တက္ကသိုလ်ပေါင်းစုံကကျောင်းသားသမဂ္ဂတွေစုပြီး ဗဟန်းမြို့နယ်မှာရှိတဲ့ အဆင့်မြင့်ကွန်ပျူတာ တက္ကသိုလ်က ကျောင်းသားတွေကို အငြင်းပွားဖွယ်ဖြစ်နေတဲ့ အမျိုးသားပညာရေးဥပဒေကြမ်းကို ဘာ့ကြောင့်ကန့်ကွက်ရသလဲဆိုတာ စက်တင်ဘာ ၁ဝရက်နေ့က ရှင်းပြဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဥပဒေကြမ်းကန့်ကွက်တဲ့ လှုပ်ရှားတဲ့မှုအစီအစဉ်တွေကို အစိုးရအာဏာပိုင်တွေက သတင်းကြိုရနေပြီး ဟန့်တားနှောင့်ယှက်မှုတွေရှိနေတာမို့ ကျောင်းသားတွေက ကြောက်စိတ်ဝင်နေကြတယ်လို့ သမဂ္ဂကျောင်းသားတွေက ပြောပါတယ်။
သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနလက်အောက်က ကွန်ပျူတာတက္ကသိုလ်တွေ စာမေးပွဲဖြေဆိုနေချိန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေမှာ အာဏာပိုင်တွေက ပညာရေးဥပဒေကြမ်း ထောက်ခံဖို့ ကျောင်းသားတွေကို အဓမ္မ လက်မှတ်ထိုးခိုင်းနေတာတွေ ရှိတယ်လို့ ကိုဇေယျာလွင်က ဆိုပါတယ်။ ဒီဥပဒေကြမ်းကို ကျောင်းသားတစ်စုကပဲ ကန့်ကွက်နေတာမဟုတ်ဘဲ ကျောင်းသားအားလုံးကို ကိုယ်စားပြုတဲ့ သမဂ္ဂတွေက ကန့်ကွက်နေတာလို့ ပြောပါတယ်။
အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်မှုနဲ့ပတ်သက်ပြီး ကျောင်းသူကျောင်းသားတွေ ပူးပေါင်းဆောင်ရွက်တာ အားနည်းတဲ့အပေါ် စိတ်ပျက်တယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကထ မအိဆွေမြတ်က ပြောပါတယ်။ ဥပဒေကြမ်းဟာ အပေါ်ယံကြည့်ရင် ကောင်းတယ်လို့ထင်ရပေမယ့် သေသေချာချာဖတ်ရင်တော့ အားနည်းချက်တွေအများကြီးကို တွေ့နိုင်ပြီး တက္ကသိုလ်တွေကို လွတ်လပ်ခွင့် မပေးထားဘူးလို့ ဆိုပါတယ်။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ဒီဥပဒေကြမ်းဟာ ကျောင်းသားတွေရဲ့သဘောထား လုံးဝမပါဝင်တာကြောင့် အားလုံးပါဝင်တဲ့ ဥပဒေကြမ်းတစ်ခုပေါ်လာတဲ့အထိ လုပ်သွားမယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက ကိုပိုင်ရဲသူက ပြောပါတယ်။ ဘွဲ့ဝတ်စုံတွေဝတ်ပြီး ဆန္ဒပြတယ်ဆိုတာ Performance တစ်ခုဖြစ်ပြီး ဘွဲ့ဝတ်စုံဝတ်ပြီး ဆန္ဒပြတဲ့သူတွေအပေါ် ဝေဖန်သူတွေက ကျောင်းသားတွေ ဘာတွေတောင်းဆိုနေလဲဆိုတာ
Kamayut media