Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးကို ပြည်သူအများ စိုးရိမ်

$
0
0

ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီကာလတွင် မြန်မာနိုင်ငံအနှံ့အပြားသို့ စည်းရုံးရေးခရီးစဉ်ထွက်ခွာနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ပြည်သူအများက စိုးရိမ်ပူပန်နေကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အနည်းဆုံး ခရီးတစ်ခေါက် ထွက်ခွာမည်ဟု ကြေငြာထားသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယင်းလုံခြုံရေးအတွက် သူမကိုယ်တိုင် ဂရုစိုက်ခြင်းမရှိသည်ကို တွေ့မြင်နေရကြောင်း ယင်း၏ခရီးစဉ်များကို လိုက်ပါသတင်းယူလေ့ရှိသည့် သတင်းစာဆ ရာ တစ်ဦးက ဆိုသည်။

“လမ်းတွေမှာ ပန်းစည်းတွေပေးတာတို့၊ နမ်းတာတို့က အန္တရာယ်များတယ်။ ဒီလိုမလုပ်သင့်ဘူး။ ဘေးမှာက လုံခြုံရေးလည်းမရှိတော့ အကွက် ချောင်းနေတဲ့သူတွေက အန္တရာယ် ပြုလိုက်နိုင်တယ်။”ဟု ၎င်းက ပြောကြားသည်။

ခရီးစဉ်ထွက်နေစဉ်အချိန်တွင်း လမ်းမှစောင့်ကြိုနေသည့် ပြည်သူများနှင့်ထိတွေ့ရန် ကားရပ်ခိုင်းခြင်းကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်စေ ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

လူချစ်၊လူခင်များသည့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပါတီအောင်နိုင်ရေး ခရီးထွက်ခွာနေခြင်းကြောင့် သူမနှင့် သူမ၏ပါတီ လွှတ်တော်ထဲ ရောက်ရှိလာခြင်း မရှိစေရန် ကြံရွယ်နေသူများက လုပ်ကြံရန်မှာ အခွင့်အလမ်းများစွာ ရှိနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အငြိမ်းစားယူခဲ့သူ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည် ဘယ်သွားမယ်ဆိုတဲ့လမ်းကြောင်းကို သူမရဲ့လုံခြုံရေးတွေအနေနဲ့ သိထားသင့်တယ်။ ပြီးတော့ သူသွားမယ့် လမ်း ကြောင်းမှာ ဘယ်နေရာက လူပြတ်တယ်။ ရွာမရှိဘူး။ ဘယ်နေရာက အထပ်မြင့်တွေ ၀ိုင်းနေတယ်။ ဘယ်လမ်းကနေ သွားမယ်ဆိုရင် တံတားအောက်ကို ဖြတ်သင့်တယ်ဆိုတာတွေ ကြိုပြင်ဆင်သင့်တယ်။ ပြီးတော့ သူမကို ပြည်သူတွေ ပန်းစည်းပေးရင် သူ့အစား လုံခြုံရေးတစ်ယောက်က အရင်ယူသင့် တယ်”ဟု ယင်းရဲအရာရှိက ဆိုသည်။

တိုင်းပြည်၏ အပြောင်းအလဲတစ်ခုကို ဖော်ဆောင်နေသည့် သူမသည် ယခုအချိန်တွင် အစွန်းရောက်သမားများ၏ အန္တာရယ်ကို စိုးရွံ့သင့် ကြောင်း ၎င်းမှဆက်လက် ပြောကြားသည်။

“သူမရဲ့ လုံခြုံရေးတွေ လုပ်သင့်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူကြားမှာ ကြားခံဖြစ်သင့်တာပဲ၊ ဒါမှ သူမအတွက် အန္တရာယ်လျော့မယ်” ဟု ယင်းရဲအရာရှိက အကြံပြုသည်။

ကမ္ဘာ့နိုင်ငံရေး ဖြစ်ရပ်များတွင် ဒီမိုကရေစီ အားကောင်းပြီး၊ လုပ်နိုင်စွမ်းအားနည်းပါက လုက်ကြံသတ်ဖြတ်မှုများ ဖြစ်တတ်သည်မှာ ဖြစ်လေ့ဖြစ် ထရှိသည့် အခြေအနေဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံဖြိုးရေးအဖွဲ့မှ ဦးတင်မောင်သန်း(သင့်ဘဝ)က ဆိုသည်။

KS( transparency myanmar )



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>