Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အင်းလျားကန်ဘောင်အတွက် ပေးဆပ်မှုများ

$
0
0
အများပြည်သူ အပန်းဖြေလျှက်ရှိကြသည့် အင်းလျားကန်ဘောင်သို့ လာရောက်၍ အပန်းဖြေကြလ သော မိဘပြည်သူများတို့အတွက် စည်ပင်သာယာအဖွဲ့မှ အမှိုက်ပုံးများ ထားရှိပေးထားသော်လည်း စည်း ကမ်းမဲ့ စွာ အသိတရားမရှိသော၊ နိုင်ငံကြီးသားမပီသ သူတစ်ချို့၏ စွန့်ပစ်ထားသောအမှိုက်များ၊ ပုလင်း များ၊ ရေ သန့်ဗူး၊ ကြွပ်ကြွပ်အိတ်များ၊ သံဗူးများအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေး
မှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် နှင့် အသင်းသား/သူများအပြင် သဘာဝ ပတ် ဝန်းကျင် သန့်ရှင်း
ရေးအား စိတ်ပါဝင်စားကြသော ရွှေပြည်သာမြို့နယ် "အာယုသုခ ပရဟိတလူငယ်များ" နာရေးအသင်း၊ မင်္ဂလာဒုံမြို့နယ် "ပုညကာရီ" နာရေးအသင်း၊ အင်းစိန်မြို့နယ် "ဗြဟ္မဝိဟာရ လူငယ် ပရဟိတအဖွဲ့"  စုစု
ပေါင်း ပရဟိတအင်အား (၅ဝ) ဦးခန့်တို့ဖြင့် အင်းလျားကန်ဘောင်ပေါ်ရှိ မြက်ခင်းပြင်၊ အင်းလျားကန်လမ်း တလျှောက်နှင့် စားသောက်ဆိုင် ပတ်ဝန်းကျင်တဝိုက်ရှိ အမှိုက်များအပြင် ပြည်လမ်း အင်းလျားကန်ဘောင်
တလျှောက် ရေမြောင်းကြီးများထဲရှိ ချိတ်တွယ်နေသော အမှိုက်များအား  နံနက် (၇း၃ဝ) နာရီအချိန်မှ
(၁၁းဝဝ) နာရီအထိ သွားရောက်၍ ကောက်ယူရှင်းလင်းပေးခဲ့သည်။

ထို့နောက် "ကိုယ့်အမှိုက် ကိုယ်ရှင်း" ဟူသော သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ရိုက်နှိပ် ထား
သော စတေကာများအားလည်း ကန်ဘောင်ပေါ်ရှိအမှိုက်ပုံးများ၊ ဈေးဆိုင်ခန်းများတွင် စနစ်တကျ လိုက်လံ ကပ်ပေးခဲ့ခြင်းနှင့် လက်ကမ်းစာရွက်များ ဝေငှပေးခဲ့သည်။ ရေထဲ၌ အမှိုက်များအား ဆယ်ယူရာ တွင် ရွံနွံ့ ထဲ နစ်မြှုပ်နေသော အရက်ပုလင်း၊ ဝိုင်ပုလင်း၊ ဘီယာပုလင်းကွဲများ တွေ့ရှိရ၍ အထူးသတိပြု ကောက်ယူ ရှင်းလင်းခဲ့ရသည်။ အများပြည်သူ အပန်းဖြေရာနေရာတစ်ခုတွင် ဤကဲ့သို့ အန္တရာယ်ဖြစ်နိုင် သည့်အမှိုက်
များ အမြင်မသင့်လျော်သော အမှိုက်များအား လူသားချင်း ကိုယ်ချင်းစာစိတ် မွေးဖွား၍ သတ် မှတ်ထား
သော အမှိုက်စွန့်ပစ်ရာ အမှိုက်ပုံများတွင် စည်းကမ်းစနစ်ကျစွာ စွန့်ပစ်ခြင်းဖြင့် နိုင်ငံဂုဏ်အား မြှင့်တင်
ကြ ပါရန် နှိုးဆော်လိုက်ရပါတော့သည်။

(မှတ်တမ်း - ဓါတ်ပုံများ)

















သတင်း-ဆောင်းပါး နှင့် မှတ်တမ်း ဓါတ်ပုံများ - နာရေးကူညီမှုအသင်း(ရန်ကုန်)

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>