Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဂျပန်အစိုးရအဖွဲ့သစ်တွင် အမျိုးသမီးဝန်ကြီး ၅ ဦးပါဝင်လာမည်ဟုဆို

$
0
0
ဂျပန်အစိုးရအဖွဲ့သစ်၏ အဖွဲ့ဝင် ၄ ပုံ ၁ ပုံကျော်မှာ အမျိုးသမီးများ ဖြစ် လာမည်ဖြစ်ပြီး အဆင့်မြင့်ပညာတတ် အမျိုးသမီးများအတွက် အကောင်းဆုံး နမူနာ ဖြစ်လာမည်ဟုဆိုသည်။ ဂျပန်ဝန်ကြီး ချုပ်ရှင်ဇိုအာဘေးက အစိုးရ အဖွဲ့တွင် အမျိုးသမီးဝန်ကြီး ၅ ဦးခန့်အပ်ခဲ့ပြီး ဂျပန်သမိုင်းတွင် အများဆုံး အရေအ တွက်နှင့် တူညီခဲ့သည်။ ရှင်ဇိုအာ ဘေးက လုပ်သားအင်အားပြတ်လပ် မှုကို ဖြည့်ဆည်းရန် ၂၀၂၀ အရောက် တွင် စီးပွားရေးနှင့်နိုင်ငံရေး ထိပ်တန်း နေရာများ၏ ၃၀ ရာခိုင်နှုန်းတွင် အ မျိုးသမီးများ နေရာယူနိုင်စေရန် လုပ် ဆောင်သွားမည်ဟု ကြေညာခဲ့ပြီး နောက်တွင် ထိုသို့ အမျိုးသမီးဝန်ကြီး များ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်က “အရာရာကို အ မျိုးသားတွေအမြင်နဲ့ ကြည့်နေတာ ကို ပြောင်း ရပါမယ်။ ကျွန်တော်တို့ အသုံးမပြုဘဲရေးတဲ့ တန်ဖိုးအရှိဆုံး အရင်းအမြစ်က အမျိုးသမီးတွေရဲ့ စွမ်းရည်ပါ။ ဂျပန်ဟာ အမျိုးသမီးတွေ တောက်ပဖို့ အခွင့်အရေးပေးရပါမယ်” ဟု ပြောကြားခဲ့သည်။ အစိုးရစာရင်း များအရ မန်နေဂျာ အဆင့်အလုပ်များ ၏ ၁၁ ရာခိုင်နှုန်းတွင်သာ အမျိုးသ မီးများ ခန့်အပ် ထားပြီး အမေရိကန် တွင် ၄၃ ရာခိုင်နှုန်း၊ ပြင်သစ်တွင် ၃၉ ရာခိုင်နှုန်း တို့နှင့် နှိုင်း ယှဉ်ကြည့် နိုင်သည်။ ဂျပန်နိုင်ငံတွင် အလုပ်လုပ် နိုင်သည့် လူဦးရေ ကျဆင်းလာနေပြီး အငြိမ်းစားဦးရေများပြားလာနေသ ဖြင့် အခွန်ရရှိမှုလည်း ကျဆင်းလာ နေသည်။

အကယ်၍ အမျိုးသမီးများ အချိန်ပြည့်အလုပ်လုပ်ကိုင်မှု များ ပြားလာပါက ထို အခြေအနေအား သိ သိသာသာ သက်သာစေမည်ဟု စီး ပွားရေး ကျွမ်းကျင်သူများကဆိုသည်။ ၂၀၁၂ ဒီဇင်ဘာတွင် အာဘေးအာဏာ ရပြီးနောက်ပိုင်း ယခုဝန်ကြီးအ ဖွဲ့ပြောင်းလဲမှုမှာ ပထမဆုံးအကြိမ် ဖြစ် သည်။

KHTun

The Ladies News Journal

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>