Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပီအာ၊ ၄၃၆ ပြင်ဆင်ရေးနှင့် ၅၉ (စ) ပြင်/မပြင် တို့ကို ပြည်သူများ အထူး စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိ

$
0
0
၁၁ ကြိမ်မြောက် ပြည်သူ့လွတ်တော် အစည်းအဝေးများ စက်တင်ဘာလ ၁၁ ရက်နေ့ ကြာသပတေးနေ့တွင် ပြန်လည်စတင်ခဲ့ပြီဖြစ်သည်။ ယခုတခါ လွှတ်တော်တွင် မည်သို့ မည်ပုံ ခရီးဆက်ကြမည်ကို ပြည်သူအများက အထူး စိတ်ဝင်စားလျက် ရှိကြသည်။ အထူးသဖြင့် အခြေခံ ဥပဒေပြင်ဆင်ရေး၊ အချိုးကျ ရွေးကောက်ပွဲစနစ်များ မည်သို့မည်ပုံ ရှေ့ဆက်မည်ကို အထူး စိတ်ဝင်စားလျက် ရှိသည်။

တစ်ချိန်တည်းမှာပင် မျိုးစောင့်ဥပဒေကော်မရှင်၏ လေ့လာသုံးသပ်ချက်များ မည်သို့ မည်ပုံ ထွက်ပေါ်လာဦးမည်နည်း ဟုလည်း မျှော်လင့်လျက်ရှိသည်။ ထို့အပြင် ပုဒ်မ ၄၃၆ ပြုပြင်ရေး အတွက် NLD နှင့် ၈၈ ငြိမ်းပွင့်အဖွဲ့တို့ ဦးဆောင် စုဆောင်းထားသည့် မဲဆန္ဒရှင် ၄၉ သိန်းတို့၏ လက်မှတ်များ ကို လွှတ်တော် နှင့် သက်ဆိုင်ရာ ကော်မရှင်များက မည်သို့ ကိုင်တွယ်မည်ကို စိတ်ဝင်စားလျက်ရှိကြ သည်။

အတိတ်မှ အာဏာရှင်စနစ် အမည်းစက်များသာမက လက်ရှိအစိုးရလက်ထက် မှာပင် မြေသိမ်း ယာသိမ်းကိစ္စများ၊ အကျင့်ပျက် ခြစားမှုများ၊ လက်သင့်ရာ စားတော်ခေါ်မှု များနှင့် မီဒီယာများ တွင် ပြည့်လျက်ရှိသော အာဏာရ ပြည်ခိုင်ဖြိုး ပါတီနှင့် ၁၉၉၀ အနိုင်ရ NLD ပါတီတို့၏ ၂၀၁၅ ရင်ဆိုင်တိုက်ပွဲခေါ်သံများ ကလည်း ပြည်သူများအကြား ဆူညံလျက်ရှိသည်။

၂၀၀၈ အခြေခံဥပဒေအား လေ့လာသုံးသပ်နေသည့် ကော်မတီ၏ အကြံပြု ချက်အား ယခု ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် တင်သွင်းမည်ဟု သိရသည်။ အခြေခံ ဥပဒေ ပြင်ဆင်မှုတွင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ တင်မြှောက်ခွင့် ပိတ်ပင်ထားသည့် ပုဒ်မနှင့် ပတ်သက်သည့် အကြောင်းအရာမှာ စိတ်ဝင်စားမှုခံရသည့် အကြောင်းရာဖြစ်သည်။

အခြေ ခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီအတွင်း အဓိက သဘောထား ကွဲလွဲ ရသည့်အကြောင်းရာမှာ အခြေခံဥပဒေပြင်ဆင်ရေးတွင် စစ်တပ်အား ဗီတိုအာဏာ အပ်နှင်း ထားသည့် ပုဒ်မ ၄၃၆ အရေးဖြစ်သည် ဟုဆိုသည်။ အခြေခံ ဥပဒေပြင်ဆင်ရန် လွှတ်တော် အမတ် ၇၅ ရာခိုင်နှုန်း ၏ ထောက်ခံမှု အစား ၃ ပုံ ၂ ပုံ၏ ထောက်ခံမှုဟု ပြင်ဆင်ရန် ကော်မတီ အတွင်းရှိ တပ် မတော်သား ကိုယ်စားလှယ် ၃ ဦးက သာ ဆန့်ကျင်ခဲ့သည်ဟု အမည်မဖော် လိုသည့် ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

