်တို့ ဘယ်လိုမှသည်းမခံနိုင်ပါဘူး" ဟု ဥက္ကဋ္ဌ ၀ိုင်စီချွိုင်က ပြောကြားခဲ့သည်။

သမီးဖြစ်သူသည် အလှမယ်ဆုရရှိခဲ့မှုကြောင့် ရုပ်သံတွင်ပါဝင်ခဲ့ပြီး ဒေါ်လာ ၃၀,၀၀၀ ခန့်ရရှိထားကြောင်း၊ ယင်းဝင်ငွေအတွက် အဖွဲ့နှင့်မြန်မာကိုယ်စားလှယ်က ၀င်ငွေဖြတ်တောက်မည်ကို ငြင်းဆိုခဲ့သည့် သူ၏မိခင်သည် သမီးနှင့်အတူလိုက်ပါခဲ့သော်လည်း မေမြတ်နိုးသည် သူနာပြုထံမှ နှစ်ကြိမ်ငွေချေးခဲ့ကြောင်း ချွိုင်ကပြောကြားခဲ့သည်။

ပြိုင်ပွဲကိုဦးစီးကျင်းပသည့် သူ၏အဖွဲ့သည် အကျင့်ပျက်မှုများရှိကြောင်း မှားယွင်းစွပ်စွဲသည်ဟုဆို၍ ဘီဘီစီကို ဒေါ်လာသုံးဘီလျံရလိုကြောင်း တရားစွဲဆိုသွားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း စွပ်စွဲမှုများရှိနေသည်။ မေမြတ်နိုးကို ရင်သားခွဲစိတ်ရန် ပြိုင်ပွဲဦးစီးသည့်အဖွဲ့က ဖိအားပေးခဲ့ခြင်းမရှိကြောင်း၊ ထို့ပြင် ပြီးခဲ့သည့်နှစ်များအတွင်း မည့်သည့်အရှုပ်တော်ပုံမျှမရှိကြောင်း ချွိုင်က Korea Observer ကို ပြောကြားခဲ့သည်။

သရဖူ၏တန်ဖိုးကိုဖော်ပြရာတွင်လည်း မီဒီယာများက ချဲ့ကားဖော်ပြခဲ့ကြကြောင်း ချွိုင်ကပြောကြားခဲ့သည်။

"ဒီဇိုင်နာတစ်ယောက်နဲ့ ကျောင်းသားတွေက သရဖူကို ခြောက်ပတ်ကြာဖန်တီးခဲ့ကြပါတယ်။ ဒေါ်လာ ၁၀,၀၀၀ တန်တယ်လို့ ကျွန်တော်တို့ မပြောခဲ့ပါဘူး" ဟု သူကပြောကြားခဲ့သည်။ စပွန်ဆာပေးသူတစ်ဦးက အကုန်အကျခံလုပ်ပေးခဲ့ခြင်းဖြစ်ပြီး အမှန်တကယ်ကုန်ကျစရိတ်သည် သတင်းများတွင်ဖော်ပြထားသည်ထက် အတော်များများနည်းကြောင်း သူကမှတ်ချက်ပေးပြောကြားခဲ့သည်။

သို့သော် မြန်မာအလှမယ်ကို ကိုရီးယားပြိုင်ပွဲစီစဉ်သူများဘက်မှ ပြောကြားမှုများသည် တစ်ဖက်သတ်ဖြစ်နေကြောင်း မြန်မာအမျိုးသမီးများက ဝေဖန်ပြောကြားခဲ့ကြသည်။

"မေမြတ်နိုးဘက်ကမှားခဲ့သည်ဖြစ်စေ၊ မှန်ခဲ့သည်ဖြစ်စေ ကိုရီးယားဘက်က မရေရာတဲ့၊ သက်သေပြလို့မရတဲ့ စွပ်စွဲမှုတွေကို ရပ်တန်းကရပ်သင့်နေပြီလို့ပဲ ပြောချင်တယ်။ တရစပ်တိုက်ခိုက်မှုတွေကို လုံးဝလက်မခံနိုင်တော့ဘူး။ မေမြတ်နိုးကမှားခဲ့သလား၊ မှန်ခဲ့သလားဆိုတာကို စိတ်မ၀င်စားဘူး။ ဒါပေမဲ့ မေမြတ်နိုးနဲ့တွဲဖက်ပြီး မြန်မာမိန်းကလေးဆိုပြီး စွပ်စွဲပုတ်ခတ်နေတာတွေကို လုံးဝရှုတ်ချပါတယ်။ မေမြတ်နိုးအနေနဲ့လည်း ကိုယ့်ဘက်ကနစ်နာခဲ့တာတွေအတွက် ဥပဒေကြောင်းအရပဲ ဆက်သွားစေချင်တယ်။ လိုအပ်တာထက်ပိုပြီး ကိုရီးယားအဖွဲ့အစည်းဘက်ကနေ စော်ကားခဲ့တာတွေအတွက် အစ်မတို့အနေနဲ့တော့ ပြန်တောင်းပန်စေချင်တယ်" ဟု မသစ်သစ်မြင့်ဆိုင်က ပြောကြားခဲ့သည်။

မေမြတ်နိုး၏မိခင်ကလည်း "ကျွန်မတို့မီဒီယာတွေနဲ့ တွေ့ဆုံပွဲနေ့မှာ အားလုံးတစ်ပြေးညီ ရှင်းလင်းတင်ပြသွားပါမယ်။ မေမြတ်နိုးအတွက် တစ်ဖက်သတ်ပြောခဲ့တာတွေရော၊ ကျွန်မကိုပြောဆိုစွပ်စွဲခဲ့တာတွေရော အားလုံးရှင်းလင်းသွားမှာပါ။ ကျွန်မရဲ့ဂုဏ်သိက္ခာအတွက်ရော မေမြတ်နိုးရဲ့ဂုဏ်သိက္ခာအတွက်ပါ ကျွန်မတို့ငြိမ်ခံနေမှာ လုံးဝမဟုတ်ပါဘူး။ အားလုံးကို အမှန်အတိုင်း ရှင်းလင်းသွားပါမယ်" ဟု ပြောကြားခဲ့သည်။ -
Eleven media group

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>