Quantcast
Viewing all articles
Browse latest Browse all 32865

အင်ဂျင်နီယာ မလုပ်တဲ့ ပန်းချီဆရာရဲ့ စက္ကူတွေနဲ့ဖန်တီးတဲ့လက်ရာတွေ(ရုပ်-သံ)


ထိုင်းနိုင်ငံ ဘန်ကောက်က ABAC လို့လူသိများတဲ့ တက္ကသိုလ်ကနေ ကွန်ပျူတာအင်ဂျင်နီယာနဲ့ ဘွဲ့ရခဲ့တဲ့သူတစ်ယောက်ဟာ အင်ဂျင်နီယာအလုပ်ကို စွန့်လွှတ်ပြီး အခုတော့ Paper Cutting Artist အဖြစ် အသက်မွေးဝမ်းကျောင်းနေပါတယ်။ စက္ကူတွေကိုဖြတ်ညှပ်ကပ်ပြီး လက်နဲ့လုပ်တဲ့ အနုပညာပစ္စည်းတွေကို ဖန်တီးတဲ့ ထွေးအောင်လွင်ဟာ အခုတော့ ပထမဆုံး တစ်ကိုယ်တော်ပြပွဲကို စက်တင်ဘာ ၆ရက်နေ့မှာ ပြသနေပါပြီ။

ပန်းချီဆေးမပါဘဲ စက္ကူတွေကို ဖြတ်ညှပ်ကပ်ပြီး ပုံဖော်တဲ့ ရှားရှားပါးပါး အနုပညာရှင်တစ်ယောက် ပေါ်လာပါပြီ။ ကောက်ကြောင်းတွေ၊ လူမျက်နှာပေါ်က အရေးအကြောင်းတွေနဲ့ ဆံပင်တွေအထိ ဆေးလုံးဝ မသုံးဘဲ စက္ကူကိုအမျှင်လေးတွေအထိဖြတ်ပြီး ကပ်ထားတဲ့ သူ့ရဲ့အနုပညာဟာ အံ့မခန်းပါပဲ။ ပန်းချီပညာကို ဆရာ ဝင်းဖေမြင့်ဆီမှာ သင်ယူခဲ့တဲ့ ထွေးအောင်လွင်တစ်ယောက် ပုံကြမ်းအခံဆွဲရတဲ့အကြောင်း ရှင်းပြပါတယ်။

မလေးရှားနဲ့ စင်္ကာပူက မှာယူရတဲ့ စက္ကူအမျိုးအစားနဲ့ ကော်ကလည်း အရေးကြီးလို့ ကော်ရဖို့ ဘယ်လိုကြိုးစားခဲ့ရပုံကိုလည်း သူက ရှင်းပြပါတယ်။ စက္ကူတွေကို လိုချင်တဲ့ပုံရအောင် ဖြတ်ထုတ်ရတာ လက်ဝင်ပြီး အခက်အခဲများလွန်းလို့ အကြောပြတ်၊ ဓားရှထားတဲ့ အမာရွတ်တွေ လူ့လက်မှာ အများကြီးပါပဲ။ စက္ကူတွေ ကော်ပြန်မပေအောင်လည်း လုပ်ရပါသေးတယ်။

Paper Cutting Artist ထွေးအောင်လွင်ရဲ့ ပထမဆုံး တစ်ကိုယ်တော်ပြပွဲ Images by Paper Works ကို အလံပြဘုရားလမ်းပေါ်က Myanmar Ink Art Gallery မှာ စက်တင်ဘာ ၆ကနေ ၁၂အထိ ပြသနေပါတယ်။ ပြပွဲမှာ ရောင်းဖို့ရှိတဲ့ကားတွေပါသလို လက်ဆောင်ပေးဖို့ကားတွေလည်း ချိတ်ဆွဲထားပြီး အဲဒီပုံတွေကိုတော့ မရောင်းပါဘူး။ သခင်ကိုယ်တော်မှိုင်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်၊ ဦးကျော်သူ၊ ဦးသူရ (ခ)ဇာဂနာတို့ရဲ့ ပုံတူတွေအပါအဝင် စုစုပေါင်း ၂၉ကား ပြသထားပါတယ်။

လူပုံတွေများပြီး ရှုခင်းပုံတွေ နည်းရတဲ့အကြောင်းရင်းကိုလည်း သူက ရှင်းပြပါတယ်။
ုKamayut media

Viewing all articles
Browse latest Browse all 32865

Trending Articles


“မှတ်ပုံတင်နှင့် လပေးမှသည် အပေါင်ဆိုင်သို့ ”


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


မြန်မာဘီယာသံဘူး ကံစမ်းမဲကာလ တဘူးကျပ် ၁၃၀၀ အထိ ဈေးမြင့် လိုအပ်သည့်အရေအတွက်...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကြောင့် အကောင်အထည် မပေါ်ခဲ့သော အတိုင်ပင်ခံ...


အိမ်သာထဲ၌ ဆယ်ကျော်သက်အရွယ်ခယ်မလေးကို အဓမ္မကျင့်နေတုန်း ယောက္ခမနဲ့ မိသောအခါ


TTA Oreo Gapp Installer


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


မြန်မာစစ်တပ်ရဲ့...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>