သြစတြေးလျ အမျိုးသားတက္ကသိုလ်၊ အာရှနှင့် ပစိဖိတ်ဆိုင်ရာကောလိပ်မှ ထရီဗာဝီလ် က “ဒါဟာ ကမ္ဘာ အနှံ့က ဒီမိုကရေစီနိုင်ငံ အများစု မှာ မျှော်လင့်နိုင် တဲ့ အများစုထောက်ခံမှု ပမာဏဖြစ်ပါတယ်” ဟု ပြောကြားခဲ့ သည်။ ၂၀၀၀-၂၀၀၃ ကာလတွင် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ် အဖြစ် တာဝန်ထမ်းဆောင် ခဲ့သော ၀ီလ်ဆင်က “ဒီလို သတ်မှတ်မှ သာလျှင် အခြား ဒီမိုကရေစီနိုင်ငံတွေ ရဲ့ အခြေခံဥပဒေတွေနဲ့ စံချိန်ကိုက်ညီစေပါတယ်” ဟု ပြောကြား ခဲ့သည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ရရှိနိုင်သည့် ပြင်ဆင်မှုကို မပြုလုပ်လျှင်လည်း ပါတီ ခေါင်းဆောင်နေရာတွင် သမ္မတဖြစ် ခွင့်ရှိသူ အခြား တစ်ဦး အစားထိုးမှုရှိမည် မဟုတ်ဟု အများက သုံးသပ်လျက် ရှိကြ သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူအများက လူထုခေါင်းဆောင် အဖြစ် သတ်မှတ်ထားမှုကြောင့် ပါတီ က သူမအား အစားထိုးလိုခြင်း ရှိမည် မဟုတ်ဟု ထင်မြင်ယူဆလျက် ရှိသည်။

“ NLD က ဒေါ်အောင်ဆန်းစုကြည်ကို အစားထိုးဖို့၊ ဆက်ခံဖို့ အခြားတစ်ဦး တစ်ယောက် ကို ရွေးချယ်မှာ မဟုတ် ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကို လေးစားတဲ့ အတွက် သူ့ရဲ့ ခေါင်းဆောင်မှုနဲ့ နေရာကို စိန်ခေါ်ဖို့ စဉ်းစားမှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပါတီခေါင်းဆောင်အဖြစ် တည်ရှိခြင်းက လူထု၏ ယုံကြည်စိတ်ချမှု၊ အားကိုးမှု နှင့် ရွေးကောက်ပွဲ အောင်နိုင်မှုအတွက် အရေးကြီးတဲ့ အချက်ဖြစ်နေဆဲပါပဲ” ဟု ၀ီလ်ဆင် က ထပ်လောင်း ပြောကြား ခဲ့သည်။

သမ္မတ ရာထူးအစား ဥပဒေပြုလွှတ်တော်ဥက္ကဋ္ဌ တစ်နေရာရာအား ဦးတည် လျှင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအရ အရေးပါမှုနှင့် လုပ်ပိုင်ခွင့်တို့မှာ ဆက်လက် တည်ရှိနေမည်လား ဆိုသည်မှာ စိတ်ဝင်စားစရာဖြစ်သည်။ “ဒီလို ပုံစံကို ဒေါ်စု နှစ်သက် မလား ဆိုတာ ဘယ်သူမှ မသိပါဘူး။ ၅ နှစ်လောက် ဒီလို လုပ်ဖို့ သူမ မဖြစ်ချင်တာလည်း ဖြစ်နိုင် ပါတယ်” ဟု ၀ီလ်ဆင်က သုံးသပ် ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သား ၂ ဦးဖြစ်သော သားအငယ် ကင်မ် နှင့် သားအကြီး အလက်စန္ဒား တို့က ၁၉၇၀ ပြည့်လွန်နှစ်များတွင် ယူကေ၌ မွေးဖွား ခဲ့သူများဖြစ်သည်။ ၎င်း တို့၏ မြန်မာနိုင်ငံသားဖြစ်တည် မှုအား ၁၉၈၉ ခုနှစ် က စစ်အစိုးရမှ အကြောင်းမဲ့ ပယ်ဖျက်ခြင်း ခံခဲ့ရပြီးနောက်ပိုင်း ၄င်းတို့မှာ ဗြိတိန်နိုင်ငံသားအဖြစ် ခံယူခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ် ရွေးချယ်ခံခွင့်ရှိရန် သားဖြစ် သူများ အနေဖြင့် မြန်မာနိုင်ငံသား လျှောက်ထားခြင်း ပြုလုပ်နိုင်ဟု အမျိုးသား လွတ်တော် အမတ် ဦးလှဆွေ က မှတ်ချက်ပြုခဲ့သည်။

