Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တိုင်းပြည်ခေါင်းဆောင်-Pa Yit

$
0
0
(၁)

ဆင်းရဲတဲ့နိုင်ငံသမ္မတ မို့လို့..
အနှိမ်ခံရတာမဟုတ်ဘူး..

နိုင်ငံတစ်ခုရဲ့သမ္မတ ဟာ
ချမ်းသာဆင်းရဲ့ ဘယ်လိုပဲဖြစ်ပါစေ
သူ့ Protocol အရ ကြိုဆိုကြတာထုံးစံပဲ..

ဘာသာစကားညံ့ဖျင်း လို့
အနှိမ်ခံရတာလဲမဟုတ်ဘူး..

အင်္ဂံလိပ်စကားမတတ်တဲ့
နိုင်ငံ့ခေါင်းဆောင်တွေ ဥရောပသွားနေတာကို
လေ့လာကြည့်စေချင်ပါတယ်၊
ဦးသိန်းစိန်အခုရောက်နေတဲ့ ဂျာမဏီတောင်
ဂျာမန်စကားပြောတဲ့သူများပါတယ်။

သေချာတာကတော့..
ဥရောပနိုင်ငံတွေဟာ..
အရမ်းတိုးတက်ပေမဲ့..
အာဏာရှင်လက်ကိုင်တုတ်မှန်း
အရမ်းသိသာနေတဲ့ အစိုးရတစ်ရပ်ကိုတော့
သတိထားဆက်ဆံကြတယ်ဆိုတာပါပဲ..

နောက်ပြီးတော့
ဂုဏ်ပြုတပ်ခွဲနဲ့ကြိုတာမကြိုတာကိုလဲ
အလေးအနက်ထားစရာသိပ်မရှိပါဘူး..
နိုင်ငံတစ်နိုင်ငံကို ဖိတ်ကြားမှုနဲ့လာရောက်တဲ့
ဘယ်သမ္မတကိုမဆို...
ဂုဏ်ပြုတပ်ခွဲနဲ့ကြိုတာဟာ
နိုင်ငံတိုင်းရဲ့စည်းမျဉ်းပဲဖြစ်ပါတယ်.၊

ဦးသိန်းစိန်လာလဲ ကြိုမှာပါပဲ ၊
ရှိတ်ဟာဆီနာလာလဲ ကြိုမှာပါပဲ၊
ပါကစ္စတန်သမ္မတလာလဲ ကြိုမှာပါပဲ

ဒါဟာ..ဆန်းကြတယ်တဲ့ကိစ္စမဟုတ်ပါဘူး

အိမ်ရှင်ဖြစ်တဲ့အတွက်
ဧည့်ဝတ်တော့ကျေမှာပါ..

-----------------------

(၂)

ဒါပေမဲ့ ရင်းနှီးမှုနဲ့ထိတွေ့ဆက်ဆံမှုက
စကားပြောပါတယ်၊

ပြီးတော့ လူတစ်ယောက်အပေါ်..
အထင်ကြီးလေးစားမှုကို အဓိကထားလေ့ရှိတာကိုလဲ
ပညာတတ်နိုင်ငံအများစုမှာတွေ့ရမှာဖြစ်ပါတယ်၊

ပြီးတော့ အဲဒီခေါင်းဆောင်ရဲ့
အရည်အချင်း ၊ အရည်အသွေးနဲ့လဲ
ဆိုင်မယ်ထင်ပါတယ်၊

ဘာလို့လဲဆိုတော့..
ပြီးခဲ့တဲ့ဧပြီလတုန်းက..
ဂျာမဏီနိုင်ငံကို ဒေါ်စုလာတဲ့အချိန်မှာ..
နိုင်ငံတစ်နိုင်ငံရဲ့သမ္မတ ဟုတ်တဲ့အတွက်..
ဂုဏ်ပြုတပ်ဖွဲ့ နဲ့ မကြိုဆိုတာကလွဲရင်
ဂျာမဏီခေါင်းဆောင်တွေနဲ့ ဂျာမဏီပြည်သူတွေဟာ
အရမ်းကို လေးစားချစ်ခင်စွာကြိုဆိုတာကိုတွေ့ရပါတယ်။
အားလုံးဟာ ဧည့်ဝတ်ကြေ ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။

အဲဒီတုန်းကလဲ..
ဂျာမဏီဝန်ကြီးချုပ်၊
ဂျာမဏီသမ္မတတို့နဲ့တွေ့ပြီး
ဂျာမဏီနိုင်ငံဟာ... ဒေါ်စုကို
သူတို့တိုင်းပြည်ရဲ့ဂုဏ်ထူးဆောင်ဖြစ်တဲ့
Willy Brandt Prize ဆုကို
သူမရဲ့ အနစ်နာခံမှုအတွက်ပေးအပ်ခဲ့ပါတယ်၊
ပြီးတော့ ဘာလင်မြို့တော်ဝန်ကိုယ်တိုင်
ဘာလင်မြို့အနှံ့ ဒေါ်စုကို လိုက်ပြခဲ့ပါတယ်။

သေချာတာကတော့..

သမ္မတဦးသိန်းစိန်ရဲ့ ဂျာမဏီခရီးစဉ်ဟာ..
ဒေါ်စုခရီးစဉ်လောက် အသက်မပါတာတော့
အမှန်ပါပဲ၊

မြန်မာနိုင်ငံရဲ့ သမ္မတတစ်ယောက်ကို
ဂျာမဏီ သမ္မတကိုယ်တိုင်လာမကြိုပဲ
chancellor (၀န်ကြီးချုပ်အဆင့်)ကလာကြိုတာကို..ထူးခြားမှုအနေနဲ့ ..
တွေ့ရမှာဖြစ်ပါတယ်၊

------------------------

(၃)

စကားတစ်ခုကို ဝေမျှလိုပါတယ်..
အရမ်းကိုပြတ်သားတဲ့စကားပါ၊

" “ အပြောင်းအလဲနောက်ကွယ်မှာ ..
အကြောက်တရားနဲ့ ကျန်ရစ်ခဲ့သူတွေကို..
ကူညီဖေးမပါ..။

ပြီးတော့ အာဏာလက်လွှတ်ရမှာ၊
ဥစ္စာဓနလက်လွှတ်ရမှာ၊
အခွင့်ထူးခံဘဝတွေကို ..
လက်လွှတ်ရမှာ ကြောက်နေကြသူတွေရဲ့..
စကားတွေကို နားမထောင်ပါနဲ့....” "

အဲဒီစကားကတော့..
ဂျာမဏီ သမ္မတJoachim Gauck ဟာ
မြန်မာနိုင်ငံကိုလာရောက်စဉ်
၁၁-၂-၂၀၁၄ မှာရန်ကုန်တက္ကသိုလ် ..
စိန်ရတု ခန်းမမှာမြန်မာပြည်သူတွေအတွက်..
ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲက စာသား ဖြစ်ပါတယ်..။

ဒီ့ထက်ရှင်းတာ ဘာမှမရှိပါဘူးဗျာ..၊

( Pa Yit)

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>