Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဗဟိုချုပ်ကိုင်မှုစနစ်ကြောင့် မြန်မာ့ပညာရေးအဆင့်အတန်း အရှေ့တောင် အာရှ၌ နောက်ဆုံးသို့ ရောက်နေ

$
0
0
မြန်မာနိုင်ငံ ပညာရေးစနစ်၌ နှစ် ရှည်လများ အသုံးပြုခဲ့သည့် ဗဟိုချုပ် ကိုင်မှု စနစ်ကြောင့် အရှေ့တောင်အာ ရှနိုင်ငံများ၌ ပညာရေးအဆင့်အတန်း မှာ နောက်ဆုံးရောက်နေရသည်ဟု ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ကွန်ရက် (NNER) ၏ တာဝန်ရှိသူ များထံမှ သိရှိရသည်။

“ကိုယ့်နိုင်ငံက ပညာရေးစနစ် နိမ့်ကျတော့ ပြည်တွင်းမှာဘဲဖြစ်ဖြစ် ပြည်ပ မှာဘဲဖြစ်ဖြစ် လက်တွေ့လုပ် ငန်းခွင်ထဲမှာ ခွဲခြားဆက်ဆံခံရတာ တွေ သူများနောက်ရောက်နေတာ တွေ လက်တွေ့မှာ ကြုံတွေ့နေရ တယ်။ ကိုယ့်နိုင်ငံ အတွင်းမှာ လာလုပ် တဲ့ စီးပွားရေးလုပ်ငန်းတွေမှာဆိုရင် လည်း တခြားနိုင်ငံက ကလေးတွေက အုပ်ချုပ်ရေးပိုင်းမှာ ရတယ်ဆိုရင် ကိုယ့်နိုင်ငံက ကလေးတွေ က အောက် ခြေအလုပ်တွေပဲ ရနေတာတွေ ကြုံ နေရတယ်”ဟု NNER ကွန်ရက် မှရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဒေါက်တာ ညို ညိုသင်းက ပြောသည်။

မြန်မာနိုင်ငံ ပညာရေးအဆင့်အ တန်း မြင့်မားလာစေရန် ပညာရေး ၀န်ကြီး ဌာနမှ ချုပ်ကိုင်စီမံခန့်ခွဲနေ သည့် စနစ်အား လျှော့ချသင့်ကြောင်း ပြည်နယ်နှင့် တိုင်းများတွင်ရှိသော ပညာရေးဌာနများ၊ ကျောင်းများတွင် ဒေသနှင့် လိုက်ဖက် မည့် သင်ကြားပြ သမှုအပိုင်းများအား ကိုယ်ပိုင်စီမံခန့် ခွဲခွင့် ပေးရ မည်ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် ပညာရေးအဆင့်အတန်း မြင့်မားလာစေရန် ပညာရေးဝန်ကြီး ဌာနမှ ချုပ်ကိုင်စီမံခန့်ခွဲနေသည့် စနစ်အား လျှော့ ချသင့်ကြောင်း ပြည် နယ်နှင့် တိုင်းများတွင်ရှိသော ပညာ ရေး ဌာနများ၊ ကျောင်း များတွင် ဒေ သနှင့် လိုက်ဖက်မည့် သင်ကြားပြသ မှု အပိုင်းများအား ကိုယ်ပိုင်စီမံခန့်ခွဲ ခွင့် ပေးရမည်ဖြစ်ကြောင်း အစိုးရ အနေဖြင့် ပညာရေး အဆင့်အတန်း မြင့်မားလာစေရန် ပံ့ပိုးပေးသည့်အ ပိုင်းတွင်သာ ရှိသင့်ကြောင်းနှင့် ချုပ် ကိုင်သည့်နေရာ၌ ရှိမနေသင့်ကြောင်း ၎င်းကပြော သည်။

အရှေ့တောင်အာရှနိုင်ငံများ၌ ပညာရေးအဆင့်တန်း အနိမ့်ဆုံးဖြစ် ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပညာ ရေးသည် လက်ရှိတွင် မြန်မာနိုင်ငံ၏ အထက် တွင်ရှိနေကြောင်း National Network for Education Reform (NNER) ကွန်ရက်မှ ဆရာမ မဟောင်းစိုင်းကပြောသည်။

“ကျွန်မတို့မြန်မာနိုင်ငံရဲ့ ပညာ ရေးစနစ်က တခြားနိုင်ငံတွေမှာရှိတဲ့ ပညာရေး စနစ်နဲ့ ယှဉ်လိုက်ရင် အ ရမ်းကို နိမ့်ကျနေပါတယ်။ အရင် တုန်းက အရှေ့တောင် အာရှမှာ ပညာ ရေးစနစ် အနိမ့်ဆုံးဖြစ်တဲ့ ဘင်္ဂလား ဒေ့ရှ် လို နိုင်ငံမျိုးတောင် အခုလက်ရှိ မြန်မာနိုင်ငံရဲ့အထက်မှာရှိပါတယ်”ဟု မဟောင်းစိုင်း က ပြောသည်။

မြန်မာနိုင်ငံ၏ ပညာရေးစနစ် သည် ဗဟိုချုပ်ကိုင်မှုစနစ်ဖြစ်နေ သည့် အတွက် အောက်ခြေလိုအပ် ချက်ကို သိရှိရန် မလွယ်ကူသောကြောင့် ပညာရေး ၌ ဗဟိုချုပ်ကိုင်မှုစနစ်ကို လျှော့ချနိုင်မှသာ မြန်မာနိုင်ငံ၏ ပညာရေး အဆင့်အတန်း မြင့်မား မည်ဖြစ်သောကြောင့် ဗဟိုချုပ်ကိုင် မှုစနစ်ကို ပညာရေး ၌ လျှော့ချပေး ပေးရန် တောင်းဆိုနေရခြင်းဖြစ်သည် ဟု ၎င်းင်းက ဆက်ပြော သည်။

ပြည်ထောင်စုလွှတ်တော်မှ အ တည်ပြုလိုက်သည့် အမျိုးသားပညာ ရေး ဥပဒေ တွင် ပါဝင်နေသည့်အချက် များမှာ ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး ကွန်ရက် (NNER) ၏ မူဝါဒ များနှင့် ကွဲလွဲချက်များရှိနေကြောင်း NNER အဖွဲ့ဝင် တို့က ဆိုသည်။

(NNER) ၏ သဘောထားမှာ စစ်တက္ကသိုလ်နှင့် ဘာသာရေးကို သီးသန့် သင်ကြားပေးနေသော တက္က သိုလ်များမှလွဲ၍ အခြေခံပညာကဏ္ဍ အသက်မွေး ၀မ်းကြောင်း ပညာရေး ကဏ္ဍ၊ အခြားအဆင့်မြင့်ပညာရေး ကဏ္ဍများသည် ပညာရေးဝန်ကြီးဌာ နနှင့်သာ သက်ဆိုင်စေရမည်ဖြစ်ပြီး တက္ကသိုလ် ၊ ကောလိပ် များသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိမည်ဖြစ်သည်။

The Ladies News Journal

Viewing all articles
Browse latest Browse all 32865

Trending Articles


လုလုအောင် HD အသစ်


Washington DC မှာ MS-13 ဂိုဏ်းက အမျိုးသားတစ်ဦး ကိုခေါင်းဖြတ်သတ်


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>