Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဒီနေ့မြ၀တီမှာတွေတဲ့ ချိန်ကိုက်မိုင်း.(ဓာတ်ပုံ)

$
0
0
ဒီနေ့မနက် ၆ နာရီခွဲအချိန်က မြ၀တီမြို့ ချစ်ကြည်ရေးတံတားအနီးမှာ အဝေးထိန်းစနစ်မပါတဲ့ ချိန်ကိုက်မိုင်းတလုံးကို အာဏာပိုင်တွေက တွေရှိခဲ့ပါတယ်။

ဒီမိုင်းကို စစ်မြေပြင်အင်ဂျင်နီယာတပ်စိတ်က တပ်ကြပ်ကြီးသိန်းကျော်နဲ့အဖွဲ့က အဲဒီချိန်ကိုက်မိုင်းကို ဖြတ်တောက်ပြီး အသက်မဲ့မှုပြုလုပ်ခဲ့ကြပါတယ်။

အဲဒီမိုင်းကို နာရီဒိုင်ခွက်အသုံးပြုပြီး AA ဓာတ်ခဲများ အသုံးပြုကာ ထောင်ထားတာဖြစ်ပြီး လူစည်ကားတဲ့အချိန်မှာ ပေါက်ကွဲနိုင်ဘို့အတွက် အချိန်ပေးထားတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

အာဏာပိုင်များရဲ့ သုံးသပ်မှုတွေအရ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကို ချက်ဆီးဘို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ထောင်ထားတာမဟုတ်ဘဲ ပြည်တွင်းပြည်ပက အဖျက်အမှောက် လုပ်ရပ်တွေကို ဆောင်ရွက်လိုတဲ့အဖွဲ့တွေက နိုင်ငံရေးသိက္ခာ ကျဆင်းဘို့အတွက် ချစ်ကြည်ရေးတံတားနဲ့နယ်စပ်ဝင်ပေါက်အနီးမှာ ထောင်ထားတယာဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။

အာဏာပိုင်တွေဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တာဆိုပြီး စွပ်စွဲပြောဆိုမှုတွေ မရှိသေးပါဘူး။

အာဏာပိုင်တွေဘက်ကတော့ ချစ်ကြည်ရေးတံတား ကုန်သွယ်ရေးဇုန်အပါအ၀င် မြို့တွင်း အရေးကြီးနေရာတွေကို မိုင်းရှာဖွေရှင်းလင်းခြင်း အသေးစိပ်လုပ်ဆောင်နေပါတယ်။

ဒီချိန်ကိုင်မိုင်းကို ဒီနေ့မနက် ၆ နာရီခွဲမှာ စည်ပင်သန့်ရှင်းရေး အလုပ်သမတဦးက တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာပါ။

မနေ့တနေ့တုံးကလဲ ကရင်င်ြမ်းချမ်းရေးအဖွဲ့တခုကနေ မြ၀တီကုန်သွယ်ရေးဇုန်ကို ပစ္စည်းလာပို့တဲ့ ကုန်တင်ကားကြီး အစီ ၃၀ ကို ပိတ်ဆို့မှုတခုလုပ်ခဲ့ပါသေးတယ်။

အဲနောက်ပိုင်း ဒီကနေ့မှာ မြ၀တီမြို့ ထဲ ချိန်ကိုက်မိုင်းတွေ့ရှိတဲ့အတွက် မြို့ ခံတွေကတော့ မလိုလားအပ်တဲ့ ပြဿ နာတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြတယ်လို့ မြို့ ခံအချို့ က ပြောဆိုကြပါတယ်။

ပုံစာ - ဒီနေ့တွေ့ရှိတဲ့ ချိန်ကိုက်မိုင်းကို စစ်ပြေပြင်အင်ဂျင်နီယာတပ်စိပ်က တပ်ကြပ်ကြီးသိန်းကျော်နဲ့အဖွဲ့ ရှင်းလင်းဖယ်ရှားနေတာပါ။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>