သို့မဟုတ် သားအဖြစ်မှ တရားဝင် စွန့်လွှတ်ခြင်း ဖြင့် နိုင်ငံအတွက် အနစ်နာခံ သူအဖြစ် လူထု ထောက်ခံမှု၊ စာနာသနားမှုတို့ကို ပိုမိုပင်ရရှိနိုင်သည်ဟု အချို့ အကြံပြုခဲ့သည်။

နအဖ စစ်အစိုးရလက်ထက်က ဗိုလ်ချုပ် ခင်ညွန့်သည် စင်ကာပူနိုင်ငံသူ နှင့် လက်ထပ်ခဲ့သော သားဖြစ်သူအား အစိုးရ သတင်းစာများတွင် လူသိ ရှင်ကြား ကြေငှာပြီး စွန့်လွှတ်ခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် သားဖြစ်သူ အား ပုဂံတယ်လီပို့စ် ကဲ့သို့ ကြီးမားသည့် စီမံကိန်းကြီးများ လုပ်ကိုင်ခွင့်ပေးခြင်း ကဲ့သို့ မျက်နှာသာပေးမှုများ ပြန်လည်ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ထိုသို့ ပြုလုပ်မည်မဟုတ်ဟု ၀ီလ်ဆင်က သုံးသပ် သည်။ အမှန်မှာ သား နှစ်ယောက် ကို မြန်မာနိုင်ငံသား အဖြစ်မှ စစ်အစိုးရ ဖျက်သိမ်းခဲ့သည့်အတွက် ဥပဒေကြောင်း အရ ၎င်းတို့မှ ၎င်းတို့ ဆန္ဒ အရ ပြန်လည် လျှောက်ထားနိုင်ခွင့် ရှိ မရှိ မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လူကြီးပိုင်း အသက်ရောက်နေပြီ ဖြစ်သည့် သူမနှင့် နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ရသည့် သားများကို ဟန်ပြသဘောမျိုးဖြင့် စွန့်လွှတ်ကြောင်း ကြေညာမည် မဟုတ်ချေ။

၂၀၁၄ အတွင်း ကျင်းပခဲ့သည့် ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ တစ်ခု တွင် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါကိစ္စနှင့် ပတ်သက်၍ ပထမဦးဆုံး အကြိမ် အဖြစ် ပြည်သူအား ဖွင့်ဟပြောကြားခဲ့ပါသည်။ သူမက သားနှစ်ယောက် ကို မွေးကာစကပင် လန်ဒန်ရှိ မြန်မာနိုင်ငံသံရုံးတွင် မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားခြင်းဖြစ်ပြီး န၀တ စစ်အစိုးရက သားနှစ်ဦး၏ မြန်မာနိုင်ငံသား ပတ်စ်ပို့စ်များကို မသိမ်းယူခင် အထိ မြန်မာနိုင်ငံသားများသာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

"သူမရဲ့ အမြင်တွေက ခိုင်မာပါ တယ်။ ဒီကန့်သတ်ချက်ဟာ ဒီမိုကရေစီ နည်းလမ်း မကျတဲ့ အတွက် ပြင်ဆင်သင့်ပါတယ် သူမက အခိုင်အမာ ပြောဆိုထားပါတယ်"ဟု ၀ီလ်ဆင်က ဆိုသည်။

အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အကြံပြု ချက်များအား ဆောင်ရွက် ရန် အချိန်ယူရမည်ဖြစ်သည်။ “ကော်မတီရဲ့ အကြံပြုချက်တွေ ကို လွှတ်တော်မှာ ဆွေးနွေးပြီး ပုဒ်မတစ်ခုစီအလိုက် မဲခွဲဖို့ မျှော်လင့်ရပြီး အခြေခံ ဥပဒေပြု ပြင်မှု ဥပဒေကြမ်း ရေးဆွဲ ဖို့ ကော်မတီတစ်ခု ဖွဲ့စည်းရပါမယ်လိမ့်မယ်” ဟု ၀ီလ်ဆင်က သုံးသပ် ခဲ့သည်။

ပြည်သူ၏ လိုလားချက်များကို အာဏရပါတီနှင့် ၎င်းင်းတို့၏မိတ်ဖက် စစ်တပ် အသိုင်းအ၀ိုင်းမှ ဘယ်၍ ဘယ်မျှ လိုက်လျောမည်ဆိုသည်ကို လအနည်းအတွင်း တစ်ကမ္ဘာလုံးက မြင်တွေ့ ရတော့မည် ဖြစ်သည်။

KHTun

Ref : sbs.com.au

The Ladies News Journal
မျက်နှာဖုံး သတင်း၊ အတွဲ ၂ အမှတ်စဉ် ၃၀၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>