Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ထူးဆန်းသောတိုက်ဆိုင်မှုများနှင့် ငွေကြေးလိမ်လည်မှုတစ်ခုအကြောင်း

$
0
0
၂၀၁၃ ခုနှစ်အတွင်းက သင်္ဃန်းကျွန်မြို့နယ် လေးဒေါင့်ကန် လမ်းမကြီးပေါ် စံပြဈေးအနီးတွင်ဖွင့်လှစ်ခဲ့သော မေမေဖေဖေကုမ္ပဏီဆိုသည်မှ ဘွဲ.ရပညာတတ်လူငယ်
(၂ရ)ဦးထံမှ လုပ်ငန်းအာမခံကြေးဟုဆိုကာတစ်ဦးလျှင် ငွေကျပ်၁၅ သိန်းဆီ လိမ်လည်
မှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်။

အဆ်ုပါ လိမ်လည်မှုကြီးအား သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် နစ်နာသူများမှ ပုဒ်မ၄၁၇ ဖြင့် ဦးတိုက်မှုစွဲဆိုခဲ့သည်။တရားစွဲဆိုခံထားသူ ၅ ဦးအနက်မှ အဓိကစွပ်စွဲခံရသူ
မဟုတ်သူ ဦးသိန်းထူး ဆိုသူ ထွက်ပြေးနေခဲ့သဖြင့်တရားရုံးမှ ဝရမ်းချရာတွင် အတည်မဖြစ်ပဲ အဓိကစွပ်စွဲခံရသူ ဦးဝင်းဆွေဦးအပါအ၀င် ကျန် ၄ ဦးဖြင့် တရားရုံးမှ အမှုအား
စစ်ဆေးမှုမပြုလုပ်ခဲ့ပါ။

အချိန်ကာလ(၆)လအတွင်း ရုံးချိန်းပေါင်း (၁၈၀) ခန်.ချိန်းဆိုပြီး အမှုအားစတင်စစ်ဆေးခြင်းမပြုလုပ်ခဲ့ကြောင်း၊ နစ်နာမှုတစ်ခုအား အချိန်ကာလ(၆)လအထိ တိမ်းရှောင်နေသူ
ဦးသိန်းထူးမှအပ ကျန်ရှိသော အဓိကစွပ်စွဲခံသူ ဦးဝင်းဆွေဦးအပါအ၀င်တရားပြိုင်များအား စစ်ဆေးခြင်း၊ အမှုတည်ဆောက်ခြင်းမပြုခဲ့သည့်အပြင် ရဲတပ်ဖွဲ.မှလည်း တရားခံ
ပြေးကြေညာထားသူအား (၆)လတိုင်အောင် ရှာဖွေဖမ်းဆီးနိုင်ခဲ့ခြင်းလည်းမရှိပေ။

ယခုအခါ စွဲဆိုသူ ၅ ဦးအနက် ထွက်ပြေးတိမ်းရှောင်နေသူတစ်ဦးအား ပလပ်၍ကျန်စွပ်စွဲခံထားရသူများဖြင့် အမှုမှန် အမြန်ဆုံးပေါက်စေရန် ဆက်လက်စစ်ဆေး
သွားမည်ဖြစ်ကြောင်း နှင့် ထွက်ပြေးသူအား တွေ့ရှိပြီ ဆိုပါက နောက်တိုးတရားပြိုင်စွပ်စွဲခံရသူအဖြစ် စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

၉.၉.၂၀၁၄ရက်နေ့  ရုံးချိန်းတွင် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် အမှုစတင်တည်ဆောက်စစ်ဆေးနိုင်မည်ဟု မျှော်လင့်ရကြောင်း နစ်နာသူ ဘွဲ.ရပညာတတ်
လူငယ်များထံ သိရှိရပါသည်။

ထူးခြားမှုတစ်ခုအဖြစ် ဘွဲ.ရပညာတတ်လူငယ်(၂ရ)ဦးထံမှ လုပ်ငန်းအာမခံကြေးဟုဆိုကာတစ်ဦးလျှင် ငွေကျပ်၁၅ သိန်းဆီ လိမ်လည်ရယူထားသည်ဟုတရားရုံး
တွင် အမှုရင်ဆိုင် စွပ်စွဲခံထားရသူ ဦးဝင်းဆွေဦးမှ တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာတစ်ဘီလံ အကျိုးအမြတ်ရရှိမည့် မြို.တွင်းခရီးသွားဝန်ဆောင်မှု Taxi
Company တည်ထောင်မည့်အကြောင်းမီဒီယာများနှင့်သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း စံတော်ချိန် နေ့စဉ်သတင်းစာ၌ ဖေါ်ပြထားသည်ကိုလည်း တွေ.ရှိနေခဲ့
ရပြန်သည်။

သို.ပါသဖြင့် နစ်နာမှုတစ်ခုအား အထောက်အထားခိုင်လုံစွာဖြင့် တိုင်ကြားခဲ့သော်လည်းတရားရုံးရင်မဆိုင်ပဲ ထွက်ပြေးတိမ်းရှောင်နေသူ တစ်ဦးအား အချိန်(၆)လအထိ
ရဲတပ်ဖွဲ.မှမဖမ်းဆီးနိုင်ခြင်း၊ တရားရုံးမှလည်းအဓိက လိမ်လည်ကြောင်းစွပ်စွဲခံထားရသူများကျန်ရှိနေပါလျက် အမှုအား တည်ဆောက်စစ်ဆေးပေးနိုင်ခြင်းမရှိသည့်
အပေါ် ပြည်သူများမှ ယနေ.တရားစီရင်ရေးမဏ္ဍိုင်အပေါ် နားမလည်နိုင်အောင်ဖြစ်
နေကြကြောင်း သိရှိရပါသည်။

သတင်းဓါတ်ပုံ- ကိုမင်း
Kyaw Swar Myint

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>