ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဆိုက်ရောက်ဗီဇာလုပ်ပေးနေသည့် နေရာကို တွေ့ရစဉ်
ကမ္ဘာလှည့် ဗီဇာတစ်ခုတည်းကို သာ အွန်လိုင်းဗီဇာ (e-Visa) လျှောက်ခွင့် ပြုထားပြီး e-Visa လျှောက်ထားသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သာ ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်သည် ဟု e-Visa ဆိုင်ရာအကောင်အထည် ဖော် ခြင်းအခမ်းအနားမှ သိရသည်။
မြန်မာနိုင်ငံကိုဝင်ရောက်သည့် ဧည့် သည်များအနေဖြင့် ကမ္ဘာလှည့်ဗီဇာ(Tou- rist Visa) ဖြင့် ဝင်ရောက်သူ အများဆုံး ဖြစ်သောကြောင့် Tourist Visa တစ်ခုတည်း ကိုသာ (e-Visa) လျှောက်ထားခွင့်ပြုခြင်း ဖြစ်သည်။ (e-Visa) ကို ယခုမှ စတင်အကောင် အထည်ဖော်ခြင်းဖြစ်ပြီး ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်တစ်ခုတည်းမှသာ ဝင်ရောက်ခွင့် ပြုသွားမည်ဖြစ်ကြောင်း သိ ရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ''ကမ္ဘာလှည့်ဗီဇာကို လုပ်ငန်း ဗီဇာတို့လို ဆိုက်ရောက်ဗီဇာနဲ့ ခွင့်ပြုပေး ချင်ပေမဲ့ မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည် ဆိုင်ရာ မြို့ပြလေ ကြောင်းလိုင်းအဖွဲ့ ( Inter-national Civil Aviation Organization ICAO) အဖွဲ့ဝင်နိုင်ငံဖြစ်၍ ICAO ရဲ့ စနစ်အရ ခရီးသည်တစ်ဦးအတွက် စစ် ဆေးရန် ကြာမြင့်ရမည့်အချိန်ကို သတ် မှတ်ထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံတကာလေဆိပ်များရဲ့ ခရီး သည်လက်ခံနိုင်မှု စွမ်းပကားတွေပေါ် မူ တည်ပြီး Tourist Visa ကို ဆိုက်ရောက် ဗီဇာ(Visa on Arrival) ဖြင့် ခွင့်ပြုဖို့ ဖြစ် နိုင်ခြေမရှိတဲ့ အတွက် Visa on Arrival ကို e-Visa စနစ် ခွင့်ပြုဆောင် ရွက်ပေးရခြင်း ဖြစ်ပါတယ်''ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံကို ပြည်ပမှခရီး သည်ဝင်ရောက်မှုမှာ တစ်ရက်လျှင် လူ အယောက် ၅ဝဝဝ ခန့်ရှိပြီး ၃၅ဝဝခန့်က Tourist Visa နှင့် ဝင်ရောက်သူများ ဖြစ် သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ပြည်ဝင်ဗီဇာ ခြောက် မျိုးဖြစ်သော ကမ္ဘာလှည့်ဗီဇာ၊ လုပ်ငန်း ဗီဇာ၊ ပြည်ဝင်ဗီဇာ၊ ဖြတ်သန်းဗီဇာ၊ သံတ မန်ဗီဇာ၊ အကြိမ်ကြိမ်ပြည်ဝင်ခွင့် ဗီဇာဟူ သော ဗီဇာခြောက်မျိုးတွင် လုပ်ငန်းဗီဇာ၊ ပြည်ဝင်ဗီဇာ၊ ဖြတ်သန်းဗီဇာစသည့် ဗီဇာ သုံးမျိုးကို Visa On Arrival ထုတ်ပေး ထားပြီး လက်ရှိ ကမ္ဘာလှည့်ဗီဇာကို အွန် လိုင်းဗီဇာအဖြစ် လျှောက်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနမှ တာဝန်ရှိသူ ဦးမောင် မောင်သန်းက ''e-Visa ကို အခုမှ စတင် တာကြောင့် ရန်ကုန်ကပဲ ဝင်ခွင့်ပြုတာပါ။ ဒီစနစ်ကို နည်းပညာအမှန်တကယ်ထောက် ပံ့နိုင်ပြီဆိုရင် မန္တလေး၊ နေပြည်တော် အ ပြည်ပြည်ဆိုင်ရာလေဆိပ်တွေအပြင် တရား ဝင် ခွင့်ပြုထားတဲ့ နယ်စပ်ပေါက်တွေက လဲ ဝင်ခွင့်ပြုသွားဖို့ စီစဉ်သွားမှာပါ''ဟု ပြောသည်။
e-Visa စနစ် တရားဝင်မဖွင့်လှစ်မီ စမ်းသပ်ကာလကို ၂ဝ၁၄ ခုနှစ် သြဂုတ် ၁ဝ ရက်မှစတင်ခဲ့ပြီး စမ်းသပ်ကာလ စ တင်ချိန်မှ သြဂုတ် ၃ဝ ရက်အထိ လျှောက် ထားသူပေါင်း ၅၈၄ ဦး၊ ခွင့်ပြုခဲ့သူပေါင်း ၅၃၁ ဦး ရှိခဲ့သည်ဟု သိရသည်။
နဠငျေ စနစ်ကို စက်တင်ဘာ ၁ ရက် မှ စတင်ခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံတွင် သံရုံး စိုက်ထားသည့် နိုင်ငံပေါင်း ၄၁ နိုင်ငံမှ လျှောက်ထားနိုင်သည်ဟု သိရသည်။
==========================================
#YangonMediaGroup ™