Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တောင်သမန်အင်း ရေတိုးမြင့်ချိန် ဦးပိန်တံတားအလှနှင့် ဆည်းဆာရှုခင်းအား လာရောက်ကြည့်ရှုလေ့လာသူ ခရီးသွားဧည့်သည်များဖြင့် စည်ကားများပြား

$
0
0
ယခု အခါ မန္တလေး အမရပူရမြို့နယ် တောင်သမန်အင်း ရေကြီးချိန်ဖြစ်၍ ဦးပိန်တံတားအလှနှင့် ဆည်းဆာအ လှရှုခင်းအား လာရောက်ကြည့်ရှုလေ့ လာသူ ပြည်တွင်းပြည်ပဧည့်သည် များဖြင့် စည်ကား များပြားလျက်ရှိ ကြောင်း ငှက်လှေငှားရမ်းသူတစ်ဦး က ပြောကြားခဲ့သည်။
နှစ်ပေါင်း ၁၆ဝကျော်သက်တမ်း ရှိပြီး ကမ္ဘာကျော်သစ်သားတံတား တစ်ခုဖြစ်သည့် တောင်သမန်အင်း၏ သမိုင်းဝင် ဦးပိန်တံတားသို့ နေ့စဉ် နိုင်ငံခြားသားခရီးသည် ၁ဝဝကျော် လာရောက်လည်ပတ်လျက်ရှိပြီး ရေ တိုးမြင့်ချိန်တွင် တောင်သမန်အလှ ကြည့်ရှုခံစားလိုသော ဧည့်သည်များ ဖြင့် စည်ကားလျက်ရှိသည်။
ယခုနှစ်မိုးရာသီတွင် ဧရာဝတီ မြစ်ရေတိုးလာမှုကြောင့် တောင်သ မန်အင်းအတွင်း ရေတိုးမြင့်လာ၍ ဦးပိန်တံတားရှိ အခန်းအမှတ်(၁၅၉) မှ တိုင်နှင့် ထောက်တိုင်နှစ်လုံးကျွတ် ၍ မျောပါသွားသဖြင့် ယင်းတိုင်နှစ် တိုင်အား ဆယ်ယူခဲ့ကြသည်။

ဆယ်ယူခဲ့သည့်တိုင်နှစ်တိုင်မှာ ဆွေးမြည့်ပြီး ပြန်လည်အသုံးပြု၍ မရတော့သဖြင့် ၁၇ပေနှင့် ၁၂ပေရှိ မျောတိုင်များ အသစ်ဝယ်ယူ၍ အ စားထိုးတပ်ဆင်ခဲ့ရမှုကြောင့် မြန်မာ နိုင်ငံတွင် သမိုင်းဝင်အမွေအနှစ်တစ် ခုအဖြစ် ယနေ့တိုင်တည်ရှိနေသည့် ဦးပိန်တံတား ရေရှည်တည်တံ့ခိုင်မြဲ ရေးအတွက် ထိန်းသိမ်းခြင်းလုပ်ငန်း များကို တိုးမြှင့်ဆောင်ရွက်ရန် လို အပ်လျက်ရှိသည်။

''အရင်လတွေက နိုင်ငံခြား သားဧည့်သည် လာရောက်လည်တာ အလွန်နည်းပါးပါတယ်။ ဒီလအတွင်း နိုင်ငံခြားသား ၁ဝဝနှင့် ၂ဝဝကြား နေ့စဉ်ဝင်ထွက်လျက်ရှိပါတယ်။ နိုင်ငံ ခြားသားဧည့်သည်တွေကို ကျွန်တော် တို့က ငှက်လှေစီးချိန် အန္တရာယ်မဖြစ် အောင် တစ်စင်းလျှင် နှစ်ယောက်ပဲ တင်ပါတယ်။ ပြည်တွင်းဧည့်သည်တွေ ဆိုရင်တော့ တစ်စင်းလျှင် လေး ယောက်နှုန်းတင်ပါတယ်''ဟု ငှက်လှေ သမားတစ်ဦးက ပြောသည်။

''ပြည်တွင်းပြည်ပဧည့်သည် တွေ လာငှားရင် ဦးပိန်တံတားအ လယ်ဇရပ်အထိကို ငှက်လှေတစ်စင်း လျှင် ကျပ် ၆ဝဝဝနှုန်းယူပါတယ်။ ကျွန်တော်တို့က တောင်သမန်အင်း အတွင်း ခရီးသည်တွေ အန္တရာယ် မဖြစ်အောင် ပို့ဆောင်ပေးရတာပါ။ တချို့ဧည့်သည့်တွေက တခြားနေရာ တွေကိုလဲ လိုက်ပို့ခိုင်းတာရှိတဲ့အတွက် အန္တရာယ်ရှိတဲ့နေရာတွေကိုရှောင် ပြီး ပို့ပေးရတာတွေ ရှိပါတယ်''ဟု ၄င်းက ထပ်မံဆိုသည်။

''မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသားဧည့် သည်များတွင် ထိုင်းနိုင်ငံက အများ ဆုံးဖြစ်ပြီး ကိုရီးယားနှင့် ဂျပန်တို့က ဒုတိယအများဆုံးဖြစ်ပါတယ်။ မန္တ လေးမြို့ကို လာရောက်လည်ပတ်တာ အများဆုံးပါပဲ။ ပလိပ်မှာ ငှက်ကြည့် တာတို့၊ ဧရာဝတီမှာ ငှက်ကြည့်တာ တို့ လေ့လာမှုလာလုပ်တာတွေရှိ တယ်။ မြန်မာနိုင်ငံသားတွေအတွက် နေထွက်တာက မင်္ဂလာတစ်ပါးဖြစ် ပေမယ့် နိုင်ငံခြားသားတွေကတော့ နေဝင်တာကို အဓိကထားကြည့်တာ ပါ''ဟု ဧည့်လမ်းညွှန် ကိုဥာဏ်က ပြောကြားခဲ့သည်။

AXE

#Democracytdoay

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Viewing all articles
Browse latest Browse all 32865

Trending Articles


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


စနေမင်း နှင့် တနင်္ဂနွေမင်း


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်


အိမ်တွင်း နတ်အတွက် အိမ်တွင်း အုန်း ထားသင့် မထားသင့်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


♪ ဂစ်တာတီးခတ်နည်းစာအုပ်များစုစည်းမှု (မြန်မာလိုစာအုပ်များ) ♫


မြန်မာညစ်ညမ်းဗီဒီယို ထုတ်လုပ်မှု ရဲတပ်ဖွဲ့ စတင်စုံစမ်းစစ်ဆေး


“ရွှေဒင်္ဂါးပြား ရှုံးသွားသလား မြတ်သလား”


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အမျိုးကောင်း သမီးတွေ ဖြစ်ကြစေဖို့


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


အကြောတစ်ထောင်ရွက်


နာမည်ကြီးနေတဲ့ ဆယ်လီတက္ကသိုလ်ကျောင်းသူ အချောလေးများ